တန်ဖိုးနည်းအိမ်ရာ အောက်ခြေ၀န်ထမ်း လက်လှမ်းမမှီ

တန်ဖိုးနည်းအိမ်ရာ အောက်ခြေ၀န်ထမ်း လက်လှမ်းမမှီ - Property News in Myanmar from iMyanmarHouse.com
12 Aug 2015 10:25 am တွင် တင်ခဲ့သည်
1206 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးနည်းအိမ်ရာ အောက်ခြေ၀န်ထမ်း လက်လှမ်းမမှီ တန်ဖိုးနည်းအိမ်ရာတွေဆောက်လုပ် ရောင်းချပေးပေမဲ့ အောက်ခြေ၀န်ထမ်းတွေအတွက် လက်လှမ်းမမှီ နိုင်သေးဘူးလို့ ၀န်ထမ်းအများစုက ဆိုပါတယ်။

"တန်ဖိုးနည်းအိမ်ရာလို့သာပြောတာ သတ်မှတ်ထားတဲ့တိုက်ခန်း တန်ဖိုးရဲ့ (၃၀) ရာခိုင်နှုန်းဆိုတာ အောက်ခြေ၀န်ထမ်းတွေ အနေနဲ့ ဘယ်လိုမှမတတ်နိုင်ဘူး"လို့ ဗဟို အမျိုးသမီးဆေးရုံကြီး မော်တော်ယာဉ်ဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဦးအောင်ကျော်မျိုးက ပြောပါတယ်။

ဝန်ထမ်းအများစုမှာ တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူခွင့်လျှောက်လွှာ တင်ထားကြပေမဲ့ မယူတော့ဘဲ တိုက်ခန်း ပြန်အပ်လိုက်ကြသူတွေလည်း ရှိပါတယ်။

အိမ်ခန်းဝယ်ယူခွင့် မဲပေါက်သူတွေကို သတ်ဆိုင်ရာဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ငွေချေးယူတဲ့ အခါမှာ အတိုးနှုန်း မတတ်နိုင်တာ၊ ၀င်ငွေစိစစ်တာ၊ ပိုင်ဆိုင်မှု အထောက်အထားတင်ပြရတာတို့ တွေကြောင့် ငွေချေးယူသူတွေ အနေနဲ့ အခက်အခဲတွေ ကြုံရတယ်လို့ သိရပါတယ်။

"ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ အခန်းဝယ်ယူခွင့် မဲပေါက်သူ၊ အလုံမှာနေသူတစ်ဦးက လင်မယားနှစ်ယောက် ၀င်ငွေတစ်လကို သုံးသိန်းရှိမှ ချေးငွေရမယ်၊ ပြီးတော့မပြည့်ရင် ပိုင်ဆိုင်မှုအထောက်အထား တင်ပြပြီးမှ ချေးပေးတယ်၊ သွင်းရတဲ့ပိုက်ဆံနဲ့ သူကိုချေးတဲ့ ပိုက်ဆံကို အတိုးတွက်ကြည့်ရင် ငါကြင်းဆီနဲ့ ငါကြင်းပြန်ကြော် တာပဲ"လို့ ပြောပါတယ်။

တန်ဖိုးနည်းအိမ်ရာစီမံကိန်းက တစ်ခုနဲ့တစ်ခု မတူညီပါဘူး။ တိုက်ခန်းတွေရဲ့ တန်ဖိုး (၃၀) ရာခိုင်နှုန်းကို ပထမအရစ်ပေးသွင်းရမှာ ဖြစ်ပြီး ကျန်တဲ့ငွေကို လေးနှစ် ဒါမှမဟုတ် ရှစ်နှစ်မှာ လအလိုက်ပေးသွင်း ရတာဖြစ်ပါတယ်။

"ပေးသွင်းရတဲ့အရစ်က အိမ်ရာတစ်ခုနဲ့တစ်ခု မတူညီဘူး၊ တချို့ကျ လချင်းသွင်း၊ တချို့ကျ ဘယ်နှလကို တစ်ရစ်သွင်း၊ အဲဒီလိုသတ်မှတ်ထားတယ်၊ တချို့ဘဏ်တွေဆိုရင် သွင်းရမယ့်လ ငွေမပြည့်လို့ အသနားခံစာ တင်ရင် စောင့်ပေးတယ်"လို့ မြောက်ဒဂုံ ဗိုလ်မင်းရောင်အိမ်ရာ အိမ်ခန်းမဲပေါက်သူ၊ ဗဟိုအမျိုးသမီးဆေးရုံကြီး ဓာတ်ခွဲခန်းဌာန ၀န်ထမ်းတစ်ဦးက ပြောပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ထမ်းဆောင်နေတဲ့ မသန္တာဦးက "ဝန်ထမ်းတွေအနေနဲ့ တစ်လကို ကျပ်သောင်း ဂဏန်းလောက်ပဲ သွင်းရတဲ့ တကယ်တန်ဖိုးနည်းအိမ်ရာ ဖြစ်စေချင်တယ်၊ အဲဒါမှ ရတဲ့လခနဲ့ တတ်နိုင်မှာ"လို့ ပြောပါတယ်။

Credit : Taw Tar Mg (KMD)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service