အိမ်အမြန်ရောင်းထွက်ရန် နည်းလမ်းအချို့

အိမ်အမြန်ရောင်းထွက်ရန် နည်းလမ်းအချို့ - Property Knowledge in Myanmar from iMyanmarHouse.com
27 Jan 2016 11:45 am တွင် တင်ခဲ့သည်
4427 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ယခုလတ်တလော အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက် အေးနေတယ်လို့ သတင်းတွေမှာ တွေ့နေရပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျွမ်းကျင်ပြီ အတွေ့အကြုံရင့်ကျက်သူ အိမ်ခြံမြေ အကျိုးဆောင်များနှင့် ဖုန်းရွှေဥပဒေသ များမှသိရသော ရောင်းသူနှင့် ဝယ်သူများအကြား အရောင်းအဝယ်ပြုလုပ်ရာမှာ အထောက်အကူပြုစေတဲ့ အချက်လေးအချို့ကိုအမြန်ရောင်းချင်၊ ငှားချင်ပေမယ့် ရောင်း၊ ငှား မထွက်သော အိမ်ခြံမြေ ပိုင်ရှင်များအတွက် မိမိ လက်လှမ်းမီသလောက် တင်ပြလိုက်ရပါတယ်။

(၁) အခန်းများကို မြင်လို့၊ ကြည့်လို့ကောင်းအောင် ပြုပြင်ထားခြင်း
ပရိဘောဂ ပစ္စည်းများ နှင့် အခြား မည်သည့်ပစ္စယမှ မထည့်ထားသော နေရာလပ်ဖြစ်သော အခန်း (သို့) ကြမ်းပြင်ဟာ ဝယ်ယူမည့်သူအတွက် မူလရှိသည်ထက် ပိုမိုကျယ်ဝန်းသည်ဟု အထင်ရောက်စေပြီး ဝင်ပေါက်တံခါးဝနှင့် အတည့်ကျသော ထောင့်နေရာမှာ အစိမ်းရောင် အပင်အိုးငယ်ကဲ့သို့သော နိုးကြားတက်ကြွစေသော မျက်မြင်ပစ္စည်းတစ်ခုခုထားခြင်းဟာ စိတ်ခံစားမှု ပိုမိုကောင်းမွန်စေတယ်လို့ ဆိုပါတယ်။

(၂) အသံအာရုံဖြင့် ဆွဲဆောင်ခြင်း၊
သာယာညင်းပြောင်းသော တေးဂီတ သံများဟာ တရားထိုင်ခြင်းအာရုံမျိုးနှင့် စိတ်နှလုံး ကြည်နူးမှုမျိုးကို ဖြစ်စေတယ်လို့ သိရပါတယ်။ သဘာဝ ရေစီးဆင်းနေသောအသံမျိုး (သို့) သဘာဝအရ ပေါ်ထွက်နေသော အသံမျိုးဟာလည်း ဝယ်ယူမည့်သူကို နေအိမ်၏ စိတ်အေးချမ်းသာယာမှုကို ဖြစ်ပေါ်ခံစားရစေတာကြောင့် အချို့သော အိမ်ပိုင်ရှင်များက သဘာဝရေ၏ စီးလှည့်လှုပ်ရှားနေသော အသံအတွက် ရေတံခွန်ငယ်လေးတွေ ဖန်တီးထားပြီး ဝယ်ယူ ငှားရမ်းလိုသူကို ဆွဲဆောင် မှု ပြုကြကြောင်းလည်း သိရပါတယ်။

(၃) ဧည့်သည်များအတွက် အရသာ ပေးစွမ်းမှု ပြုပေးခြင်း
ဖုန်းရွှေဥပဒေသများအရ ချောကလက်သည် အိမ်ရောင်းရာတွင် ကံကောင်းခြင်းကို ပေးဆောင်တက်သည်ဟု ကြားသိရဖူးပါတယ်။ ချောကလက် စစ်စစ်ပါသော ချောကလက် အရောင်ရင့်များကို ဖန်ခွက် (သို့) ဖန်အိုးငယ်မှာထည့်ပြီး အိမ်ဝင်ပေါက် အနီးအနားတွင် ထားရှိခြင်း၊ ဧည့်သည်များအား ချောကလက် လက်ဆောင်ပေးခြင်း၊ ဝယ်ယူမည့်သူ ဆုံးဖြတ်ချက် ချလုနီးနီး အချိန်တွင် ချောကလက်ထည့်ထားသော ဖန်အိုးငယ်ကို လက်ဆောင်ပေးခြင်းဖြင့် အိမ်ရောင်းခြင်းကိစ္စကို ချောမွေ့စွာ ပြီးမြောက်နိုင်ကြောင်း လျှပ်တစ်ပြက်ဖုန်းရွှေ စာအုပ်များမှာ ဖတ်ရဖူးပါတယ်။

(၄) မိမိ အိမ်ကဲ့သို့ ခံစားမိစေရန် ပြုပြင်ထားခြင်း
ဒီအချက်လေးက အလွန်ပင် အရေးကြီးပါတယ်။ ဝယ်မည့်သူ သို့မဟုတ် ငှားမည့်သူဟာ ဒီအိမ်ကို ဝယ်တော့ ငှားတော့မယ်ဆိုရင် မိမိ အိမ်ဖြစ်တော့မှာဆိုတော့ ၎င်းပိုင်ဆိုင်တဲ့ အိမ်ကဲ့သို့ ခံစားမိစေရန် ပြုပြင်ထားခြင်းဟာလည်း ထိရောက်မယ့် နည်းလမ်းလေး ဖြစ်ပါတယ်။ ရွှေ့ပြောင်းခြင်းမပြုမည့် ပရိဘောဂပစ္စည်းများကို ပိတ်ဆို့တားဆီးထားသကဲ့သို့သော ပစ္စည်းပစ္စယများ မရှိစေရန် ရှင်းလင်းပေးထားခြင်းဟာ ဝယ်ယူမည့်သူအား အိမ်ဝယ်ရန် ကြည့်ရှုစဉ် မိမိ ပိုင်ဆိုင်သကဲ့သို့ ခံစားရစေတယ်လို့ အိမ်ငှားသူ ဝယ်သူ များထံမှ သိရဖူးပါတယ်။

(၅) အိမ်အမြန်ရောင်းထွက်စေမည့် ပန်းချီကား စီမံထားခြင်း
ဆရာရန်အောင်ဟိန်း ( B.Sc ) ရေးသားသော လျှပ်တစ်ပြက်ဖုန်းရွှေ စာအုပ်မှာတော့ အိမ်ရှေ့ရှိ လိပ်စာရေးထားသော ကဒ်ပြားပေါ်တွင် ရောင်းမည့်အိမ်ကို ရိုက်ထားသော ဓါတ်ပုံနှင့်အတူ ရောင်းမည်ဟူသော စာတန်းကိုပါ ရေးကာ ယင်းကဒ်ပြားကို ထောက်တိုင်ခံ၍ အပေါ်မှ ငှက်တစ်ကောင် နားနေပုံကို ရေဆွဲပြီး အိမ်ဝတွင် ချိတ်ဆွဲထားပေးခြင်းဟာလည်း အိမ်အမြန် ရောင်းထွက်စေမယ့် အစီအမံကောင်း တစ်ခု ဖြစ်ကြောင်း ဖတ်ရဖူးပါတယ်။ အိမ်ပတ်ဝန်းကျင်မှ ပေါင်းပင် မြက်ပင်များကိုလည်း သန့်ရှင်းနေအောင် ရှင်းလင်း ထားရပါမယ်။
ဒီအချက်လေးတွေ ပြင်ဆင်ရတာဟာ အပန်းလည်း မကြီးသည့်အပြင် လွယ်လည်း လွယ်ကူတဲ့ အချက်လေးတွေဖြစ်တာကြောင့် ပြင်ဆင်ထားပြီး ဆွဲဆောင်ရောင်းငှားနိုင်ရန် တင်ပြပေးလိုက်ပါတယ်။

Credit: Myanmar Property News

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကျောက်ကပ်အတွက် ဘယ်လို အသီးအနှံတွေက အကောင်းဆုံးလဲ။ ။
ကျောက်ကပ်အတွက် ဘယ်လို အသီးအနှံတွေက အကောင်းဆုံးလဲ။ ။
ခရီးသွားရင် အဝတ်အစားတွေကို ဘယ်လိုထုတ်ပိုးသွားသင့်သလဲ
ခရီးသွားရင် အဝတ်အစားတွေကို ဘယ်လိုထုတ်ပိုးသွားသင့်သလဲ
မြေအကြောင်း အသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေအကြောင်း အသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ကုန်သွယ်လုပ်ငန်းခွန်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကုန်သွယ်လုပ်ငန်းခွန်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာ့ဂရန်မြေ လျှောက်ထားရယူခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာ့ဂရန်မြေ လျှောက်ထားရယူခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service