ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ - Property News in Myanmar from iMyanmarHouse.com
16 Jun 2025 11:04 am တွင် တင်ခဲ့သည်
896 ကြိမ် ကြည့်ရှု့ပြီး

ဘီလ်ဂိတ်နှင့် ဇနီးဖြစ်သူ မီလင်ဒါ ဖရန့်ချ်ဂိတ်တို့သည် ၂၀၁၁ ခုနှစ်အတွင်းက အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်၊ ဝယ်လင်တန်မြို့ရှိ အိမ်တစ်လုံးကို ဒေါ်လာ သန်းဝက်ခန့်ပေးကာ ၄ လတာ ငှားခဲ့ဖူးသည်။

ထိုစဉ်က ဆယ်ကျော်သက်အရွယ်သာရှိသေးသော သမီးဖြစ်သူ ဂျနီဖာဂိတ်က အမေရိက၏ ထိပ်တန်း မြင်းစီးအားကစားသမားဖြစ်လာရန် လေ့ကျင့်နေချိန်ဖြစ်သောကြောင့် မြင်းစီးကွင်းများနှင့် ပြိုင်ပွဲနေရာနှင့် နီးစပ်သော အဆိုပါနေရာ၌ အိမ်ငှားပေးခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ဘီလ်ဂိတ်သည် ထိုဒေသရှိ အိမ်များကို တစ်လုံးပြီးတစ်လုံး ဝယ်ယူလာခဲ့ရာ ၂၀၁၆ ခုနှစ်တွင်ကား မြင်းလုပ်ငန်းကျေးရွာဟု လူသိများသော တစ်လမ်းလုံးကို ဝယ်ယူနိုင်ခဲ့ကာ ထိုလမ်းမှာ သူ၏ ကိုယ်ပိုင်လမ်း ဖြစ်လာခဲ့သည်။

ဘီလ်ဂိတ်သည် ၂၀၁၃ ခုနှစ်တွင် မြင်းမွေးမြူရေးခြံတစ်ခုကို ဒေါ်လာ ၈ ဒသမ ၇ သန်းဖြင့် စတင်ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ပိုင်း တစ်ခြံပြီးတစ်ခြံ ဆက်တိုက်ဝယ်ယူခဲ့ရာ ဝယ်လင်တန်မြို့မှ ကမ္ဘာကျော် မြင်းစီးအားကစား ရပ်ဝန်းဖြစ်သော Mallet Hill Court ဝန်းကျင်ရှိ မြေ ၁၈ ဧကခန့်ကို စုစုပေါင်း ကန်ဒေါ်လာ ၃၈ သန်း သုံးစွဲကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

၎င်းဝယ်ယူခဲ့သည်များတွင် အသစ်စက်စက် စံအိမ်တစ်လုံး၊ မြင်းဇောင်း ၂၀၊ မြေကွက်လွတ်များ၊ နေအိမ်များစွာ အပါအဝင် ဖြစ်သည်။

ဘီလ်ဂိတ်က ကပ်လျက်ခြံများကို မရရအောင် ဝယ်ယူပိုင်ဆိုင်နိုင်ရေးအတွက် ရာဖြတ်ပေါက်ဈေးထက် ၂ ဆမှ ၃ ဆခန့်အထိ ပေးကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ထိုဒေသတစ်ခုလုံးကို ဝယ်ယူလိုက်ခြင်းအားဖြင့် မြင်းစီးအားကစားလေ့ကျင့်လိုသော သမီးငယ်အတွက် လမ်းပိတ်ခြင်းအပြင် ဘေးဝန်းကျင်အိမ်များက privacy အတွက် စိုးရိမ်လာကြမည့်အရေးကို ဖြေရှင်းပြီးသားလည်း ဖြစ်စေသည်။

ခြံရောင်းလိုက်သူတစ်ဦးက ပြောပြသည်မှာ ယခုလမ်းမှာ သီးသန့်ဝန်းကျင်တစ်ခုဖြစ်သည့်တိုင် အလွန်လူရှုပ်သည်ဟု ဆိုသည်။

ထို့ကြောင့် တစ်လမ်းလုံးဝယ်လိုက်ခြင်းအားဖြင့် ဘီလ်ဂိတ်က ထိုပြဿနာကို ဖြေရှင်းလိုက်ခြင်းလည်း ဖြစ်သည်။

မီလင်ဒါဂိတ်က ပြောသည်မှာ ကလေးများကို ရိုးရိုးကုပ်ကုပ် ခြိုးခြံချွေတာမှုဖြင့်သာ ပျိုးထောင်ခဲ့ကြောင်း၊ အသုံးစရိတ်များကို အတိုင်းအတာဖြင့်သာပေးခဲ့ကြောင်း၊ အိမ်မှုဝေယျာဝစ္စများလည်း လုပ်ဆောင်စေခဲ့ကြောင်း၊ ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးများဖြင့် ကြီးပြင်းစေခဲ့ခြင်း မရှိကြောင်း ပြောသည်။

သို့တိုင် ယခုကဲ့သို့ တစ်လမ်းလုံး ဝယ်ယူလိုက်ခြင်းကို မဆိုထားနှင့် မြင်းစီးခုန်အားကစား လိုက်စားရေးသည်ပင် ကုန်ကျစရိတ်မြင့်မားလှသည်။

အမြင့်ခုန်နိုင်သော အကောင်းစားမြင်းမျိုးစိတ်တို့၏ ဈေးနှုန်းမှာ ဒေါ်လာသန်းချီသည်။ ယင်းအပြင် ထရိန်နာများ၊ တိရ စ္ဆာန်ဆေးကုဆရာဝန်များ၊ မြင်းများ ပြုစုစောင့်ရှောက်စရိတ်များမှာ လစဉ်အမြဲကုန်ကျနေမည် ဖြစ်သည်။

ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးဖြစ်သော ဝယ်လင်တန်တွင် ကျင်းပသည့် ဆောင်းရာသီမြင်းပွဲတော်ကျင်းပရာနေရာနှင့် နီးကပ်စွာတည်ရှိသောကြောင့် ထိုဒေသမှာ အိမ်ခြံမြေ ဈေးမြင့်သည်။

ယခု ဝယ်ယူမှုကိုကြည့်ကာ သမီးအတွက် ငွေအလုံးအရင်းသုံးစွဲခဲ့သည်ဟုဆိုနိုင်သော်လည်း ကန်ဒေါ်လာ ၁၃၀ ဘီလီယံအထက်ကြွယ်ဝသော ဘီလ်ဂိတ်အတွက် ရေပုံးကြီးထဲမှ ရေတစ်စက်ခန့် ဖိတ်ကျသွားသလောက်သာ ရှိသည်။

ဥပမာ- ဒေါ်လာ ၁ သန်း ချမ်းသာသူတစ်ဦးက ဒေါ်လာ ၃၀၀ တန် ပစ္စည်းတစ်ခု ဝယ်လိုက်ခြင်းနှင့် တူညီသည်။

((သမီးအတွက် ဘီလ်ဂိတ် ဝယ်ယူခဲ့သော ခြံများ))

■ ၂၀၁၃ ခုနှစ်၊ ၄ ဒသမ ၅ ဧကကျယ်သော ခြံ ၊ ဒေါ်လာ ၈ ဒသမ ၇ သန်း ■ ကပ်လျက်တွင် တည်ရှိသော ၄ ဒသမ ၅ ဧကကျယ်သောခြံကို ၂၀၁၆ တွင် ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြင့် ဝယ်ယူ ■ မြေကွက်လွတ် ၂ ခုကို ဒေါ်လာ ၅ သန်းနီးပါးဖြင့် ဝယ်ယူခဲ့ ■ စပါးကျီများ ပါဝင်သော ၅ ဒသမ ၂ ဧက ခြံကို ဒေါ်လာ ၈ ဒသမ ၇ သန်းဖြင့် ဝယ်ယူ ■ နောက်ဆုံးအားဖြင့် ၁ ဒသမ ၃ ဧကရှိ မြေကွက်ကို ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Bill Gates Paid $38 Million To Buy An Entire Street In Palm Beach For Daughter's Equestrian Hobby — 'Gobbled Up Properties Like Pac-Man'

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service