မကြာသေးခင် လအနည်းငယ်က တရုတ်နိုင်ငံ ချန်းရှာမြို့မှာ ၅၇ ထပ်တိုက်တစ်လုံးကို ၁၉ ရက်နဲ့ ပြီးအောင် တည်ဆောက်ခဲ့လို့အားလုံးကိုလှုပ်လှုပ်ရှားရှားစိတ်ဝင်စားသွားစေတဲ့သတင်းပြီးတဲ့နောက်မှာတော့တရုတ်ဆောက်
လုပ်ရေးလုပ်ငန်းကဏ္ဍရဲ့ ခေါင်းကြီးပိုင်းသတင်းတစ်ပုဒ် ထပ်မံထွက်ပေါ်လို့လာပါပြီ။
Zhouda ဆိုတာ နေအိမ်ဆောက်လုပ်ရေးဈေးကွက်ကို သရီးဒီပုံထုတ်နည်းပညာနဲ့တစ်ခေတ်ပြန်လည်ဆန်း
သစ်ဖော်ဆောင်ဖို့ရည်ရွယ်ထားတဲ့ နောက်ဆုံးပေါ်တရုတ်
ကုမ္ပဏီတစ်ခုပါ။ကုမ္ပဏီက မကြာသေးမီကပဲ နှစ်ထပ် villa လေးကို သုံးနာရီသာ ကြာတဲ့အချိန်အတွင်း အောင်မြင်စွာ
တည်ဆောက်ခဲ့ကြောင်း သိရပါတယ်။
ဒီသရီးဒီနည်းပညာသစ်ဟာ သာမန်တည်ဆောက်မှု ကုန်ကျစရိတ်ကို တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ၄၀၀ခန့် လျှော့ချပေးနိုင်တယ်လို့ ဒေသခံမီဒီယာတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။
“သမားရိုးကျနည်းနဲ့ဆို ဒီလို villa ကို အနည်းဆုံးခြောက်လကြာအချိန်ယူတည်ဆောက်ရမှာ
ဖြစ်ပေမယ့် ကျွန်တော်တို့ရဲ့ 3D နည်းပညာကတော့ စက်ရုံမှာပုံစံစထုတ်တာကနေတည်ဆောက်မယ့်နေရာမှာ
နောက်ဆုံးပိတ် တပ်ဆင်တာထိကို ၁၀ ရက်လောက်ပဲ ကြာပါတယ်”လို့Zhoudaမှသုတေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေး
အင်ဂျင်နီယာအဖွဲ့ အန်းယုံလျန်က ပြောကြားခဲ့ပါတယ်။
အဆိုပါ Villa ကို သရီးဒီနည်းပညာနဲ့ ပရင့်ထုတ်ထားတဲ့ အပိုင်းခြောက်ခုနဲ့ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။
အားလုံးကို တည်ဆောက်မယ့်နေရာမှာ ကရိန်းသုံးပြီး မတပ်ဆင်ပစ်ခင်ကတည်းကအိမ်ပုံစံအပြီးတွဲစပ်လိုက်
တာဖြစ်ပါတယ်။
အပိုင်းတစ်ပိုင်း သို့မဟုတ် အနားတစ်နားဟာ ကီလိုဂရမ် ၁၀၀ ကျော်လေးတယ်လို့ သိရပါတယ်။ မြေငလျင် ရစ်ခ်ျတာစကေး ၉ လောက်အထိ ခံနိုင်ရည်ရှိအောင်လည်း သေချာဒီဇိုင်းထွင်တားတယ်လို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။
လျှပ်စစ်ဝါယာကြိုးတွေ တပ်ဆင်တာတွေ၊ ရေအနက်တိုင်းတာတွေ၊ အိမ်အလှဆင်တာတွေ စတဲ့ လိုအပ်တာတွေအားလုံးကို ပြီးပြည့်စုံတဲ့ villa အဖြစ် မတပ်ဆင်ပုံမဖော်ခင် ပရိသတ်တွေရှေ့မှာပဲ လုပ်ဆောင်ပြခဲ့တယ်လို့ သိရပါတယ်။
“villa သစ် တည်ဆောက်မှုမှာ formaldehyde, ammonia နဲ့ radon တို့မပါဝင်ဘဲ စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းတွေကို အဓိက သုံးထားပါတယ်။ ဒီ villaကသမားရိုးကျ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကြောင့် ဖြစ်တဲ့ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုတားဆီးကာကွယ်ပေးပြီး ဆောက်လုပ်မှုကုန်ကျစရိတ်ကိုလည်း သိသိသာသာလျှော့ချပေးပါတယ်” ဟု Zhouda ကုမ္ပဏီမှ ဒုတိယဥက္ကဌ တန်ပူယုံက ပြောကြားခဲ့ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)