တူရကီ ရဲတိုက် SpongeBob ကာတွန်းပုံနှင့် တူနေ၍ လှောင်ပြောင်ခံရ

တူရကီ ရဲတိုက် SpongeBob ကာတွန်းပုံနှင့် တူနေ၍ လှောင်ပြောင်ခံရ - Property News in Myanmar from iMyanmarHouse.com
2 Sep 2015 9:53 am တွင် တင်ခဲ့သည်
1040 ကြိမ် ကြည့်ရှု့ပြီး
တူရကီနိုင်ငံတွင် သမိုင်းဝင် ရှေးဟောင်း ရဲတိုက်တစ်ခုကို ပြန်လည်ပြင်ဆင် တည်ဆောက်မှုများမှာ လူမှုကွန်ရက် သုံးစွဲသည့် ပြည်သူများကြား ဝေဖန်စရာများ ဖြစ်နေကြောင်း သိရသည်။

အဆိုပါရဲတိုက်ကို ပြန်လည် မွမ်းမံမှုကြောင့် တိုက်ပုံစံမှာ ကာတွန်းဇာတ်ကောင် ရုပ်တစ်ခုဖြစ်သည့် SpongeBob SquarePants နှင့် တူနေ၍ လူအများက ဝေဖန်နေကြသည်။ အဆိုပါရဲတိုက်မှာ ပင်လယ်နက်မြို့ ဆီလီ၌ရှိသော အိုကာကလီ အက်ဒါ ရဲတိုက်ဖြစ်ပြီး နှစ်ပေါင်းများစွာ တည်ရှိလာခဲ့ကာ မွမ်းမံမှုအသစ်များမှာ ယခုလတွင် ပြီးစီးခဲ့ခြင်းဖြစ်သည်ဟု ဟာရီးယတ် နေ့စဉ်သတင်းစာက ဖော်ပြသည်။ ရဲတိုကမှာ ပြင်ဆင်မှုများ လုပ်လိုက်၍ ပုံစံသစ် သွားသော်လည်း ရုပ်ထွက်မှာ SpongeBob ကာတွန်းဇာတ်ရုပ် မျက်နှာမျိုး ဖြစ်နေကြောင်း ပြည်သူများက ဝေဖန်နေသည်။ အဆိုပါရဲတိုက်မှာ ကျွန်းငယ်တစ်ခုပေါ်တွင် ဆောက်လုပ်ထားပြီး ဘိုင်ဇမ်းတိုင်း ခေတ်ကတည်းက တည်ရှိခဲ့သည်ဟု သတ်မှတ်ထားသည်။ သို့သော် ပြင်ဆင်မှုများ လုပ်ရာတွင် ရှေးခေတ် လက်ရာဟန် ပျက်ပြီး ကာတွန်းပုံနှင့် တူနေ၍ အတိုက်အခံ အမတ်များကလည်း ပါလီမန်တွင် မေးခွန်းထုတ် ဝေဖန်နေသည်။

“တွစ်တာ အသုံးပြုသူများ လှောင်ပြောင်သမျှထဲတွင် ဒီလူတွေဟာ ဆီလီ ရဲတိုက်ကို SpongeBob အမှတ်တရ ရဲတိုက် ဖြစ်အောင် လုပ်လိုက်တာပါ”ဟု ဆိုကြသူများ ရှိသလို ၊ ထိုအဆောက်အအုံ မွမ်းမံမှု အလှအပအမြင်ကို ဦးထုတ်ချွတ်၍ ဦးညွတ် မိကြောင်းလည်း ခနဲ့တဲ့တဲ့ စကားများ ရေးသားဖော်ပြခဲ့သည်။ သို့သော် ဒေသခံ မြူနီ စီပယ်ကောင်စီကမူ တုံ့ ပြန်မှုများကို ကာကွယ်သည့် အနေဖြင့် ကြေညာချက်အရှည် တစ်စောင် ထုတ်ပြန်ထားပြီး ရဲတိုက်မှာ (၁၉)ရာစုကပင် ဖျက်စီးမှုများ ခံခဲ့ရပြီး ပြင်ဆင်မှုများကို အချိန်ယူ လုပ်ခဲ့ရခြင်း ဖြစ်ကြောင်း ဆိုထားသည်။

Credit: messenger
တူရကီ ရဲတိုက် SpongeBob ကာတွန်းပုံနှင့် တူနေ၍ လှောင်ပြောင်ခံရ - Property News in Myanmar from iMyanmarHouse.com
တူရကီ ရဲတိုက် SpongeBob ကာတွန်းပုံနှင့် တူနေ၍ လှောင်ပြောင်ခံရ - Property News in Myanmar from iMyanmarHouse.com
တူရကီ ရဲတိုက် SpongeBob ကာတွန်းပုံနှင့် တူနေ၍ လှောင်ပြောင်ခံရ - Property News in Myanmar from iMyanmarHouse.com
တူရကီ ရဲတိုက် SpongeBob ကာတွန်းပုံနှင့် တူနေ၍ လှောင်ပြောင်ခံရ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service