သာသနာ့ဂရန်မြေ လျှောက်ထားရယူခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

သာသနာ့ဂရန်မြေ လျှောက်ထားရယူခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
24 May 2025 10:50 am တွင် တင်ခဲ့သည်
459 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ၊ နည်းဥပဒေများ နောက်ဆက်တွဲ - ၁၊ အခန်း-(၂) အရ မြို့မြေစာရင်းထဲရှိ မြေကွက်အား သာသနာ့ဂရန်မြေအဖြစ် ပြောင်းလဲလျှောက်ထားလိုသည့်အခါ မြေအရောင်းအဝယ် စာချုပ်၊ ပေးကမ်းခြင်းစာချုပ်၊ လှူဒါန်းခြင်းစာချုပ်၊ တရားရုံးအမိန့်ရှိလျှင် အမိန့်၊ ဂရန်မြေ မဟုတ်ပါက မြေချပါမစ်၊ မြေ ချစလစ်၊ အဆောက်အအုံပါရှိလျှင် (၄)ဘက်မြင် ဓာတ်ပုံမှတ်တမ်းများတို့ လျှောက်ထားသူမှ တင်ပြနိုင်ရပါမည်။

မြေကွက် နှင့် သက်ဆိုင်သည် တစ်နှစ်အတွင်း မြေယာစီမံခန့်ခွဲရေးကော်မတီထံတွင် ထုတ်ယူထားသောလားရာများ ပါရှိသည့် မြေစာရင်း - ၁၀၅ / ၁၀၆ အား ပူးတွဲတင်ပြပေးရမည်။ လှူဒါန်းသူ၏ မြေပိုင်ဆိုင်မှု အထောက်အထားများနှင့် ၎င်း၏မှတ်ပုံတင်မူရင်း၊ မိတ္တူ၊ မြေခွန်ပြေစာ(သို့)ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်၊ မြေပုံတို့ဖြင့် လှူဒါန်း ခြင်း မှတ်ပုံတင်စာချုပ်စာတမ်း/ ကြေငြာစာတမ်း ချုပ်ဆိုနိုင်ရပါမည်။

သာသာနာအကျိုးအတွက် သုံးစွဲနိုင်သောမြေ၊ မြေယာအပိုင်ပတ္တာ စာချုပ်ဖြင့် ထုတ်ပေးသည့်လက်မှတ်၊လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့်ရှိသောမြေ၊ ဝိသုံဂါမသိမ် အသုံးပြုရန်အတွက် မြေပေးအမိန့်ထုတ်ပေးသော လက်မှတ်ဟူ၍ သာသနာ့ဂရန်မြေ(၄)မျိုး ရှိပါသည်။ သာသနာ့ဂရန်မြေအဖြစ် လျှောက်ထားခွင့်ရှိသူများမှာ သာသနာဆိုင်ရာပုဂ္ဂိုလ်၊ ဂေါပကအဖွဲ့၊ သာသနာရေးအဖွဲ့အစည်းတို့ ဖြစ်ပါသည်။

လျှောက်ထားသည့်မြေကွက်အတွက် သာသနာရေး သံဃာ့နာယက မြို့နယ်/ ခရိုင်/ တိုင်းဒေကြီး၊ သာသနာရေးဦးစီးဌာန အဆင့်ဆင့်၏ ထောက်ခံချက်နှင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေး ထောက်ခံချက်တို့လဲ ပါရှိရပါမည်။ ထို့ပြင် ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနသည် သာသနာ့ဂရန်မြေအဖြစ် ချထားပေးရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးမှ တစ်ဆင့်ဘဏ္ဏာတော်မင်းကြီး အခွင့်အာဏာရ ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်အား ရယူမည်ဖြစ်ပါသည်။ အစိုးရမှသာ မြေပိုင်ရှင်ဖြစ်သဖြင့် အခွန်လွတ်သာသနာ့မြေအဖြစ် လှူဒါန်းလျှောက်ထားလိုပါက ပြည်ထဲရေး ဝန်ကြီးဌာနမှ ခွင့်ပြုအမိန့် ကြေငြာစာလဲ လိုအပ်ပါသည်။

စာရွက်စာတမ်းများ စုံလင်သည့်အခါ ဌာနမှ မြေပြင်နှင့် ကိုက်ညီမှု ရှိမရှိ၊ မြို့တော်နယ်နိမိတ်အတွင်းကျရောက်ခြင်း ရှိမရှိ၊ ကွင်းဆင်းစစ်ဆေးကာ သာသနာ့ဂရန်မြေအဖြစ် မြေပုံခွဲထွက်မှတ်သားပြီး သာသနာ့ဂရန်ရရှိမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အသီးအရွက်လေးတွေ ကြာရှည်ခံအောင်သိမ်းနည်း
အသီးအရွက်လေးတွေ ကြာရှည်ခံအောင်သိမ်းနည်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service