သန်လျင်မြို့နယ် အတွင်း၌ အိမ်ခြံ မြေအရောင်းအဝယ်များ အေးနေ သော်လည်း ကျူးကျော်နေထိုင်သူ များ အစားထိုးရရှိသည့်မြေကွက်များ ကို ဈေးနှုန်းချိုချိုဖြင့် ရောင်းချနေမှု များ ရှိနေကြောင်း သန်လျင်မြို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် များထံမှ သိရသည်။
” အခုက အရောင်းအဝယ်အေး နေတော့ မြေရှင်တွေက ရတဲ့ ဈေးနဲ့ ရောင်းနေကြတယ်။ တချို့တွေဆို သိန်း ၃ဝဝ ခေါ်နေတဲ့ ခြံကို သိန်း ၁၉ဝ ဝန်းကျင်နဲ့ပဲ အရောင်းအဝယ် လုပ်နေတာတွေလည်း ရှိတယ်”ဟု ကံကောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း (သန်လျင်) မှ မန်နေဂျာ ကိုမင်းခန့်က ပြောသည်။
လက်ရှိ အရောင်းအဝယ်ပြုလုပ် နေသည့် ခြံများမှာ ပေ ၄ဝ x ၆ဝ အကျယ်အဝန်းရှိသည့် မြေနေရာများ ဖြစ်ပြီး သန်လျင်မြို့၏ နာရီစင်အနီး ဝန်းကျင်မှ ရပ်ကွက်များ၊ ကျိုက် ခေါက်ဘုရားအနီးနေရာများတွင် လက်ရှိ ကာလအတွင်း အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။ အချို့သော ပါမစ်သာရှိသည့် ခြံများ မှာလည်း သိန်း ၄ဝဝ ခေါ် ဈေးဖြင့် ရပ်တည်နေခဲ့ပြီး ယခုလပိုင်းအတွင်း သိန်း၂ဝဝဝန်းကျင်ဖြင့် ဈေးနှုန်း လျှော့ချကာ ရောင်း
ချနေကြကြောင်း သိရသည်။
” အခုက ပါမစ်သမားတွေ တချို့ နဲ့ စလစ်သမားတွေ ရောင်းကြတာ၊ အရှုံးကတော့ မရှိပါဘူး။ အရင်က များများမြတ်ဖို့ ဆုံးဖြတ်ထားပေမယ့် အခုကျတော့ အမြတ်နည်းသွားတာ ပေါ့။ ဒါပေမယ့် ဂရန်ပိုင်ရှင်တွေက တော့ အမြင့်ဈေးကို ဆက်ထိန်းထား တုန်းပဲ”ဟု ဖြိုးအိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်း (သန်လျင်) မှ ကိုဝေ ဖြိုးက ပြောသည်။
ထို့နောက် သန်လျင်မြို့နယ် အတွင်း၌ ကျူးကျော်နေထိုင်သည့် နေရာများစွာ ရှိနေပြီး လက်ရှိ ကာလ၌ ယင်းနေရာများတွင် အရောင်းအဝယ် ပြုလုပ်နေကြကြောင်း ဒေသခံ အချို့ ထံမှ သိရသည်။ ယင်းအရောင်း အဝယ်ဖြစ်နေသည့် နေရာမှာ ဘုရား ကုန်း ပတ်ဝန်းကျင်ရှိ ကျူးကျော် နေရာများ၌ဖြစ်ပြီး အဆိုပါနေရာများ မှာ ဖယ်ရှားပေးရန် ကြေညာချက် ထုတ်ပြန်ထားသည့် နေရာများဖြစ် ကြောင်း သိရသည်။
”အဲဒီနေရာတွေက ဘာပိုင်ဆိုင် မှုပြ အထောက်အထားတစ်ခုမှ မရှိ ဘူး။ ဇာမဏီဆည် ပတ်ဝန်းကျင်မှာ ရှိတဲ့ ကျူးကျော်နေရာဆိုရင် ဖျက်ခံ ထားရပြီးသား။ ဒါပေမယ့် အခုအချိန် မှာပြန်ပြီး နေထိုင်နေတဲ့သူတွေ ရှိနေ ပြီး အဲဒီနေရာတွေတောင် ပြန်ပြီး စည်ကားနေပြီ”ဟု ကိုဝေဖြိုးက ပြောသည်။
ဇာမဏီဆည် ပတ်ဝန်းကျင်ရှိ ကျူးကျော်နေရာများအား အိုးအိမ်မှ ဖယ်ရှားရန် ကြေညာချက် ထုတ်ပြန်ခဲ့ ပြီးနောက် ကျူးကျော်အိမ်ရာများ ပြောင်းရွှေ့ပေးခဲ့ပြီး ဘုရားကုန်းမှ ဆရာတော်တစ်ပါးက အိမ်ခြေမဲ့များ အတွက် နေရာများပြန်လည်ချထား ပေးခဲ့သည်။ သို့သော် ယင်းနေရာ၌ နေထိုင်သူများရှိသော်လည်း ယခင် ပြောင်းရွှေ့ခဲ့ရသည့် ကျူးကျော်နေရာ ၌ပင် ဆက်လက်နေထိုင်နေသူများ လည်း ရှိကြောင်း သိရသည်။
အချို့မှာ မူလပြောင်းရွှေ့ပေးခဲ့ ရသည့် မြေနေရာများတွင် ပြန်လည် နေထိုင်ကြပြီး အစားထိုးပေးသော မြေနေရာများကို အကွက်ရိုက်ရောင်းချ နေခြင်းများ ရှိနေကြောင်း သိရသည်။ အရောင်းအဝယ် ဖြစ်နေသည့် နေရာ များမှာလည်း သက်ဆိုင်ရာ ရပ်ကွက် ၏ အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းကာ အရောင်းအဝယ် လုပ်နေကြခြင်း ဖြစ် ကြောင်း အိမ်ခြံမြေအကျိုးဆောင် မမြင့်မြင့်ဝင်းထံမှ သိရသည်။
”ရပ်ကွက်လူကြီးနဲ့ ပေါင်းပြီး ဝေစား မျှစားလုပ်ကြတာပါ၊ အရောင်း အဝယ်ဆိုတာကလည်း လူကြီး လက် မှတ်ပါမှ အကြုံးဝင်တာ ဆိုတော့ ဒီလိုပဲ ပေါင်းလုပ်ရတာပေါ့။ ဝယ်တဲ့ သူတွေကလည်း ရှိတယ်။ သိန်း ၂ဝ ဝန်းကျင်လေးတွေ ဆိုတော့ တန် တယ်ဆိုပြီးဆိုပြီး ဝယ်ကြတယ်” ဟု ၎င်းက ပြောသည်။
ယင်းသို့ အရောင်းအဝယ်လုပ် နေသည့် အစားထိုးချပေးထားသော မြေနေရာတွင် ပေ၂ဝ x ၃ဝ၊ ပေ ၂ဝx၄ဝစသည်ဖြင့်အကွက်များရိုက်ကာ ရောင်းချနေခြင်းများ ရှိနေပြီး အဆိုပါ ဖြစ်စဉ်မျိုး လုပ်ကိုင်နေသည့် ကျူး ကျော်နေရာများစွာရှိကာတချို့ နေရာများ၌ မြေတစ်ကွက်လျှင် ကျပ် ငါးသိန်းဝန်းကျင်ခန့်သာ ပေါက်ဈေး ရှိကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်း၌ ကျူးကျော်ရပ်ကွက်များစွာ ရှိနေပြီး အဓိကအားဖြင့် အများဆုံး ကျူးကျော် နေထိုင်သည့် နေရာများမှာ အောင် ချမ်းသာရပ်ကွက် ပတ်ဝန်းကျင်၊ ဘုရားကုန်းပတ်ဝန်းကျင်၊ ရေနံပိုက် လိုင်း တည်ရှိသည့် အနီးပတ်ဝန်း ကျင် လယ်မြေများဖြစ်ကြောင်း သိရ သည်။ ကျူးကျော် နေထိုင်ကြခြင်း၏ အဓိကအချက်မှာ သန်လျင်မြေဈေး များ မြင့်တက်လာခဲ့ခြင်းကြောင့်ဖြစ် ကာ ယခုအချိန်၌ကျူးကျော်နေထိုင်သူထောင်ချီ၍ရှိကြောင်း
သိရသည်။
Credit: The Trade Times