အဆောက်အအုံဆောက်လုပ်မှုနဲ. ပတ်သက်တဲ့ အစိုးရရဲ. ဥပဒေအပြောင်းအလဲတွေ၊ ထပ်မံဖြေလျှော့ပေးဖို. တင်ပြထားတဲ့အရာတွေဟာလက်ရှိအိမ်ခြံမြေဈေးကွက်ကို
ပြန်ကောင်းလာဖို. အားနည်းနေသေးတယ်လို.သိရပါတယ်။
‘ဈေးကွက်တစ်ခုလုံး အေးနေတာပါ။ ဒီထဲမှာမှ တိုက်ခန်းနဲ. ကန်ထရိုက်ဈေးကွက်က ပိုအေးတော့ အခုစည်ပင်က အရေးယူဆောင်ရွက်တဲ့ ပြဿနာတွေနဲ. ဆောက်လုပ်ခွင့် တင်ပြမှု ကြန်.ကြာတာတွေကို ပုံမှန်ထက် မြန်ဆန်အောင် လုပ်ပေးသင့်တယ်’လို. ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အပြောင်းအလဲများနဲ. အဆောက်အအုံ
အထပ်မြင့် အထပ်နိမ့် အဆောက်အအုံအတွက် စည်ပင်သာယာရေး ကော်မတီက အဆောက်အအုံ ဆောက်လုပ်အကောင်အထည်ဖော်ခြင်း၊ တရားမဝင်အထပ်မြင့် အဆောက်အအုံတွေ ပပျောက်ဖို.နဲ. မြို.ပြနဲ. ကိုက်ညီတဲ့ အဆောက်အအုံသစ်တွေ တည်ဆောက်လာနိုင်ဖို. ဥပဒေအပြောင်းအလဲတွေ ပြုလုပ်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်က တရားမဝင် ကန်ထရိုက်တိုက်ဆောက်လုပ်မှု အရေအတွက် အဆမတန် တိုးတက်လာတာကြောင့် အဆိုပါ ကန်ထရိုက်တိုက်တွေကို ဆောက်လုပ်တဲ့ မြေရှင်၊ ကန်ထရိုက်တိုက်တွေကို ဆောက်လုပ်တဲ့ မြေရှင်၊ ကန်ထရိုက်အတွက် တရားစွဲဆိုတဲ့ အခါ ကြိုတင်ဆောက် ဒဏ်ကြေးနဲ. တရားစွဲ ဒဏ်ကြေးနှစ်မျိုးကို အရင်က တစ်ပေါင်းတည်းဆောက်ခွင့်ပြုခဲ့ပြီး အခုနောက်ပိုင်းမှတော့ သီးသန်.စီ ကောက်ခံအရေးယူ ဆောက်ရွက်လာပါတယ်။
ဒါ့အပြင် ခွင့်ပြုချက်ထက်ပိုဆောက်လုပ်တဲ့ အထပ်မြင့်တွေကိုလည်း ၂၀၁၄ခုနှစ် သြဂုတ်လက စတင်ပြီး ‘အဆောက်အအုံဆိုင်ရာ နည်းဥပဒေ’ တွေမှာ လိုအပ်လာရင် ဖြိုဖျက်တဲ့အထိ အရေးယူတဲ့ နည်းဥပဒေမှာ ပါဝင်လာခဲ့ပါတယ်။
‘စီမံချက်ကာလ ကျော်လွန်ပြီးနောက်ပိုင်း အရပ်စာချုပ်နဲ. တိုက်ဆောက်တာကို သုံးထပ်အထိပဲ လက်ခံပေးတယ်၊ အရင်က အသနားခံစာနဲ. ဖြေလျှော့ပေးပေမဲ့ အခုနောက်ပိုင်းတော့ ခွင့်ပြုချက်ထက်ကျော်ရင် ဖြိုဖျက်အရေးယူတယ်’ လို. ရန်ကုန်မြို.တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆောက်အအုံတည်ဆောက်ခွင့်နဲ. ပတ်သက်ပြီး လူနေထိုင်ခွင့်(BCC) နဲ. တည်ဆောက်ခွင့် ရရှိမှုတွေကိုလည်း လိုင်စင် အင်ဂျင်နီယာ (LS) တွေ ကိုယ်တိုင် စည်ပင်ရုံးမှာ လက်မှတ်လာထိုးမှ ခွင့်ပြုမိန်.ပေးဖို.ကိုလည်း ယခုလနောက်ဆုံးပတ်မှာ စတင်သွားမှာ ဖြစ်ပါတယ်။
လိုင်စင် ကန်ထရိုက်တာ အတွက် စပေါ်ငွေပေးဆောင်ရတာတွေကိုလည်း ယခင်က သိန်း ၃၀၀ပေးဆောင်ရတာကနေ အဆောက်အအုံတည်ဆောက်မှုစရိတ်နဲ. အရေအတွက် များပြားလာတာကြောင့် သိန်း ၅၀၀တိုးမြှင့် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
အဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် ကန်.သတ်ချက်တွေကိုလည်း လာမယ့် စင်တင်ဘာလ ၁ရက်နေ.က စတင်ကာ ၂၄၀၀ စတုရန်းပေ (ပေ ၄၀ x ပေ၆၀)အကျယ်အဝန်းရှိတဲ့ အထပ်မြင့် တိုက်ခန်းဆောက်လုပ်မှုကို ဘေးမြေချန်တစ်ဖက် သုံးပေနဲ. စုစုပေါင်း ခြောက်ပေသတ်မှတ်မှာ ဖြစ်ပါတယ်။ အဆိုပါ မြေချန်သတ်မှတ်ချက်ကို မြို.တွင်း ခြောက်မြို.နယ်မှအပ ကျန်ရှိတဲ့ မြို.နယ်အားလုံးက လိုက်နာရမှာ ဖြစ်ပြီး ရှေ.မြေချန်နဲ. နောက်ဖေးလမ်းကြားကိုတော့ ရှေ.၁၂ပေနဲ. နောက်ဖေးလမ်းကြားရှိပါက တစ်ပေနဲ.မရှိပါက ခြောက်ပေချန် ဆောက်လုပ်ရမှာ
ဖြစ်ပါတယ်။
ဌာနက ထပ်မံဖြေလျှော့ဖို. တင်ပြချက်များ
ခွင့်ပြုချက် မတောင်းခံဘဲ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေနဲ. ခွင့်ပြုမိန်.မရရှိသေးခင် ခွင့်ပြုချက်ထက်ပိုဆောက်တဲ့ ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေအတွက် ကန်ထရိုက်ထွက်ပြေးသွားတဲ့ အဆောက်အအုံတွေကို မြေရှင်က တရားစွဲခံရတဲ့ ပြဿနာတွေကို ဖြေလျှော့ပေးဖို. တင်ပြထားပါတယ်။
လက်ရှိပေးဆောင်ရတဲ့ နှုန်းထားတွေကတော့ တရားစွဲ ဒဏ်ကြေးတစ်နေ. ကျပ် ၁၀၀၀၀ မှ ကျပ် ၅၀၀၀၀ နဲ. ကြိုတင်ဆောက်ဒဏ်ကြေး တစ်နေ. ကျပ် ၁၀၀၀၀တို.ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အရပ်စာချုပ်နဲ. အဆောက်အအုံ အသေးစား ပြုပြင်မှုနဲ. အဆောက်အအုံ လုံးချင်းတည်ဆောက်မှု စတာတွေကို လည်း သက်ဆိုင်ရာဌာနကို ခွင့်ပြုချက်တောင်းခံရာမှာ အလွယ်တကူ ခွင့်ပြုမိန်.ချထားပေးဖို.အတွက်လည်း တင်ပြထားတယ်လို. သိရပါတယ်။
‘ခွင့်ပြုချက်မဲ့ ဆောက်လုပ်ပြီး ကန်ထရိုက်ပြေးတဲ့ ပြဿနာတွေက သင်္ဃန်းကျွန်း တစ်မြို.နယ်တည်းကို ရာကျော်ရှိတယ်။ တရားစွဲခံထားရတဲ့ တိုက်ပေါင်းဆိုရင် ၉၀၀ကျော်လောက်ရှိတော့ ဒဏ်ငွေဆောင်ဖို.အခက်တွေ.နေတဲ့ မြေရှင်တွေအတွက်
ဖြေလျှော့ဖို.တောင်းဆိုထားတာလို. ရန်ကုန်မြို.တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
Credit: The Trade Times