ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဒုတိယကမ္ဘာစစ်ကြီးပြီးစတွင် ဝီလျံ လိုင်ယွန်အမည်ရှိ အမျိုးသားသည် William Lyon Homes အမည်ရှိ ကုမ္ပဏီကို တည်ထောင်ကာ ကယ်လီဖိုးနီးယားပြည်နယ်တလွှား နေအိမ်ဆောက်လုပ်မှုများ စတင်လုပ်ဆောင်ခဲ့သည်။
ထိုသို့ ဆောက်လုပ်လာရင်း ၁၉၈၆ ခုနှစ်သို့ရောက်သောအခါ အထူး client တစ်ဦးရလာသည်။
ထို client ကား ၎င်းကိုယ်တိုင်ပင် ဖြစ်၏။
အငြိမ်းစားစစ်ပြန်ကြီးတစ်ဦးဖြစ်သူ ဝီလျံ လိုင်ယွန်သည် ကယ်လီဖိုးနီးယားပြည်နယ်၊ Orange ခရိုင်တွင် ဧကပေါင်း ၁၄၀ ခန့် ကျယ်ဝန်းသော ခြံဝန်းကြီး၌ ကြမ်းခင်းဧရိယာ စတုရန်းပေ ၅၀၀၀၀ နီးပါး ကျယ်ဝန်းသော လှပခမ်းနားသည့် စံအိမ်ကြီးတစ်လုံး ဆောက်လုပ်လေသည်။
ယင်းနောက် ထိုစံအိမ်ကို ၎င်းတို့မိသားစု၏ ပင်မစံအိမ်အဖြစ် အခြေချနေထိုင်ခဲ့ကြသည်။ နှစ်ပေါင်း ၄၀ နီးပါးအကြာ ယခုအခါ ဒေါ်လာ ၁၂၅ သန်း ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာသည်။
(ဝီလျံ လိုင်ယွန်၏ စံအိမ်ကြီး။ ဓာတ်ပုံ-Gavin Cater)
ဝယ်လက်အနေဖြင့် ၂၀ ရာခိုင်နှုန်း down payment ပေးချေကာ အရစ်ကျ ဝယ်ယူမည်ဆိုပါက လက်ငင်းပေးသွင်းငွေ ဒေါ်လာ ၂၅ သန်းနှင့် လစဉ် ဒေါ်လာ ၇၀၄၀၀၀ ကို နှစ်ပေါင်း ၃၀ ပေးသွင်းရမည် ဖြစ်သည်။
အရောင်းဈေးကွက်တင်ပေးသော The Agency အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Mauricio Umansky ၏ ပြောကြားချက်အရ ယခုကဲ့သို့ သမိုင်းကြောင်းရှိသော နေအိမ်တစ်လုံးအတွက် ထိုက်တန်သည့် ဈေးနှုန်းဖြစ်ပြီး အထူးသဖြင့် လော့စ်အိန်ဂျလိမြို့ဝန်းကျင်နေရာတွင် တည်ရှိခြင်းကြောင့်ဖြစ်ကြောင်း ပြောသည်။
“ဒါမျိုးက လော့စ်အိန်ဂျလိမှာ ခဏခဏ တွေ့ရမှာ မဟုတ်ပါဘူး။ အရှေ့ဘက်ကမ်းရိုးတန်းတလွှားမှာတော့ တွေ့နိုင်ပါတယ်။ ဒါပေမယ့် LA မှာတော့ မတွေ့နိုင်ပါဘူး”
(စံအိမ်၏ amenities များတွင် ရေကူးကန်၊ ကားပြတိုက်၊ မြင်းဇောင်းများနှင့် လိမ္မော်ခြံတို့လည်း ပါဝင်သည်။ ဓာတ်ပုံ- Gavin Cater)
Umansky ၏ ပြောပြချက်အရ ဤစံအိမ်သို့ အမေရိကန်သမ္မတ ရော်နယ် ရေဂင်နှင့် ဇနီးဖြစ်သူ နန်စီတိုပ လာရောက်လည်ပတ်ခဲ့ကြဖူးသည်ဟု ဆိုသည်။
(((ပုံတူ ဖန်တီးရန် လွယ်ကူမည်မဟုတ်))
ပင်မ စံအိမ်မှာ ၃ ထပ်ဖြစ်ပြီး အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၁ ခန်း ပါဝင်သည်။
ထို့အပြင် ဧည့်ဂေဟာအိမ် ၃ လုံး ပါဝင်ရာ အိပ်ခန်း ၁ ခန်းမှ ၂ ခန်းအထိ အစားစား ဖြစ်သည်။
(Umansky က ပြောသည်မှာ ယခုရောင်းချမှုတွင် ပရိဘောဂများ မပါဝင်သော်လည်း အချို့ ပရိဘောဂများကို ဝယ်ယူနိုင်ကြောင်း ဆိုသည်။ ဓာတ်ပုံ- Gavin Cater)
Amenities များအနေဖြင့် ရဟတ်ယာဉ်ကွင်း၊ ရေကူးကန်၊ Spa ၊ ရေကူးကန်အိမ်နှင့် မြင်းဇောင်းများ အပါအဝင် ဖြစ်သည်။
ထို့အပြင် ၄၁ ဧကကျယ်သော လိမ္မော်ခြံ၊ ရေပေးသွင်းရန် အသုံးပြုသော ရေကန် ၂ ခု၊ ရေကန်တစ်ခုနှင့် စိုက်ပျိုးရေး မှန်လုံအိမ်တစ်လုံးတို့လည်း ပါဝင်သည်။
ထူးခြားချက်မှာ စတုရန်းပေ ၂၄၀၀၀ အထိ ကျယ်ဝန်းသော ကားပြတိုက်တစ်ခု ပါဝင်နေခြင်းပင်။
“ကျွန်တော်တွေ့ဖူးသမျှထဲက အကောင်းဆုံး ကားပြတိုက်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်” ဟု အကျိုးဆောင်က ပြောသည်။
ကားပြတိုက်မှာ ကားအစင်း ၇၀ ထားရှိရန် အကျယ်အဝန်းရှိသည်။ သို့သော် ကားများ မပါဝင်ချေ။ ကားပြတိုက်တွင် ကားဝပ်ရှော့နှင့် ကားရေဆေးသည့်နေရာတို့လည်း ရှိသည်။
(ကားပြတိုက်မှာ ကား အစင်း ၇၀ ထားရှိရန် နေရာအကျယ်အဝန်းရှိသည်။ ဓာတ်ပုံ-Gavin Cater)
စံအိမ်၏ တောင်ဘက်တွင် မြေလွတ် ၆၄ ဧက ပါဝင်သေးရာ အိမ်ပေါင်း ၂၅ လုံးခန့် ထပ်မံဆောက်လုပ်နိုင်သည့် စီးပွားရေး အခွင့်အလမ်းလည်း ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Buckle up: This California estate comes with a car museum, an auto shop, and a $125 million asking price Photo Credit-Gavin Cater