အရောင်းအ၀ယ်အေးနေသော်လည်း အိမ်ခြံမြေဈေးများ အမြင့်ဈေးတွင် ဆက်လက်ရပ်တည်

အရောင်းအ၀ယ်အေးနေသော်လည်း အိမ်ခြံမြေဈေးများ အမြင့်ဈေးတွင် ဆက်လက်ရပ်တည် - Property News in Myanmar from iMyanmarHouse.com
7 Aug 2015 11:25 am တွင် တင်ခဲ့သည်
1292 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ အိမ်ခြံမြေအရောင်းအ၀ယ် အေးနေသော်လည်း ဈေးနှုန်းများမှာ ကျဆင်းသွားခြင်းမရှိဘဲ အမြင့်ဈေးဖြင့် ရပ်တန့်နေကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များထံမှ သိရသည်။

အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ် အေးနေရခြင်းမှာ (၂၀၁၄) ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှာ စတင်ခဲ့ကြောင်း သိရသည်။ ယင်းကာလမှ စတင်ကာ အရောင်းအ၀ယ်များ သိသိသာသာ ကျဆင်းလာခဲ့ပြီး ယခုအချိန်တွင်မူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရောင်းအ၀ယ်ဈေးကွက် အေးနေကြောင်း သိရသည်။

"အရောင်းအ၀ုယ် အေးတာကတော့ ပြောမနေပါနဲ့တော့။ အခွန်သတ်မှတ်လို့ ဆိုတဲ့ အချိန်တည်းက အေးလာတာ အခုအထိပဲ။ (၂၀၁၅) ခုနှစ်စကတောတက်သယောင်
ကောင်းသယောင် ပြလိုက်သေးတယ်။ တကယ်တော့ ထင်သလောက်မဖြစ်ခဲ့ပါဘူး"ဟု ရွှေမိသားစု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးလေးမြင့် ပြောသည်။

အိမ်ခြံမြေဈေးကွက်အရောင်းအ၀ယ် အေးရခြင်းမှာ ရွှေဈေးများ မြင့်တက်ခြင်းနှင့် မြန်မာကျပ်ငွေဈေးတန်ဖိုးကျခြင်း
တို့ကြောင့် ဖြစ်ကြောင်း သိရသည်။

ယခင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အိမ်ခြံမြေအရောင်းအ၀ယ် ဈေးကွက်မှာ အသွက်နှင့် အတက်ဘက်သို့ ဦးတည်နေခဲ့ပြီး မိုးတွင်းကာလများတွင်ပါ အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း Lucky Star အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ သိရသည်။

"၂၀၁၄ နှစ်စတုန်းက အရောင်းအ၀ယ် အရမ်းကောင်းခဲ့တယ်။ အရောင်းအ၀ယ်အပြင် ဆောက်လုပ်ရေး လုပ်ငန်းပိုင်းမှာလည်း ကန်ထရိုက်ဆောက်တာတွေ ပေါ်ပြူလာ ဖြစ်နေချိန်ဆိုတော့ မြေဈေးတွေ အရမ်းတက်တော့ ၀ယ်ရောင်းဈေးသွက်ခဲ့တာပါ"ဟု Lucky Star အိမ်ခြံအကျိုးဆောင်လုပ်ငန်းမှ ဦးညီညီလတ်က ပြောသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ဈေးကွက်အေးနေသည်ဟု ဆိုသော်လည်း ၂၀၁၅ နှစ်စပိုင်းတွင် မန္တလေးအိမ်ခြံမြေ ဈေးကါက်မှာ အနည်းငယ်မျှ အရောင်းအ၀ယ်ရှိခဲ့ပြီး ပြင်ဦးလွင်အိမ်ခြံမြေ ဈေးကွက်တွင်မူ အရောင်းအ၀ယ် ရှိခဲ့ပြီး ပြင်ဦးလွင်အိမ်ခြံမြေ ဈေးကွက်တွင်မူ အရောင်းအ၀ယ်ကျဆင်းခဲ့ကြောင်း ပြင်ဦးလွင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များထံမှ သိရသည်။

"လူအများစုက ၀ယ်ချင်ကြတယ်၊ စီးပွားရေးအဆင်မပြေတော့ မ၀ယ်ပဲငှားနေကြတယ်။ မဖြစ်မနေမို့သာ ငှားနေကြတာ။ အငှားလည်းအေးတယ်။ အေးနေတဲ့ကြားကနေပဲ ဈေးက တက်လာတယ်"ဟု ဗဟန်းမြို့နယ်မှ အကျိုးဆောင် ဒေါ်ဟန်သီက ပြောသည်။

"မြန်မာနိုင်ငံက အိမ်ခြံမြေရဲ့ အိမ်ခြံမြေဈေးကွက်က ၂၀၁၅ ရွေးကောက်ပွဲပေါ်မူတည်ပြီး အပြောင်းအလဲ ရှိလာနိုင်တယ်လို့ ပြောကြတာပဲ။ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာလည်း ၂၀၁၅ ခုနှစ်ရောက်တာနဲ့ ဈေးကွက်ပြန် ဦးမော့လာနိုင်တယ်လို့ ဆိုခဲ့ကြပေမယ့် လက်တွေ့မှာတော့ မျှော်မှန်းထားသလို မဖြစ်ဘူး။ အမှန်တကယ် အိမ်ခြံမြေဈေးကွက် ဦးမော့လာနိုင်ဖို့ဆိုတာ စီးပွားရေးအခွင့်အလမ်း ပိုမို ကျယ်ပြန့်လာဖို့နဲ့ အိမ်ခြံမြေဈေးနှုန်း အတက်အကျကို အချိန်နဲ့တပြေးညီ ထိန်းချုပ်နိုင်မှသာ ဖြစ်နိုင်ပါတယ်"ဟု စီးပွားရေးပညာရှင် ကိုမျိုးမင်းက မြန်မာ့အိမ်ခြံမြေဈေးကွက် အလားအလာနှင့် ပတ်သက်ပြီး ၄င်း၏အမြင်ကို ပြောပါသည်။

Credit;The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service