အိမ်ခန်းပေါင်း ၁၈၀၀ ကျော် အငှားအိမ်ရာများ တည်ဆောက်နေပြီး သင့်လျော်သည့် နှုန်းထားဖြင့် ငှားရမ်းရောင်းချနိုင်ရန် ဆွေးနွေးနေ

အိမ်ခန်းပေါင်း ၁၈၀၀ ကျော် အငှားအိမ်ရာများ တည်ဆောက်နေပြီး သင့်လျော်သည့် နှုန်းထားဖြင့် ငှားရမ်းရောင်းချနိုင်ရန် ဆွေးနွေးနေ - Property News in Myanmar from iMyanmarHouse.com
28 Sep 2015 10:17 am တွင် တင်ခဲ့သည်
1242 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်း ဒေသကြီး၏ မြင့်တက်နေသည့် အိမ်ရာလိုအပ်ချက်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အိမ်ခန်းပေါင်း ၁၈၀၀ ကျော် ရရှိနိုင်မည့် အငှားအိမ်ရာများ တည်ဆောက်နေပြီး အဆိုပါ အိမ်ရာများကို သင့်လျော်သည့် နှုန်းထားများဖြင့် ငှားရမ်းခြင်း သော်လည်းကောင်း၊ ရောင်းချခြင်း သော်လည်းကောင်း ပြုလုပ်နိုင်ရေး ဆွေးနွေးနေကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

“အငှားအိမ်ရာတွေ အရင်က ၂၀၀၀၀ လောက်ပဲ ရှိတယ်။အခု ၂၀၁၅-၂၀၁၆ အတွင်းမှာတော့ ၁၈၀၀ လောက်ထွက်မယ်။ ဒါတွေကို အငှားအိမ်ရာအဖြစ် ပြောင်းလဲမလား၊ အရောင်း အိမ်ရာအဖြစ် ပြောင်းလဲ မလားဆိုတာ ချိန်ဆ နေရတာပေါ့။ ရောင်းရင်လည်း ပြည်သူတွေက မ၀ယ်နိုင်ဘူး ဖြစ်နေတယ်။အခုဆောက်ထားတဲ့ အိမ်ရာတွေကလည်း ဆိုက်ကကြီးနေတယ်။
လာမယ့် ပွင့်လင်းရာသီမှာ ထပ်ဆောက်မယ့် ဟာတွေကတော့ ဆိုက်သေးသွားမှာပေါ့။ သူကတော့ တိုက်ရိုက် အငှားအိမ်ရာလုပ်ဖို့ ပိုသင့်တော်ပါတယ်။ဈေးနှုန်းကလည်း ဆွေးနွေးနေတုန်းပဲ”ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

“ဆောက်လုပ်ရေး ၀န်ကြီးဌာနကို လှည့်ပတ်ရန်ပုံငွေ ဆိုပြီးတော့ အိမ်ရာစီမံကိန်းတွေ ဆောက်ဖို့ပေးတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုတော့ အငှားအိမ်ရာတွေ လုပ်ဖို့ဆိုပြီး ၂၀၁၅-၂၀၁၆ ဘတ်ဂျက်မှာ ချပေးလိုက်တယ်။ အဲဒါ ပြီးသွားတဲ့အခါမှာ တားဂတ်က ဘယ်လိုလူတွေကို ဘယ်နှုန်းနဲ့ ငှားမလဲဆိုတာ၊ အငှားအိမ်ရာတွေကို ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာ စဉ်းစားနေတဲ့ အပိုင်းပေါ့။
အရင်တုန်းက အစိုးရကနေ အငှားအိမ်ရာ၊ ရန်ကင်းဘက်က အိမ်ရာတွေကို ပေးခဲ့သလို အခုခေတ်မှာ ပြန်ကောက်နေတဲ့နှုန်းက ပြင်ပြင်ဖို့အတွက် မလုံလောက်ဘူး။ အခုတစ်ခါမှာတော့ သေချာစဉ်းစားနေရတာက သူတို့ပေးထားတဲ့ဟာသည် သူတို့နေထိုင်တဲ့ အဆောက်အအုံရဲ့ သက်တမ်းပေါ့၊ ရေရှည် တည်တံ့ဖို့အတွက် ပြန်လည် ပြုပြင်ထိန်းသိမ်းဖို့အတွက် အဆောက်အအုံ ကုန်ကျစရိတ်အတွက် ဆက်လက် ကောက်ဖို့အတွက် စဉ်းစားနေပါတယ်” ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အကောင်အထည် ဖော်နေသည့် အဆိုပါ အငှားအိမ်ရာများကို ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်း တည်ဆောက်နေခြင်း ဖြစ်ပြီး ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြီးစီးနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

အလားတူ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာစီမံကိန်း ၁၀ ခု တည်ဆောက်မည်ဖြစ်ပြီး အဆိုပါ စီမံကိန်း ၁၀ ခုအတွင်း အဆောက်အအုံ ၂၈၄ လုံးမှ အိမ်ခန်း ၁၈၃၆၀ ခန်း ဆောက်လုပ်သွားမည်ဟု သိရသည်။

Credit : Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service