ရန်ကုန်မြို့၌ အသစ်ဆောက်လုပ်မည့် အထပ်မြင့် အဆောက်အအုံများ ဘေးတစ်ဖက်စီတွင် သုံးပေစီချန်၍ ဆောက်လုပ်သည့်စနစ် စက်တင်ဘာ ၁ ရက်တွင် စတင်ကျင့်သုံးရမည်

ရန်ကုန်မြို့၌ အသစ်ဆောက်လုပ်မည့် အထပ်မြင့် အဆောက်အအုံများ ဘေးတစ်ဖက်စီတွင် သုံးပေစီချန်၍ ဆောက်လုပ်သည့်စနစ် စက်တင်ဘာ ၁ ရက်တွင် စတင်ကျင့်သုံးရမည် - Property News in Myanmar from iMyanmarHouse.com
1 Sep 2015 11:18 am တွင် တင်ခဲ့သည်
1000 ကြိမ် ကြည့်ရှု့ပြီး
လေ၀င်လေထွက် မကောင်းခြင်း၊ အလင်းရောင် ကောင်းစွာမရခြင်းတို့ကြောင့် ရန်ကုန်မြို့တွင် အသစ်ဆောက်လုပ်မည့် အထပ်မြင့် အဆောက်အအုံများ ဘေးတစ်ဖက်စီတွင် သုံးပေစီချန်၍ ဆောက်လုပ်သည့်စနစ်ကို စက်တင်ဘာ ၁ ရက်တွင် စတင်ကျင့်သုံးရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ သိရသည်။

ရန်ကုန်မြို့တွင် ဆောက်လုပ်မည့် အထပ်မြင့် အဆောက်အအုံများအနေဖြင့်လက်ရှိတွင် ဘေးတစ်ဖက်စီ၌ တစ်ပေသာချန်၍ ဆောက်လုပ်ခဲ့ရကြောင်း၊ ယင်းသို့ တစ်ပေစီသာ ချန်ရခြင်းကြောင့် အဆောက်အအုံ တစ်ခုနှင့်တစ်ခု ကပ်နေပြီး လေ၀င်လေထွက် မကောင်းခြင်းနှင့် ကျန်မာရေးအရလည်း သင့်လျော်မှု မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဘေးတစ်ပေစီပဲ ချန်ရတာဆိုတော့ အရမ်းကို ကပ်နေတယ်။ လေ၀င်လေထွက် မကောင်းဘူး။ ပြီးတော့ ပိုင်ဆိုင်မှု အရှုပ်အရှင်းတွေလည်း ဖြေရှင်းရတယ်။ ဒါကြောင့်စက်တင်ဘာ၁ရက်ကစပြီး ဆောက်လုပ်ခွင့်တင်
မယ့် အထပ်မြင့် အဆောက်အအုံတွေ ဘေးတစ်ဖက်စီမှာ သုံးပေစီ ချန်ရတော့မယ်။

ဒါမှလည်း လေ၀င်လေထွက်ကောင်းမယ်။ ကျန်းမာရေးအရလည်း ဖြစ်သင့်တယ်။ နောက်ပြီး အခု အဲကွန်းတွေတပ်တာ များလာတော့ အဲကွန်းတပ်ရင်လည်း အဆင်ပြေတာပေါ့”ဟုအဆိုပါတာဝန်ရှိသူက
ပြောကြားသည်။

အဆိုပါစနစ်သည်မြို့တွင်းခြောက်မြို့နယ်၌ ဆောက်
လုပ်မည့် အဆောက်အအုံများမှလွဲ၍ ကျန်သည့်မြို့နယ်များ အားလုံးတွင် အကျုံးဝင်ကြောင်း၊ စက်တင်ဘာ ၁ ရက်မှ စတင်၍ နောက်ပိုင်း ဆောက်လုပ်ခွင့် တင်ပြလာသည့် အဆောက်အအုံများသာ အကျုံးဝင်မည်ဖြစ်ပြီး စက်တင်ဘာ ၁ ရက် အရှေ့ပိုင်းတွင် ဆောက်လုပ်ရန် တင်ပြခဲ့သည့် အဆောက်အအုံများ အကျုံးမ၀င်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် တစ်လလျှင် အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံ ပျှမ်းမျှ ၆၀၀ ကျော် ခွင့်ပြုပေးနေပြီး ယခုနှစ် ဇန်န၀ါရီမှ မေအထိ အထပ်မြင့် အဆောက်အအုံ စုစုပေါင်း ၁၆၀၀၊ အထပ်နိမ့် အဆောက်အအုံ စုစုပေါင်း ၁၄၉၀ နှင့် ခြံစည်းရိုး အဆောက်အအုံ ၈၁ လုံးနှင့် စုစုပေါင်း ၃၁၇၁ လုံး ဆောက်လုပ်ခွင့်ပြုခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

ရန်ကုန်မြို့၌ အဆောက်အအုံများ နီးကပ်ပြွတ်သိပ်စွာ ဆောက်လုပ်မှုကြောင့် လေ၀င်လေထွက် မကောင်းခြင်း၊ နေရောင်မရခြင်းများအပြင် မီး၊ ငလျင်ကဲ့သို့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက စိုးရိမ်နေရကြောင်း ရန်ကုန်မြို့ပြ ပညာရှင်များက ထောက်ပြထားသည်။

“အကုန်လုံး မဟုတ်ပေမယ့် ဆိုးရွားတဲ့ အဆောက်အအုံ အများကြီး ရှိတယ်။ အဆောက်အအုံ တစ်လုံးနဲ့တစ်လုံး အရမ်းကပ်တယ်၊ နေရောင်မရဘူး။ လေ၀င်လေထွက် မကောင်းဘူး။ တစ်ယောက်နဲ့တစ်ယောက် ဆူညံသံတွေ ကြားနေရတယ်” ဟု ရန်ကုန်မြို့ပြ ပညာရှင်တစ်ဦးက ဆိုထားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service