တန်ဖိုးသင့်အိမ်ရာ ဂျပန် နမူနာ ဆောက်မည်

တန်ဖိုးသင့်အိမ်ရာ ဂျပန် နမူနာ ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
20 Dec 2017 10:25 am တွင် တင်ခဲ့သည်
4886 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံတွင် တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ရာတွင် နမူနာယူနိုင်ရန် ဂျပန်အစိုးရက တန်ဖိုးသင့်အိမ်ရာ နမူနာကို ဆောက်လုပ်ရန် ကူညီမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

အဆိုပါ တန်ဖိုးသင့်အိမ်ရာ နမူနာကို ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမကြီး၊ နွယ်ခွေအနီးရှိ ပေ ၈၀၊ ပေ ၆၀ မြေကွက် နှစ်ကွက်ပေါ်တွင် ဂျပန်နည်းပညာ၊ ဂျပန်ဒီဇိုင်း၊ ဂျပန်ပစ္စည်းများဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

“အဓိက ဂျပန်အစိုးရက အသင်းနဲ့ချိတ်ဆက်ပြီး အခုတန်ဖိုးသင့်အိမ်ရာ နမူနာ Pilot-Project လုပ်ပြီးရင်တော့ နောက်ပိုင်း ဒီလိုပရောဂျက်တွေ ဆက်လုပ်ဖို့ အဆက်အသွယ်တော့ ရပြီပေါ့။ ဂျပန်အစိုးရကို ဒီလိုပရောဂျက်တွေ လုပ်ရန် ကူညီဖို့ ဆက်လျှောက်ထားဖို့ ရောင်နီ သန်းလာပြီ”ဟု ၎င်းကဆိုသည်။

တန်ဖိုးသင့်အိမ်ရာ နမူနာကို မြို့ပြနှင့် အိုးအိမ်လုပ်ငန်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ ဂျပန်-မြန်မာ ပူးပေါင်းအဖွဲ့ (JMHU)၊ ဂျပန်နိုင်ငံ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၏ လှူဒါန်းငွေများဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မြေကွက်နှစ်ကွက်ပေါ်တွင် အဆောက်အအုံနှစ်ခုကို ပုံစံနှစ်မျိုးဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် အခန်းလေးခန်းပါ နှစ်ထပ်တိုက်တစ်လုံးနှင့် အခန်းနှစ်ခန်းပါ နှစ်ထပ်တိုက်တစ်လုံးတို့ကို ဆောက်လုပ်သွားမည်ဖြစ်သည်။

ယခုလက်ရှိ နမူနာ ဆောက်ပြသည့် အိမ်ရာပြီးစီးပါက ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ၊ ဘဏ်ချေးငွေလုပ်ငန်းများပါ ဝင်ရောက်လုပ်ကိုင်မည်ဖြစ်ပြီး နှစ်ရှည်ချေး ငွေစနစ်၊ နှစ်ရှည်အိမ်ရာ ရောင်းချသည့် စနစ်များပါ ပိုမိုတိုးတက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service