ပုပ္ပားတောင်ကလပ်အနီးရှိ မြေလွတ်မြေရိုင်းများ ချထားပေးသည်ထက် ပိုမိုဝယ်ယူနေမှု သက်ဆိုင်ရာဌာနများသို့ တိုင်ကြားစာပေးပို့

ပုပ္ပားတောင်ကလပ်အနီးရှိ မြေလွတ်မြေရိုင်းများ ချထားပေးသည်ထက် ပိုမိုဝယ်ယူနေမှု သက်ဆိုင်ရာဌာနများသို့ တိုင်ကြားစာပေးပို့ - Property News in Myanmar from iMyanmarHouse.com
26 Aug 2015 10:09 am တွင် တင်ခဲ့သည်
1045 ကြိမ် ကြည့်ရှု့ပြီး
ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်အချို့မှာ ပုပ္ပားတောင်ကလပ်အနီးရှိ မြေလွတ်မြေရိုင်းများအား သက်ဆိုင်ရာဌာနမှချထားပေးသည့် မြေဧကထက် ပိုမိုချဲ့ထွင်ဝယ်ယူနေခြင်းများကြောင့် ဒေသခံများနှင့် ပုပ္ပားတောင်ချစ်သူများအသင်းမှ
ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြေစာရင်းဦးစီးဌာနသို့ တိုင်ကြားစာများ ပေးပို့ထားကြောင်း ပုပ္ပားတောင်ချစ်သူများအသင်းမှ သိရသည်။

”လွန်ခဲ့တဲ့လတွေကတည်းက ဒီမြေလွတ်မြေရိုင်းတွေကို အသည်းအသန်လိုက်ဝယ်နေတာပြီးတော့ သူတို့ကချပေးတဲ့
မြေဧကထက်ပိုပြီး ယူနေကြတယ်။ သုံးဧကပေးတယ်ဆို ခုနစ်ဧကလောက်ချဲ့တာ။ ဒါကို ဒေသခံတွေက မကျေနပ်လို့ သက်ဆိုင်ရာဌာနတွေကိုတိုင်ထားတာ။ ကျွန်တော်တို့ကတော့ ကန့်ကွက်စာပို့ထားတယ်” ဟု ပုပ္ပားတောင် ချစ်သူများအဖွဲ့မှ ဦးတိုးက ပြောသည်။

အဆိုပါကန့်ကွက်တိုင်ကြားစာများကို ယခင်လကုန်ပိုင်းကပေးပို့ခဲ့ခြင်းဖြစ်ပြီး ယခုသက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများအား
အထက်မှလာရောက် စစ်ဆေးနေသည်ဟု ကြားသိရကြောင်း ၎င်းကဆက်ပြောသည်။

”ကျွန်တော်တို့က အာဏာပိုင်အဖွဲ့အစည်းမဟုတ်တော့ ကန့်ကွက်ရုံကလွဲလို့ ကျန်တာတော့မတတ်နိုင်ဘူး။ ဌာနကိုလျှောက်ပြီးကျလာတဲ့ ဈေးကနည်းပေမယ့် သူတို့ကပြန်ပြီးအကွက်ရိုက်ပြီး ရောင်းစားကျတဲ့အခါကျတော့ ဈေးကကောင်းတယ်။ခုဆိုရင်ပဲ တစ်ဧကကို ပေါက်ဈေးက မနည်းဘူး”ဟု ၎င်းကဆက်ပြောသည်။

လက်ရှိ ပုပ္ပားတောင်ကလပ် အနီးရှိ မြေလွတ်မြေရိုင်းများမှာ တစ်ဧကလျှင် ကျပ်သိန်းခြောက်ဆယ်ခန့်အထိ ပေါက်ဈေး
ရှိနေကြောင်း ၎င်းကဆိုသည်။

”ဒေသခံတွေကတရားဝင်တိုင် ကြားထားတာပါ။ ဒီကိစ္စကို ကျွန်တော်တို့အဖွဲ့တွေအောက်ခြေအထိ သွားရောက် စစ်ဆေးနေပါတယ်။ ကျန်တာကတော့ စုံစမ်းစစ်ဆေးနေဆဲပါ”ဟု ညောင်ဦးအထွေထွေအုပ်ချုပ်ရေးမှူး ဦးတင့်ထူးမောင်က ပြောသည်။

ထိုကဲ့သို့သွားရောက်စစ်ဆေးရာတွင် မြေယာစီမံခန့်ခွဲရေးအဖွဲ့များပါဝင်ပြီး လက်ရှိဖြစ်ပွားနေသည့်
နေရာမှာ ညောင်ဦးခရိုင်ပုပ္ပားမြို့အနီး ပုပ္ပားတောင်ကလပ်အတက်လမ်းမဘေး ပုပ္ပားအိုအေစစ်ဟိုတယ်၏မျက်နှာချင်းဆိုင်ရှိ မြေလွတ်မြေရိုင်း များဖြစ်သည်ဟုလည်း သိရသည်။

ထိုသို့ မြေလွတ်မြေရိုင်းများဝယ်ယူရန်အတွက် သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်အဆင့်ဆင့် ရယူ၍ ဆောင်ရွက်ပေးထားခြင်းဖြစ်ပြီး ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Credit: Democracy today‬

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service