အဆင့်မြင့်မဟုတ်တဲ့ အိမ်ခြံမြေတွေကိုဝယ်သူတွေဟာ ထင်ရှားတဲ့ အနုပညာရှင်တစ်ယောက်နဲ့ ကြော်ငြာတဲ့ အိမ်ခြံမြေတွေကို ပိုပြီးအာရုံစိုက်ယုံကြည်ဝယ်ယူလာကြတယ်လို့ Colliers International Philippines အိမ်ခြံမြေလုပ်ငန်းက မနီလာအခြေစိုက် GMA သတင်းအေဂျင်စီသို့ ပြောကြားခဲ့ပါတယ်။
ဒါဟာ အနုပညာရှင်တွေကို အရူးအမူးစွဲလန်းကြတဲ့ ဖိလစ်ပိုင်မှာ တန်ဖိုးနည်းကနေ တန်ဖိုးမြင့်အိမ်ခြံမြေတွေထိ အတန်းအစားမျိုးစုံနှင့် သက်ဆိုင်တဲ့ ကိစ္စတစ်ရပ်ဖြစ်လာကြောင်း Collier ကုမ္ပဏီ အကြံပေးနဲ့ သုတေသနဌာန ညွှန်ကြားရေးမှူး ဂျူလီယက်စ်ဂူဗာရာက ဆိုပါတယ်။
“ခေတ်မီဖွံ့ဖြိုးလာတဲ့နိုင်ငံတွေက အိမ်ခြံမြေရောင်းမယ့်သူတွေ၊ လုပ်ငန်းရှင်တွေဟာ သူတို့အိမ်ခြံမြေတွေအတွက် အရောင်းကြော်ငြာမှာ အနုပညာရှင်တွေရဲ့ ထောက်ခံချက်ကို သုံးပြီး ကြော်ငြာလာတာ ပိုတွေ့လာရပါတယ်” ဟု ဖိလစ်ပိုင်အခြေစိုက်ကြော်ငြာအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
အဆင့်မြင့်မဟုတ်တဲ့ အိမ်ခြံမြေတွေကိုဝယ်ယူတဲ့သူတွေက အနုပညာရှင်တွေနဲ့ကြော်ငြာတဲ့ သို့ အနုပညာရှင်တွေက ထောက်ခံချက်ပေးတဲ့ အိမ်ခြံမြေတွေကို ပိုပြီးအာရုံစိုက်လာကြတယ်ဆိုပေမယ့် အဆင့်မြင့်အိမ်ခြံမြေတွေကို ၀ယ်ယူသူတွေမှာတော့ အဆိုပါအချက်က ဘာမှထူးခြားမှုမရှိသလောက်ပါပဲလို့ သိရပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)