သဘာဝဘေးအန္တရာယ်များကို အင်ဂျင်နီယာနည်းပညာဖြင့် ကြိုတင်ကာကွယ်နိုင်

သဘာဝဘေးအန္တရာယ်များကို အင်ဂျင်နီယာနည်းပညာဖြင့် ကြိုတင်ကာကွယ်နိုင် - Property News in Myanmar from iMyanmarHouse.com
7 Aug 2015 11:42 am တွင် တင်ခဲ့သည်
1177 ကြိမ် ကြည့်ရှု့ပြီး
မြန်မာပြည်နေရာအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် ယခုကဲ့သို့ ရေကြီးရေလွှမ်းမှုများ နောင်နှစ်များတွင် မဖြစ်ပေါ်စေရန် အင်ဂျင်နီယာနည်းပညာများဖြင့် ကြိုတင်ကာကွယ်ထိန်းသိမ်းနိုင်ကြောင်း မြို့ပြဆိုင်ရာ၊ အခြေခံ အဆောက် အအုံဆိုင်ရာနှင့် အင်ဂျင်နီယာဆိုင်ရာ အကြံပေးစီမံခန့်ခွဲမှုများကို ပြုလုပ်ပေးလျက် ရှိသည့် စင်ကာပူအခြေစိုက် Surbana Jurong Privated Limited ၏ လုပ်ငန်းအစုအဖွဲ့ဆိုင်ရာ အမှုဆောင်အရာရှိချုပ် မစ္စတာ ဝေါင်ဟိုင်က ပြောသည်။

"မိုးသည်းထန်စွာရွာမှုကြောင့် မြစ်ရေ ကြီးပြီး ရေလွှမ်းမိုးမှုတွေက နိုင်ငံတိုင်းလိုလို ဖြစ်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က လည်း စင်ကာပူနိုင်ငံမှာ ဒီလိုရေကြီးမှုတွေ ဖြစ်တယ်။ ဒါပေမဲ့ ဒီလိုရေကြီးမှုတွေ မဖြစ်အောင် အင်ဂျင်နီယာနည်းပညာနဲ့ မြစ်တွေ ကို ဘေးဘက်ကို ချဲ့တာ၊ မြေအောက်ကို အနက်တူးတာတို့ကို လုပ်ပြီး မြစ်ရေမကြီး အောင် ထိန်းသိမ်းနိုင်ပါတယ်" ဟု နှစ်ပေါင်း ၃၀ ကျော်ကြာ မြို့ပြ၊ အခြေခံအဆောက် အအုံနှင့် အင်ဂျင်နီယာဆိုင်ရာ အကြံပေး လုပ်ဆောင်သူ ၎င်းကပြောသည်။

ထို့ပြင် မစ္စတာ ဝေါင်ဟိုင်သည် ဩဂုတ် ၃ ရက် မနက်ပိုင်းတွင် ဆောက်လုပ်ရေး ၀န်ကြီးနှင့် တွေ့ဆုံခဲ့သည့်ရာ ဆောက်လုပ်ရေး ၀န်ကြီးက ယခုကဲ့သို့ နိုင်ငံတွင် ရေကြီးမှု များကို ကြိုတင် ထိန်းသိမ်းကာကွယ်နိုင် သည့် နည်းလမ်းများနှင့် ကာကွယ်နိုင်မည့် အခြေအနေများကိုမေးမြန်းခဲ့ပြီး ၀န်ကြီးဌာနက အဆိုပါကုမ္ပဏီကို နည်းပညာပိုင်းဆိုင်ရာ အကြံပေးစီမံခန့်ခွဲမှုအဖြစ် ငှားရမ်းပါက ၎င်းတို့ ဘက်က လုပ်ဆောင်ပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော် ဒီနေ့မနက်မှာပဲ ဆောက်လုပ်ရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ၀န်ကြီးက ကျွန်တော့်ကို လက်ရှိ မြန်မာနိုင်ငံမှာ ရေကြီး နေတာနဲ့ပတ်သက်ကြီး နောက်မဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းပညာပိုင်းနဲ့ပတ်သက် ပြီး မေးမြန်းခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က လည်း ၀န်ကြီးဌာနက ကမ်းလှမ်းရင် ဘယ်လိုမျိုး ကူညီပေးနိုင်တာတွေကို ရှင်းပြပေးခဲ့ပါ တယ်။ တကယ်တော့ အင်ဂျင်နီယာနည်းပညာနဲ့ဆို မဆောက်လုပ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ရေမကြီးအောင် မြစ်တွေကို ချဲ့တာတို့၊ အမှိုက်တွေ ဖယ်ရှားတာတို့ လုပ်နိုင်ပါတယ်" ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ ရေကြီးမှုများကို Geotechnology နည်းပညာဖြင့် ပြုပြင်ထိန်းသိမ်း၍ ကာကွယ်နိုင်ပြီး မြေအောက်နှင့်ပတ်သက် သည့် နည်းပညာများ၊ မြစ်များကို ချဲ့ထွင်သည့် နည်းပညာများဖြင့် ကာကွယ်နိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးကို ပြောပြခဲ့ ကြောင်း ၎င်းကပြောသည်။ "ဂျပန်နိုင်ငံ တိုကျိုမှာဆိုရင် မြေနိမ့်ပိုင်း နေရာတွေ ရှိတယ်။ အဲဒီနေရာတွေက မြေအောက်ပိုင်းကို အနက်ကြီးတူးထားပြီး ရေတွေကို အဲဒီအောက်ဘက်မှာ လှောင်ထားတယ်။ မိုးအရမ်း ရွာရင်လည်း အဲဒီအထဲကို ရေ တွေကျပြီး အပေါ်ကိုရေမလျှံအောင် လုပ်ကြ တယ်။ ရေများလာတဲ့အချိန်ကျရင် အဲဒီအထဲကရေတွေကို စုပ်ထုတ်ပေးတယ်။ ဒီလိုနည်းတွေနဲ့ လုပ်နိုင်တဲ့အကြောင်း ၀န်ကြီးကို အကြံပေးခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။ထို့ပြင် မြို့တစ်မြို့စတည်ချိန်တွင် အခြေခံ အဆောက်အအုံများစွာ မရှိသေးသည့်အတွက် သစ်ပင်များ၊ သစ်တောများကြောင့် ရေစိမ့်ဝင်မှုများပြားပြီး ရေကြီးရေလျှံမှု ဖြစ်နှုန်း နည်းသော်လည်း အခြေခံ အဆောက်အအုံ များ တည်ဆောက်လာမှု များပြားလာသည့် အချိန်တွင် သစ်ပင်၊ သစ်တောများ လျော့နည်း လာသဖြင့် ရေလျှံမှု ဖြစ်ပေါ်နိုင်သည့် အတွက် မြို့စတင်တည်ထောင်ကတည်းကပင် ရေထိန်းသိမ်းမှုကို ကြိုတင်စီမံထားသင့်ကြောင်း ၎င်းကသုံးသပ်သည်။

"ကျွန်တော်တို့အနေနဲ့ လုပ်ပေးနိုင်တဲ့ အပိုင်းကတော့ ရေတွေမြင့်တက်လာတာတွေကို ဘယ်လိုဆောက်လုပ်ရေးပုံစံမျိုးနဲ့ လုပ်ပေးလို့ရလဲဆိုတာတွေကို ကုမ္ပဏီအနေနဲ့ ၀န်ကြီးဌာနက လိုအပ်မယ်ဆိုရင် အကြံပေး နိုင်ပါတယ်။ ဒီလိုမြို့တွေမှာ အခုလို ရေကြီး ရေလျှံမှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ကလည်း စနစ်တကျ နည်းပညာပိုင်းနားလည်တဲ့ အကြံပေးကုမ္ပဏီနဲ့ သေချာ လုပ်မှအဆင်ပြေနိုင်မှာပါ" ဟု မစ္စတာ ဝေါင်ဟိုင် က ပြောသည်။ ယခုကဲ့သို့ သဘာဝဘေးန္တရာယ် တစ်ခု ဖြစ်သည့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် အတွက် မြို့တစ်မြို့တွင် အခြေခံအဆောက်အအုံကိုစနစ်တကျတည်ဆောက် ထားသင့်ကြောင်းနှင့် အခြေခံအဆောက်အအုံကောင်းများ တည်ဆောက်ရန်မှာလည်း ရိုးရှင်းသည့်နည်းစနစ်များဖြင့် အချိန်ယူတည်ဆောက် နိုင်လျှင် ရနိုင်ကြောင်း ၎င်းကပြောသည်။

Credit;Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service