စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့် စက်မှုဇုန်ဥပဒေကြမ်း ကြန့်ကြာနေသည့်အတွက် စက်မှုဇုန်များတွင် အခက်အခဲများစွာ ကြုံတွေ့နေ

စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့် စက်မှုဇုန်ဥပဒေကြမ်း ကြန့်ကြာနေသည့်အတွက် စက်မှုဇုန်များတွင် အခက်အခဲများစွာ ကြုံတွေ့နေ - Property News in Myanmar from iMyanmarHouse.com
7 Feb 2018 11:01 am တွင် တင်ခဲ့သည်
5707 ကြိမ် ကြည့်ရှု့ပြီး
စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆောင်ရွက်ရန် စက်မှုဇုန်ဥပဒေကြမ်းမှာ ကြန့်ကြာနေသည့်အတွက် ဥပဒေအားနည်းမှုကြောင့် ထိရောက်စွာ စီမံခန့်ခွဲနိုင်မှုမရှိခြင်းနှင့် အခက်အခဲများ ကြုံတွေ့နေရသဖြင့် ဇုန်များအား အကောင်အထည်ဖော်ခဲ့သော ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် လက်ရှိလွှဲပြောင်းတာဝန်ယူရမည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့အကြား တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်ပေးနိုင်မည့် Focal ၀န်ကြီးဌာန သို့မဟုတ် ဦးစီးဌာနအား ညှိ နှိုင်းသတ်မှတ်ပေးရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများ အသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

လက်ရှိ စက်မှုဇုန်များအတွင်း လမ်းများ အလွန်ပျက်စီးနေခြင်း၊ ရေသန့် မရရှိနိုင်သေးခြင်း၊ လူမှုဖူလုံရေး ဆေးခန်း၊ ဆေးရုံ မရှိသေးခြင်း၊ စက်ရုံများအနေဖြင့် လျှပ်စစ်မီတာခ အပိုထပ်ဆောင်းယူနစ် ၁၀ ရာ ခိုင်နှုန်း အပြင် မြင်းကောင်ရေကြေးအား လစဉ်ပေးဆောင်နေရခြင်း၊ စည်းကမ်းမဲ့ ကျုးကျော်များကြောင့် ရေစီးဆင်းမှုနှင့် လမ်းများဆိုးရွားလာခြင်း၊ လယ်သမားအမည်ခံ ကျုးကျော်သူအချို့က တဲထိုးပိတ်ဆို့ ငွေညှစ်နေခြင်း စသည့် အခက်အခဲများအား ဖြေရှင်းရန် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စည်ပင်သာယာရေး၊ လျှပ်စစ်၊ စက်မှုလက်မှု၊ ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးများ ပါဝင်သည့် ဦးဆောင်အဖွဲ့သည် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဝင်များ၊ လုပ်ငန်းရှင်များနှင့် ပုံမှန် အစည်းအဝေးများကျင်းပပြီး အချိန်တိုအတွင်း ထိရောက်လျင်မြန်စွာနှင့် အမြဲမပြတ် ဆောင်ရွက်ပေးနိုင်သည့် ယန္တရားတစ်ခုဖော်ဆောင်ပေးရန် လိုအပ်နေကြောင်းဦးဝင်းနိုင်က ပြောကြားသည်။

လက်ရှိတွင် ရာနှုန်းပြည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများပြုလုပ်ထားသည့် မင်္ဂလာဒုံစက်မှုဇုန်၏ ပင်မ၀င်ပေါက်တွင် ဈေးသည်များ၊ တရားမ၀င်ဆိုင်ကယ် ကယ်ရီများနှင့် မှတ်တိုင်တွင် ဆိုက်ရပ်ခြင်းမရှိသော YBS ယာဉ်များကြောင့် ၀င်ပေါက်ပိတ်ဆို့နေသ ဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်နေသည်ဟု ဦးဝင်းနိုင်က ဒုတိယသမ္မတဦးမြင့်ဆွေအား တင်ပြအကူအညီတောင်းခံသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service