ရန်ကုန်မြို့သစ် စီမံကိန်းအတွက် တင်ဒါလျှောက်လွှာများ ပဏာမဖွင့်ဖောက်စိစစ်မည့်ရက်အားတစ်လကျော်
နောက်ဆုတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တင်ဒါဖွင့်ဖောက်ခြင်းကို မူလက သြဂုတ် ၁၈ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပမည်ဖြစ်ပြီး အဆိုပြုတင်ဒါ လျှောက်လွှာများကို ချိပ်ပိတ်စာအိတ်ဖြင့် တင်ဒါခေါ်ယူရေး လုပ်ငန်းကော်မတီ ရှေ့မှောက်တွင် တင်သွင်း၍ မှတ်ပုံတင်သွားရန် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် တင်ဒါလျှောက်လွှာ ၀ယ်ယူသူ အများစု၏ တောင်းဆိုချက်များအရ လည်းကောင်း၊ အဆိုပြုလွှာများ၌ပိုမိုပြည့်စုံကောင်းမွန်စွာ ပြုစုတင်
သွင်းနိုင်ရေးအတွက် လည်းကောင်း တင်ဒါဖွင့်ဖောက်မည့်ရက်ကို စက်တင်ဘာ ၂၂ရက်နံနက်၁၀နာရီသို့ ပြင်ဆင်သတ်မှတ်
လိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြေညာချက်အရ သိရသည်။
ရန်ကုန်မြို့သစ် စီမံကိန်းကို လက်ရှိရန် ကုန်မြို့၏ အနောက်ဘက်၊ ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းအကြား၊ လှိုင်မြစ်နှင့်လှိုင်သာယာတွံတေးကားလမ်းအကြား မြေနေရာများကို လျာထားပြီး ရန်ကုန်မြို့၏ လူဦးရေနှင့် လူမှုစီးပွားရေး အခြေအနေများလျင်မြန်စွာဖွံ့ဖြိုးတိုးတက် ပြောင်းလဲလာ
မှုကြောင့် မြို့ကို တိုးချဲ့ပေးရန် အထူးလိုအပ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံသားများကို ဇူလိုင် ၁၂ ရက်မှ စတင်တင်ဒါခေါ်ယူခဲ့ရာ တင်ဒါလျှောက်လွှာ အရောင်းပိတ်ချိန်တွင် လျှောက်လွှာအစောင်ရေ ၅၀ ကျော် ၀ယ်ယူခဲ့ကြပြီး တင်ဒါတင်သွင်းခြင်းကိုမူ တင်ဒါဖွင့်ဖောက် စိစစ်မည့်ရက် ဖြစ်သည့် စက်တင်ဘာ ၂၂ ရက်တွင်မှ တစ်ပါတည်းတင်သွင်းစေကာဖွင့်ဖောက်စစ်ဆေးမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆိုသည်။
အဆိုပါ ရန်ကုန်မြို့သစ် စီမံကိန်းသည် ယခင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ရပ်ဆိုင်းခဲ့သည့် စီမံကိန်းဖြစ်ပြီးယင်းစီမံကိန်းကိုအမြန်အကောင်အထည်
ဖော်ပေးရန် ကြည့်မြင်တိုင်မြို့နယ်မှလွှတ်တော်ကိုယ်စားလှယ်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြန်လည်တင်သွင်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့ပြီး ယင်းစီမံကိန်းသည် “မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀” အရ ရန်ကုန်မြို့ တိုးချဲ့ရန် ဒုတိယဦးစားပေး စီမံကိန်းအဖြစ် ပါဝင်ကြောင်း သိရသည်။
သို့သော် “မဟာရန်ကုန်မြို့ ပြဖွံ့ဖြိုးရေး မဟာဗျူ ဟာစီမံကိန်း ၂၀၄၀” အရ မြို့တိုးချဲ့ရန် ပထမဦးစားပေးဖြစ်သည့် ရန်ကုန်အရှေ့ပိုင်းမြို့သစ်ကို အကောင်အထည် မဖော်သေးဘဲ ဒုတိယဦးစားပေးဖြစ်သည့် ယခု ရန်ကုန်မြို့သစ်ကို ဦးစွာတင်ဒါခေါ်ယူထား၍ မဖြစ်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့က ဖေန်နေကြသည်။
Credit: Eleven Media