မြို့စွန်မြို့နယ်များမှ စည်ပင်ပိုင် မြေကွက် ၇၀ ကျော် လေလံတင်မည်

မြို့စွန်မြို့နယ်များမှ စည်ပင်ပိုင် မြေကွက် ၇၀ ကျော် လေလံတင်မည် - Property News in Myanmar from iMyanmarHouse.com
25 Aug 2015 10:37 am တွင် တင်ခဲ့သည်
3042 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ မြို့နယ် ကိုးမြို့နယ်မှ လူနေရပ်ကွက်များရှိ စည်ပင်ပိုင် မြေကွက် ၇၀ ကျော်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လေလံတင်ရောင်းချမည်ဟု အင် ဂျင်နီယာနှင့် အဆောက်အအုံ ဌာနမှ သတင်းရရှိသည်။

ယခု လေလံတွင် မြို့တွင်း မှ မြေကွက် အနည်းငယ်သာ ပါဝင်ပြီး မြို့စွန်များမှ မြေကွက် အများစုကို ဌာနကအဓိကလေလံ တင်ရောင်းချမည်ဖြစ်ကာ ဩဂုတ် ၂၇ နှင့် ၂၈ ရက်တွင် ရန်ကုန်မြို့တော်ခန်းမ၌ လေလံပွဲပြုလုပ် ရောင်းချမည်ဖြစ်သည်။

လေလံတင်မည့် မြေများ တွင် ပေ ၄၀ × ၆၀၊ ပေ ၁၅၀ × ၈၀ အထိ အကျယ်အဝန်းမြေများ ပါဝင်ပြီး သာကေတ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဥက္က လာပ အစရှိသည့် မြို့စွန်မြေကွက်အများစုဖြစ်ကာဌာနတွင်း ဘတ်ဂျက်လိုငွေမြင့်မားနေ၍ လေလံတင်ရောင်းချကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော် မတီဝင်တစ်ဦးက ပြောသည်။

လေလံတင် ရောင်းချမည့် မြေကွက်များသည် လူနေရပ် ကွက်အတွင်းတည်ရှိပါက ပိုင်ရှင် အမည်ပေါက်အဖြစ် ချထားပေး မည်ဖြစ်ပြီး ယခုလေလံပွဲမှာ မြေ ကွက် အရေအတွက်များသော ကြောင့် လူစိတ်ဝင်စားမှုများနိုင် သည်ဟု အင်ဂျင်နီယာနှင့် အဆောက်အအုံ ဌာနမှ အဆင့် မြင့်အရာရှိတစ်ဦးက ပြောကြားသည်။

ယခုနှစ်အတွင်း ရန်ကုန်မြို့ တော်စည်ပင်က အချက်အချာကျ သည့် မြို့တွင်းမြို့နယ်များမှ မြေ ဧကကျယ်သည့် မြေခုနစ်ကွက်ကို ပထမဆုံးအကြိမ် တင်ဒါခေါ်ယူခဲ့ ဖူးပြီး ဒုတိယအကြိမ်အဖြစ် မြို့ စွန်လေးမြို့နယ်မှ မြေကွက်အချို့ ကို လေလံတင် ရောင်းချထား သည်။ တတိယ အကြိမ်အဖြစ် ပြီးခဲ့သည့်လက စည်ပင်ပိုင် မြေ ကွက်အချို့ကို ရောင်းချခဲ့ပြီး ယခု စတုတ္ထအကြိမ်သည် မြို့တော်စည်ပင်၏ မြေကွက်အရေအတွက်အများဆုံးကို လေလံခေါ်ယူမှုဖြစ်သည်။

ယခုလေလံတွင် လေလံ အာမခံကြေးအဖြစ် မြေကွက် အမျိုးအစားပေါ်မူတည်ပြီး အ နည်းဆုံးကျပ်သိန်း ၃၀ မှ အများဆုံး ကျပ်သိန်း ၁,၀၀၀ အထိအာမခံ စပေါ်ငွေပေးသွင်းရမည် ဟု သတ်မှတ်ထားသည်။

၂၀၁၄စည်ပင်မှ ခေါ်ယူသည့် လေလံများတွင် ပြည်လမ်း နှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိစည်ပင်ပိုင်အဆောက်အအုံသစ်ငါးလုံး၌ ဈေးဝယ်စင်တာဖွင့်လှစ်ရန်လုပ်ငန်းရှင်ခြောက်ဦးက ကျပ် ၄၈ ဘီလီယံဖြင့် လေလံ အောင်ခဲ့သည်။

Credit: 7DaysDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service