ဈေးနှုန်းပြောင်းရင်းပြင်ရင်း အရှုံးခံရောင်းချလာရတဲ့ အိမ်ခြံမြေဈေးကွက်

ဈေးနှုန်းပြောင်းရင်းပြင်ရင်း အရှုံးခံရောင်းချလာရတဲ့ အိမ်ခြံမြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
12 Aug 2015 10:49 am တွင် တင်ခဲ့သည်
2616 ကြိမ် ကြည့်ရှု့ပြီး
လုံးချင်းအိမ်တွေရဲ့ ဈေးကွက်ဟာ ဈေးနှုန်းပြောင်းရင်း ပြင်ရင်းနဲ့ အရှုံးခံရောင်းရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

"ဈေးနှုန်းပြောင်းကြတာကအိမ်ရှင်ကအရောင်းထွက်ချင်လို့ ပြင်တာရှိသလို ပွဲစားကအမြတ်တင်ထား ရာကနေ မတင်ပဲရောင်းတာတွေလဲရှိတယ်၊အဓိက ဈေးခဏခဏ ပြင်တဲ့ဈေးကွက်ကသိန်း(၁၀၀၀)အထက်အိမ်နဲ့ မြေတွေများတယ်"လို့ အေးမေတ္တာအကျိုးဆောင်မှ မ၀င်းမာက ပြောပါတယ်။

နေရာတိုင်းမှာပြင်

ဈေးနှုန်းအပြောင်းအလဲနဲ့ ရောင်းချရတဲ့ အိမ်ခြံမြေဈေးကွက်ဟာ အရင်က ပြင်ပလောကမှာသာမက ၀က်လ်ဆိုဒ်နဲ့ အွန်လိုင်းဈေးကွက်မှာပါ ပိုင်ရှင်ဘက်က ဈေးပြင်ပြီးပြန်ရောင်းတာတွေ ရှိလာပါတယ်။

ဈေးနှုန်းပြန်ပြင်ပြီး ရောင်းချတဲ့ အိမ်တွေရဲ့ဈေးကိုလည်း မူလကခေါ်ဈေးနဲ့ ထပ်ပြောင်းလိုက်တဲ့ ခေါ်ဈေးကိုလည်း မူလက ခေါ်ဈေးနဲ့ ထပ်ပြောင်းလိုက်တဲ့ ခေါ်ဈေးကို တခါတည်းဖော်ပြပြီး ဈေးကွက်ရှာတာတွေလည်းရှိတယ်။

သည်လိုရောင်းချရတဲ့ ဈေးကွက်ဟာ ယခုနှစ်ရဲ့ နှစ်လယ်ပိုင်းလောက်မှာ များပြားလာခဲ့ပြီး လက်ရှိအချိန်မှာတော့ နေရာတိုင်းမှာ ဈေးကွက်အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီလို့ သိရပါတယ်။

ဝယ်ရောင်းအများစုကသာ ယခုလို မူရင်းဈေးထက် ငွေပေါ်ထွက်ရန် အရှုံးခံရောင်းချကြတာ ဖြစ်ပြီး တချို့အိမ်ခြံမြေတွေကတော့ ၀ယ်လက်စိတ်ဝင်စားမှုအပေါ်မူတည်ပြီး ဈေးကွက်ပြန်တင်တာတွေလည်း ရှိနေပါတယ်။

"၀ယ်ရောင်းဈေးကွက်အေးလို့ ဒီလိုဈေးချရောင်းတာ၊ ဒါက ၀ယ်ရောင်းတွေ မ၀ယ်ပေမဲ့ တကယ်ဝယ်နေတာတွေ အတွက်တော့ ဈေးသက်သက်သာသာနဲ့ ၀ယ်ခွင့်ရတာမို့လို့ အရောင်းအ၀ယ် ပုံမှန်ဖြစ်ပါတယ်"လို့ ကောင်းကောင်း (2) အကျိုးဆောင်က ဦးအောင်မိုးကျော်က ပြောပါတယ်။

ငွေပေါ်လျှော့ဈေးလား

ဈေးနှုန်းပြန်ပြင်ရောင်းချတဲ့ ဈေးကွက်ဟာ အရှုံးခံငွေပေါ်လျှော့ဈေးကွက် ဖြစ်သလို ၀ယ်လက်ကို ဆွဲဆောင်မှု တစ်ရပ်လည်း ဖြစ်ပါတယ်။ မူရင်းဈေးထက် အနည်းဆုံး သိန်း (၁၀၀) ကနေ သိန်း (၅၀၀) လောက်အထိ လျှော့ပြီး ရောင်းချပေမယ့် တချို့မြေကွက်တွေရဲ့ ဈေးနှုန်းဟာ အဆင့်ဆင့်ပြောင်းလဲခဲ့တဲ့ ၂၀၁၃ (ပြီးခဲ့တဲ့ နှစ်နှစ်က) ဈေးနှုန်းထက်တော့ ဆယ်ဆလောက်အထိ မြင့်မားနေပါတယ်။

"ဈေးတွေက အရင်ကလောက်မသက်သာဘူး ဆိုတာက လက်ရှိရောင်းတဲ့ မြေရှင်က အရှုံးခံရောင်းပေမယ့် ၀ယ်လက်နဲ့ ၀ယ်ရောင်းအပြောင်းအလဲ လက်လွှဲတွေများနေတော့ အဆင့်ဆင့်တင်ထားတဲ့ အမြတ်တွေကများလို့ မူရင်းဈေးကွက် ပြန်မရနိုင်တာ"လို့ ဥပဒေပညာရှင် ဒေါ်မိုးမိုးက ပြောပါတယ်။

သည်လိုအရှုံးခံရောင်းချတဲ့ မြေကွက်အများစုဟာ စရန်ငွေပေးပြီး တခြားကငွေနဲ့ အကြေချေပြီး ၀ယ်ယူထားတဲ့ မြေကွက်နဲ့တခြားရင်းနှီး မြှုပ်နှံမှုပြောင်းချင်တဲ့ လူတွေက အဓိကရောင်းချတာဖြစ်ပါတယ်။

အဓိကရောင်းချတဲ့ အမျိုးအစားတွေကတော့ တိုက်ခန်းတွေထက်လုံးချင်းအိမ်ယာတွေနဲ့ မြေကွက်တွေဖြစ်
ပြီး ကျပ်သိန်း (၁၀၀၀) နဲ့အထက် ဈေးကွက်ရှိအိမ်တွေ များပါတယ်။ မြို့နယ်အနေနဲ့ကတော့ အစုံရောင်းချပေမယ့် လမ်းမတန်း မြေကွက်တွေထက် အိမ်ငှားသိပ်မလိုက်တဲ့ ရပ်ကွက်အတွင်းကွက်တွေ များတယ်လို့ သိရပါတယ်။

Credit; Pyae Phyo Mon Mon

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service