တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ပြည်သူများ နေထိုင်မှုအတွက်သာ ဦးစားပေးသင့်

တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ပြည်သူများ နေထိုင်မှုအတွက်သာ ဦးစားပေးသင့် - Property News in Myanmar from iMyanmarHouse.com
2 Sep 2015 10:07 am တွင် တင်ခဲ့သည်
1036 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးနည်းအိမ်ရာ လိုအပ်ချက်များပြားနေသည့် ရန်ကုန်မြို့တော်တွင်တန်ဖိုးနည်း အိမ်ရာများကဘဏ္ဍာငွေရှာဖွေခြင်းထက်အိမ်ရာ လိုအပ်နေသော ပြည်သူများအတွက်သာ ဦးစားပေး တည်ဆောက်သင့်ကြောင်းYoma Strategic Holding ၏ အမှုဆောင် ဒါရိုက်တာနှင့်အိမ်ရာဖော်ထုတ်
တည်ဆောက် ရေးအကြီးအကဲ ဦးသိမ်းဝေက ပြောသည်။

အစိုးရက တန်ဖိုးနည်းအိမ်ရာများကို တည်ဆောက်ပြီး အများပြည်သူကို ပြန်လည်ရောင်းချပေးနေသည့်ပုံသဏ္ဍာန်မှာ လုပ်နည်း လုပ်ဟန်များ လွဲချော်နေသည့်အပြင် တန်ဖိုး နည်းအိမ်ရာများကတစ်ဆင့် နိုင်ငံတော်ဘဏ္ဍာငွေရှာဖွေခြင်းထက် ပြည်သူများ နေထိုင်ရေးအတွက်သာ ဦးစားပေးသည့် မူဝါဒများချမှတ်လုပ်ကိုင်ရန်လိုအပ်ကြောင်း
၎င်းကပြောသည်။

"တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက် တာဟာ အစိုးရက ပြည်သူတွေအတွက် နေစရာပေးရမယ်ဆိုတဲ့ဦးတည်ချက်ကိုပဲ သွားသင့်ပါတယ်။ နိုင်ငံအတွက် ပိုက်ဆံရှာ တဲ့ ပုံစံမျိုးမလုပ်သင့်ပါဘူး။ အစိုးရက မြေစိုက်ထုတ်ပေးပြီး ပုဂ္ဂလိကကဏ္ဍကလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းလုပ်ဆောင်မှ
ဖြစ် နိုင်ပါလိမ့်မယ်"ဟုဦးသိမ်းဝေက မြန်မာတိုင်း(မ်)ကို ပြောသည်။

တန်ဖိုးနည်းအိမ်ရာတည်ဆောက်လိုသည့် ပြည်တွင်းပြည်ပကုမ္ပဏီများကိုတင်ဒါဖိတ်ခေါ်ကာအကုန်အကျ
အနည်းဆုံးနှင့်အရည်အသွေးအကောင်းဆုံး ဆောက်
လုပ်ပေးနိုင်မည့်ကုမ္ပဏီများကိုလုပ်ငန်းလုပ်ကိုင်စေခြင်းဖြင့်
ပြည်သူများအတွက်တန်ဖိုးနည်းအိမ်ရာစီမံကိန်း
အမြောက်အမြား ဆောက်လုပ်နိုင်မည်ဖြစ်ပြီး ရိုးမအုပ်စုကလည်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းများအတွက် အစိုးရကတင်ဒါဖိတ်ခေါ်လာပါက၀င်ရောက်ယှဉ်ပြိုင်သွားရန်အဆင့်သင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ပြောသည်။

ရိုးမအုပ်စုသည် မြန်မာနိုင်ငံတွင် အဆင့် မြင့် အိမ်ရာစီမံကိန်းအမြောက်အများကို ဖော်ထုတ်လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခု ဖြစ်ပြီး FMI အိမ်ရာ၊ပန်းလှိုင်အဆင့်မြင့် အိမ်ရာနှင့်သန်လျင်ကြယ်စင်အိမ်ရာစီမံကိန်းများကို ဖော်ထုတ်လုပ်ကိုင်ခဲ့သည့်ကုမ္ပဏီတစ်ခုဖြစ်သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၏ ခန့်မှန်းတွက် ချက်မှုများအရ လူဦးရေ ၅ ဒသမ ၂၁ သန်း နေထိုင်နေသည့် ရန်ကုန်မြို့တော်တွင် အိမ်ရာ လိုအပ် သူပေါင်း ၁ဒသမ၈သန်းခန့်ရှိနေသည့်အတွက် နိုင်ငံတော်က တန်ဖိုးမျှတအိမ်ရာစီမံကိန်းများ၊အငှားချအိမ်ရာစီမံကိန်းများကို လုပ်ဆောင်လျက်ရှိကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွန်ကြားရေး မှူး ဦးထွန်းမြင့်အောင်က ပြောသည်။

အစိုးရစီမံကိန်းများ ဆောက်လုပ်လျက် ရှိသည့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းများက တိုက်ခန်းများကို တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် မဲနှိုက်ရောင်းချပေးလျက်ရှိပြီးဝယ်ယူသူများက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့်ချိတ်ဆက်ကာ အရစ်ကျစနစ်အပြင် လက်ငင်းငွေပေးချေစနစ်ဖြင့် ၀ယ်ယူနိုင်သော်လည်း လစဉ်ပေးသွင်းရမည့်ငွေပမာဏ များပြားကာအိမ်ရာလိုအပ်နေသူများအတွက် လောက်ငအောင် ဖြည့်ဆည်းနိုင်မှုမရှိသေးသည့်အတွက်အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း ဦးထွန်းမြင့်အောင်က ပြောသည်။

"ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာအတွက် လျှောက်လွှာတင်ထားတာကြာလှပါပြီ။ နေစရာအိမ်မရှိလို့ငှားနေနေရတဲ့အပြင် အိမ်ငှားခဈေးတွေကလည်း တဖြည်းဖြည်းတက်လာလို့ အဆင်မပြေပါဘူး။တန်ဖိုးနည်းအိမ်ခန်းရမယ့်နေ့ကိုဘဲ မျှော်လင့်နေပါတယ်"ဟုလှိုင်မြို့နယ်တွင်တိုက်ခန်းငှားနေထိုင်သည့် ဒေါ်တင်မာအောင်က ပြောသည်။

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service