နောက်ဖေးလမ်းကြားမှ အဆောက်အအုံများ စိစစ်ရန် တင်ပြမည်

နောက်ဖေးလမ်းကြားမှ အဆောက်အအုံများ စိစစ်ရန် တင်ပြမည် - Property News in Myanmar from iMyanmarHouse.com
19 Aug 2015 11:25 am တွင် တင်ခဲ့သည်
1175 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော် အတွင်းရှိ နောက်ဖေးလမ်းကြားများမှ အဆောက်အအုံများကို စိစစ်ရန် မီးသတ် ဦးစီးဌာနချုပ်မှ တစ်ဆင့် မြို့တော်စည်ပင်သို့ တင်ပြသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေမူး ဦးသော်တာက The Messenger Media သို့ပြောသည်။

''ရန်ကုန်မြို့ အတွင်းမှာရှိတဲ့ အဆောက်အအုံတွေကို လိုက်စစ်ဖို့က မလွယ်ဘူး ဒီမှာက မီးလောင်ရတဲ့ ကြားထဲ မီးငြိမ်းသတ်ရာမှာ အခက်အခဲ ရှိတာတွေကို တင်ပြသွားမှာပါ။ စည်ပင်သာယာက လုပ်ပိုင်ခွင့်ရှိတဲ့ သူတွေလေ၊ ကျွန်တော်တို့က ဘာမှလုပ်လို မရဘူး။ ဒါကြောင့် တင်ပြသွားမှာပါ'' ဟု ၎င်းကပြောသည်။

သြဂုတ်လ (၁၆) ရက်နေ့ တွင် ပန်းဘဲတန်းမြို့နယ် အတွင်းရှိ တိုက်ခန်းတွင် မီးလောင်ကျွမ်းမူ ဖြစ်ပွားခဲ့သည်။ ယင်းမီးလောင်ကျွမ်းမူတွင် လူနေ အဆောက်အအုံများ၏ နောက်ဖေး လမ်းကြားများတွင် ပိတ်ဆောက်ထားသော ကျူးကျော် အဆောက်အအုံများကြောင့် မီးသတ် ၀န်ထမ်းများမှ မီးငြိမ်း သတ်ရာတွင် အခက်အခဲများ ရှိခဲ့သည်။

ယင်းမီးလောင်မူတွင် ကျူးကျော် ဆောက်လုပ်ထားသော အဆောက်အအုံများ မရှိပါက ဆုံးရှုံးမှုပိုမို၍ နည်းပါးမည် ဖြစ်သောကြောင့် နောက်နောင် ထပ်မံ၍ ဆုံးရှုံးမှုများ မဖြစ်ပွားစေရန် မီးသတ် ဦးစီးဌာနချုပ် မှတစ်ဆင့် မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြသွားမည် ဖြစ်ကြောင်း ဦးသော်တာက ဆိုသည်။

''နောက်ဖေးလမ်းကြား ကျူးကျော်တွေဆောက်တာ မြို့တော် စည်ပင်သာယာက ရှင်းပါတယ်။ တွေ့ရင် ဖယ်ခိုင်းတယ်။ မဖျက်ရင် တရားစွဲဆိုမှုတွေ လုပ်ပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ဆောက်လုပ်စိစစ်) မှ လက်ထောက် ညွန်ကြားရေးမူး ဦးသန့်စင်မြတ်က ပြောသည်။

ရန်ကုန်မြို့တော် အတွင်းရှိ အဆောက်အအုံများ၏ နောက်ဖေး လမ်းကြားများတွင် အဆောက်အအုံများ ဆောက်လုပ်ရန် မသင့်ကြောင်း၊ ယင်းကဲ့သို့ ဆောက်လုပ် ထားပါက မီးလောင်မှု အန္တရာယ်ကဲ့သို့ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေကြောင်း သိရသည်။

ယင်းကဲ့သို့ နောက်ဖေး လမ်းကြားများတွင် ကျုးကျော်၍ ခိုးဆောက် ထားခြင်းများကို မြို့တော် စည်ပင်သာယာ ကော်မတီမှ စစ်ဆေး အရေးယူ ဆောင်ရွက်သင့်ကြောင်း မြို့နယ်အဆင့် စည်ပင်သာယာရေး တတ်သိ ပညာရှင် ဒေါက်တာစိုးထွန်းက ဆိုသည်။

Credit: messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service