တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း - Property News in Myanmar from iMyanmarHouse.com
10 Jun 2025 11:43 am တွင် တင်ခဲ့သည်
1469 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် မိမိ၏ အိပ်မက်များကို မဆုတ်မနစ်သောဇွဲလုံ့လဖြင့် အကောင်အထည်ဖော်ခဲ့သော အမျိုးသားတစ်ဦးကို ပြည်မကြီးလူမှုကွန်ရက်သုံးစွဲသူတို့ ချီးကျူးလျက် ရှိကြသည်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်သူ လီချွမ်းယဲ့ (Li Chungye) သည် တရုတ်ပြည်အလယ်ပိုင်း ဟီနန်ပြည်နယ်သား ဖြစ်သည်။

ယခုအခါ လီချွမ်းယဲ့သည် တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဆေးခန်းငယ်လေးတစ်ခု ဖွင့်လှစ်ထားကာ ဆရာဝန်ဖြစ်လိုသော ငယ်ဘဝအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်လျက် ရှိသည်။

လီချွမ်းယဲ့သည် တစ်နှစ်သားအရွယ်ကတည်းက ဦးနှောက်အကြောသေရောဂါ စတင်ခံစားခဲ့ရသည်။

အချိန်မီကုသနိုင်ခြင်း မရှိခဲ့သောကြောင့် ကြွက်သားအားနည်းကာ ဒူးကွေးလျက် ကုန်းကုန်းကိုင်းကိုင်းဖြင့် လမ်းလျှောက်နေရသည်။

(မှတ်ချက်။ လီချွမ်းယဲ့ ဖြစ်ပွားသော ရောဂါမှာ CP ဟု အတိုကောက်ခေါ်သော ဦးနှောက်အကြောသေ ရောဂါ ဖြစ်သည်။ ထိုရောဂါသည် ရုပ်ပိုင်းမသန်စွမ်းမှု ဖြစ်စေသော်လည်း ဉာဏ်ရည်မှာ ပုံမှန်အတိုင်းရှိကြသည်။ ကိုယ်ဝန်ရှိနေချိန် (သို့မဟုတ်) မွေးဖွားနေချိန်များတွင် အောက်ဆီဂျင်အလုံအလောက် မရခြင်းအပြင် အခြားအကြောင်းတရားများစွာကြောင့် ဖြစ်ပွားလေ့ရှိသော ရောဂါဖြစ်သည်။ အင်္ဂလိပ်ဘာသာအားဖြင့် Cerebral Palsy ဟုခေါ်သည်။ အသေးစိတ် ပိုမိုသိရှိလိုသော လူကြီးမင်းများအနေဖြင့် hellosayarwon ဝက်ဘ်ဆိုက်တွင် CP ဟု ရိုက်နှိပ်ရှာဖွေ ဖတ်ရှုနိုင်ပါသည်။)

လီ၏ မိဘများ တစ်သက်လုံး စုဆောင်းထားသမျှငွေအားလုံးမှာ သားဖြစ်အား ဆေးကုပေးရသောကြောင့် တက်တက်ပြောင်သွားသည်။

အသက် ၉ နှစ်သားအရွယ်တွင် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

ထိုအချိန်တွင် ကလေးငယ် လီက မိမိကြောင့် မိဘများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်အတွက် ၎င်းအား အလုပ်ရှာပေးမည်ဟုပြောသော အမျိုးသားတစ်ဦးနှင့် လိုက်သွားခဲ့သည်။

လီအတွက် ကံဆိုးမိုးမှောင်ကျစေသော အလှည့်အပြောင်းလည်း ဖြစ်သည်။

ထိုအမျိုးသားမှာ လီကို လိမ်လည်ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်၏။

မသန်စွမ်းကလေးငယ်များကို တောင်းရမ်းစားသောက်စေကာ အမြတ်ထုတ်နေသူတစ်ဦး ဖြစ်သည်။

ထိုသူ့ထံတွင် လီသည် အသက် ၉ နှစ်သားမှ ၁၆ နှစ်သားအရွယ်အထိ လမ်းများပေါ် လိုက်လံ တောင်းရမ်းမှုများ လုပ်ဆောင်ပေးခဲ့ရသည်။

လီ တောင်းရမ်းရရှိငွေမှာ တစ်လလျှင် ယွမ် ၁၀၀ (၁၄ ဒေါ်လာ) ခန့် ဖြစ်သည်။

လီ ၁၆ နှစ်သားအရွယ်သို့ ရောက်ချိန်တွင် သူတောင်းစားဘဝမှ ပြန်လည်လွတ်မြောက်လာသည်။

သနားစဖွယ် အသက်အရွယ် မဟုတ်တော့သောကြောင့် တောင်းရမ်းခိုင်းရန် မသင့်တော်၊ အသုံးမဝင်တော့သောကြောင့် ထိုအမျိုးသားက ပြန်လွှတ်လိုက်ခြင်းလည်း ဖြစ်သည်။

ပြန်လည်လွတ်မြောက်လာပြီးနောက် လီက မိမိ၏ အခြေအနေကို ပြန်လည်သုံးသပ်ခဲ့ရာ စာမတတ်ပေမတတ် ဖြစ်နေသည်ကို သုံးသပ်မိခဲ့သည်။

လီမှာ သတင်းစာပင် မဖတ်တတ်ချေ။

ထို့ကြောင့် လီက ပညာသင်ယူကာ မိမိ၏ ဘဝကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။

(▲ လီသည် သူတောင်းစားဂိုဏ်း၏ ၇ နှစ်ခန့် ခိုင်းစေခံရပြီးနောက် ပြန်လည်လွတ်မြောက်လာချိန်တွင် မိမိ၏ အခြေအနေကို သုံးသပ်ခဲ့ပြီး ပညာရေးဖြင့် ဘဝကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။ ဓာတ်ပုံ-Weibo)

လီသည် မူလတန်းကျောင်းတစ်ခုတွင် Grade-2 မှ စတင်တက်ရောက်ခွင့်ရခဲ့ပြီး အတန်းများ ခုန်ကျော်တက်နိုင်ခဲ့ကာ အသက် ၂၅ နှစ်အရွယ်တွင် ဆေးတက္ကသိုလ်သို့ တက်ခွင့်ရခဲ့သည်။

သူ၏ အပတ်တကုတ် ဆည်းပူးလေ့လာမှုများကြောင့် ၂၀၁၆ ခုနှစ်တွင် တက္ကသိုလ် ဆေးပညာဌာန၌ စတင်တက်ရောက်ခွင့်ရခဲ့သည်။

ဆေးပညာကို တစိုက်မတ်မတ်လေ့လာခဲ့သော လီမှာ အခြားကျောင်းသားများအတွက် CP ရောဂါနှင့် စပ်လျဉ်းပြီး လက်တွေ့လေ့လာနိုင်ရန် ၎င်း၏ ခန္ဓာကိုယ်အား အသုံးပြုလေ့လာခွင့်ပေးခဲ့သည်။

လီက ၎င်းကွယ်လွန်ပါက ဆေးပညာသုတေသနအတွက် အကျိုးရှိစေရန် မိမိ၏ ခန္ဓာကိုယ်အား လှူဒါန်းမည်ဖြစ်ကြောင်း ကတိပြုထားသည်။

အသက် ၃၁ နှစ်အရွယ်တွင် ဆေးကျောင်းမှ ဘွဲ့ရပြီးနောက် ဆေးကုမ္ပဏီတစ်ခုတွင် အယ်ဒီတာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည်။

သို့သော် လအနည်းငယ်အကြာတွင် အလုပ်မှ နှုတ်ထွက်ခဲ့သည်။

မိမိ၏ ဝါသနာမှာ ဆရာဝန်ဖြစ်လာရေးသာဖြစ်ကြောင်း သုံးသပ်မိသောကြောင့် ဖြစ်သည်။

လီက ဆေးရုံကြီးများတွင် အလုပ်လုပ်ရန် မမျှော်မှန်းခဲ့။

သူ၏ မျှော်လင့်ချက်မှာ မိမိ၏ အိမ်နီးချင်းများအား ဆေးခန်းငယ်လေးဖြင့် ဆေးကုသပေးရန်သာ ဖြစ်သည်။

ထို့နောက်လီသည် ယူနန်ပြည်နယ်သို့ ပြောင်းရွှေ့ခဲ့သည်။

ယူနန်သည် ကိုယ်ပိုင်ဆေးခန်းဖွင့်ရန်အတွက် တစ်နှစ်ပတ်လုံး ရာသီဥတုကောင်းမွန်သော ဒေသဖြစ်သည်။

(▲ လီသည် သူ၏ ချစ်သူမိန်းကလေးကို အွန်လိုင်းမှတွေ့ခဲ့ပြီး မိန်းကလေးအမည်မှာ ယုဖြစ်သည်။ လီ၏ ကြံ့ကြံ့ခိုင်သော စိတ်ဇွဲမှာ ယု၏ နှလုံးသားကို လှုပ်ခတ်စေခဲ့သည်။ ဓာတ်ပုံ-Weibo)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Disabled Chinese man inspires many by starting primary school at 16, medical school at 25 Photo Credit-Weibo

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service