ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာတည်ရှိတဲ့ ဟိုတယ် တစ်ခုရဲ့ အတွင်းပိုင်းမှာ ငါးပြတိုက် တစ်ခု တည်ဆောက် ထားတာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ဟိုတယ်ကို လာရောက်သူတွေ စိတ်ကြည်နူးမှု ရရှိ စေဖို့၊ ရေအောက် သတ္တ၀ါ ချစ်သူတွေကို လှပတဲ့ အကောင်မျိုးစုံ ကြည့်ရှု နိုင်ဖို့ ရည်ရွယ်ပြီး ငါးပြတိုက်ကို ဆောက်လုပ်ထားခြင်း ဖြစ်ပါတယ်။ ဟိုတယ် အတွင်းပိုင်းမှာ တည်ဆောက် ရတာ ဖြစ်တာကြောင့် ခေတ်မီတဲ့ နည်းပညာကို အသုံးပြု ခဲ့ရပါတယ်။ ငါးပြတိုက်ကို တိုင်လုံး ပုံစံမျိုး ပြုလုပ် ထားခြင်း ဖြစ်ပါတယ်။ ဒီတိုင်လုံးဟာ ( ၈၂) ပေ အထိ ရှည်တာကြောင့် တိုင်လုံး ပုံစံကန်တွေ ထဲမှ ည အကြီးဆုံး အဖြစ် သတ်မှတ် ခံထားရ ပါတယ်။ တိုင်လုံကို ဖန်ပြွန်ပုံစံလုပ်ထား တာဖြစ်ပြီး အတက်အဆင်းပုံစံ ကြည့်နိုင် အောင် ဖန်တီးပေးထားပါတယ်။
Radisson Blu ဟိုတယ် အတွင်းပိုင်းမှာ တည်ဆောက် ထားတာ ဖြစ်ပြီး၊ ငါးကောင်ရေ (၁၅၀၀)နဲ့ အမျိုးအစား မတူတဲ့ မျိုးစိတ်ပေါင်း(၉၇) ခု အထိ ရှိကြောင်း သိရပါတယ်။ လာရောက် တည်းခိုတဲ့ ဧည်သည့်တွေဟာ လှပတဲ့ ငါးတွေကို သာမက အစာကျွေးမှုကိုလည်း မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ ဒီငါးပြတိုက်ထဲမှာ ရှိတဲ့ ရေသတ္တ၀ါတွေဟာ တစ်နေ့ကို ရှစ်ကီလိုလောက် အထိ အစာ စားလေ့ ရှိကြောင်း သိရပါတယ်။
ဖန်ပြွန်ချောင်း ပုံစံ ပြုလုပ် ထားတာကြောင့် သန့်ရှင်းမှု ရှိအောင် နေ့စဉ် လုပ်ဆောင် ရပါတယ်။ ရေငုပ်သမားတွေဟာ ကန်ထဲ ၀င်ရောက်ပြီး တစ်နေ့ လေးကြိမ် သန့်ရှင်းမှု ပြုလုပ် ရတယ်လို့ သိရပါတယ်။ ဒီငါးပြတိုက်ကို ခက်ခဲစွာ ဆောက်ခဲ့ ရတာ ဖြစ်ပြီး၊ ၂၀၀၄ မှာ အပြီးသတ် နိုင်ခဲ့ပါတယ်။ ကုန်ကျငွေကတော့ ပေါင်ကိုးသန်း အထိ ရှိပြီး လိုဏ်ခေါင်းပုံစံ အတွင်းထဲကို ၀င်ရောက် နိုင်တာကြောင့် ဆွဲဆောင်မှု အပြည့်ရှိကြောင်း ဒေးလီးမေးလ် သတင်းမှာ ဖော်ပြထားပါတယ်။
Credit: messenger