ကုက္ကိုင်းခုံးကျော်တံတား ၂၀၁၆၊ခုနှစ်မတ်လမတိုင်မီပြီးစီးမည်

ကုက္ကိုင်းခုံးကျော်တံတား ၂၀၁၆၊ခုနှစ်မတ်လမတိုင်မီပြီးစီးမည် - Property News in Myanmar from iMyanmarHouse.com
19 Aug 2015 11:07 am တွင် တင်ခဲ့သည်
1951 ကြိမ် ကြည့်ရှု့ပြီး
ကုက္ကိုင်းလမ်းဆုံတွင် ခုံးကျော်တံတား တည် ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ဒါကို Capital Development Limited ကုမ္ပဏီကရရှိခဲ့ပြီး ယခုလကုန်တွင် စတင်တည်ဆောက်မည်ဖြစ်ကြောင်းကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ခုံးကျော်တံတားအတွက် အစိုးရဘတ်ဂျက်ငွေ ကျပ် ၁၃ ဘီလျံကျော် ကုန်ကျမည်ဖြစ်ကာ ၂၀၁၆ ခုနှစ်၊ မတ်လ မတိုင်ခင်ပြီးစီးရန် မျှော်မှန်းကြောင်း ကုမ္ပဏီ ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့်ဦးသက်လင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

လက်ရှိတွင် မြေစမ်းသပ်မှုများ ပြုလုပ်လျက်ရှိကာ ကုန်းကျော်တံတား၏ ဒီဇိုင်းအတွက် ဂျပန်နိုင်ငံမှ JFE Engineering ကုမ္ပဏီထံ အပ်နှံခဲ့ပြီး တံတား သံပေါင်များကိုလည်းအဆိုပါကုမ္ပဏီမှမှာယူတင်သွင်းမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

"ကျွန်တော်တို့ လောလောဆယ်တော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ မစခင်ပြုလုပ်ရမယ့် အင်ဂျင်နီယာ နည်းပညာဆိုင်ရာစမ်းသပ်မှုတွေတော့ စပြီးလုပ်နေပါပြီ။ ကုမ္ပဏီ အနေနဲ့ကတော့ အစိုးရက တင်ဒါခေါ်လို့ တင်ဒါအောင်ရင် နောက်ထပ်စီမံကိန်းတွေ လည်း ဆောက်သွားဖို့ရှိ ပါတယ်" ဟု ၎င်းက ပြောသည်။

Capital Development Limited ကုမ္ပဏီ သည် အစိုးရ အဖွဲ့ဘတ်ဂျက်ငွေဖြင့် ရွှေဂုံတိုင်ကုန်းကျော်တံတားနှင့် မြေနီကုန်းခုံးကျော်တံတားများကိုလည်းတင်ဒါအောင်မြင်ကာ
ဆောက်လုပ်ခဲ့ပြီး ကုက္ကိုင်းခုံးကျော်တံတား မှာ တတိယမြောက် ဆောက်လုပ်မည့်ခုံးကျော်တံတားဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သည် ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့ ၌ ခုံးကျော်တံတား သုံးစင်းတည်ဆောက်ရန် လျာထားပြီး ကုက္ကိုင်းတံတားသည် တစ်ခု အပါ အ၀င်ဖြစ်ကာ တာမွေလမ်းဆုံတွင် ငွေကျပ် ၂၃ ဘီလျံတန်ဖိုးရှိ ခုံးကျော်တံတားတစ်စင်း နှင့် ရှစ်မိုင်လမ်းဆုံတွင် ငွေကျပ် ၁၆ ဒသမ ၄၅ ဘီလျံခန့်ကုန်ကျမည့် ခုံးကျော်တံတားတစ်စင်းတို့ကို တည်ဆောက် သွားမည်ဖြစ်သည်။

Credit; Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service