အိမ်ခြံမြေနဲ. ပတ်သက်ပြီး ရင်းနှီးမြုပ်နှံဖို. လက်ရှိအချိန်မှာတော့ ဈေးကွက်မတည်ငြိမ်တာကြောင့် အများစုက ရင်းနှီးမြုပ်နှံဖို. အချိန်ယူစဉ်းစားနေကြတဲ့ အချိန်လို. သိရပါတယ်။
အရောင်းအဝယ်လုပ်တဲ့သူ၊ စီးပွားရေးသမားတွေက တည်ငြိမ်မှပဲ ရင်းနှီးမြှုပ်နှံကြတာလို. ကျွမ်းကျင်တဲ့ အကျိုးဆောင်တချို.က ပြောပါတယ်။
ဝင်းရွှေဝါအကျိုးဆောင်ကုမ္ပဏီမှ ဒေါ်မို.မို.အောင်က ‘ခုချိန်က မတည်ငြိမ်သေးဘူး၊ ဒီလိုလှုပ်လှုပ်ခတ်ခတ်ဖြစ်နေတယ်ဆို ရင်းနှီးဖို. စဉ်းစားရမယ်။ မဖြစ်သင့်တဲ့ဈေးမှာ သွားမြှုပ်နှံမိရင် မှန်လား၊မှားလား အဖြေထွက်လာမှာပါ’လို.ရှင်းပြပါတယ်။
အခုအချိန်က နေတဲ့သူတွေ၊ ကိုယ်ပိုင်နေတဲ့သူ ဝယ်တာများတယ်။တချို.ရင်းနှီးမြုပ်နှံသူတွေက ရေရှည်အ
တွက် သီလဝါ၊ ဒလ၊ ပဲခူး၊ မြို.သစ်စီမံကိန်းလျာထားတဲ့နေရာတွေကို ဝယ်ကြတယ်လို. ပြောပါတယ်။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘လက်ရှိအချိန်မှာတော့ ရေရှည်အတွက်ဆို ပဲခူးလိုနေရာ၊ ဒလလို နေရာတွေ၊ ဒဂုံမြို.သစ်တွေကို ဝယ်ထား ရင် မမှားဘူး။ ဒါပေမဲ့ လူတိုင်းက ကိုယ့်စိတ်ကူုးနဲ.ကိုယ် ဝယ်ကြတာပါပဲ’ လို. ပြောပါတယ်။
ဒလကို အများစုက စိတ်ဝင်စားကြပါတယ်။ ဒါပေမဲ့ ဒလက မဖွံ.ဖြိုးသေးတဲ့နေရာ၊ သောက်သုံးရေအခက်အခဲရှိနေတာရယ်၊ တံတားစီမံကိန်းကို သိပ်မယုံရဲကြတော့တာကြောင့် ဝယ်ဖို. မဝံ့မရဲ ဖြစ်နေကြတာလည်း ရှိတယ်။
တံတားထိုးပြီးရင် ရန်ကုန်ကို ငါးမိနစ်အတွင်း ရောက်နိုင်တဲ့ နေရာပါ။ ဒါပေမဲ့ ရေရှည်အတွက်တော့ အဆင်ပြေပေမဲ့ ရေတိုအတွက်ကတော့ မဖွံ.ဖြိုးသေးတာကြောင့် မဝယ်ကြဘူး။
ဝယ်ရောင်းအကျိုးဆောင် ဦးကျော်နိုင်က ‘ဈေးကွက်အရဆို ဒလက မဖွံ.ဖြိုးသေးဘူး၊ သန်လျင်ဘက်က ဖွံ.ဖြိုးပြီးသားနေရာဆိုတော့ ဦးကတော့ သန်လျငင်ဘက်ကို အားသာတယ်။’ လို.နှိုင်းယှဉ်ပြီး ရှင်းပြပါတယ်။
ပဲခူးကတော့ ရန်ကုန်ကနေ ပဲခူးသွားရာ လမ်းတစ်လျှောက် မှော်ဘီ၊ လှည်းကူးလမ်းမတန်းတွေက အဆင်ပြေဆုံးပဲ။ ဟံသာဝတီ လေဆိပ်စီမံကိန်းသာ အကောင်အထည် ဖော်ပြီးခဲ့ရင် စီးပွားရေးအတွက် အဆင်ပြေတဲ့နေရာလို. ပြောပါတယ်။
လက်ရှိအချိန်မှာ ဈေးကလည်း အသင့်အတင့် နေရာမှာ ရှိနေတာကြောင့် ရေရှည်ရင်းနှီးမြုပ်နှံသူတွေအတွက် အဆင်ပြေတဲ့ မြို.တစ်ခုလို. အကျိုးဆောင်တချို.က ပြောပါတယ်။
ရေတိုရင်းနှီးမြုပ်နှံဖို.အတွက်ကတော့ မြို.တွင်းနဲ. မြို.တွင်းဆက်စပ်မြို.နယ်တွေ၊ ဒဂုံမြို.သစ်လေးမြို.နယ်တို.က အဆင်ပြေဆုံးပါလို. သိရပါတယ်။
Credit: Aye Mon (KMD)