အိမ်ခြံမြေလောကအတွင်း ငွေကြေးခ၀ါချမှုကိစ္စများ ခေတ်အဆက်ဆက်တွင် ရှိခဲ့သကဲ့သို့ ယနေ့ကာလတွင်လည်း အများဆုံးရှိနေဟု သိရ

အိမ်ခြံမြေလောကအတွင်း ငွေကြေးခ၀ါချမှုကိစ္စများ ခေတ်အဆက်ဆက်တွင် ရှိခဲ့သကဲ့သို့ ယနေ့ကာလတွင်လည်း အများဆုံးရှိနေဟု သိရ - Property News in Myanmar from iMyanmarHouse.com
30 Jul 2015 11:02 am တွင် တင်ခဲ့သည်
1171 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏အိမ်ခြံမြေလောကအတွင်း ငွေကြေးခ၀ါချမှုကိစ္စများမှာ ခေတ်အဆက်ဆက်တွင် ရှိခဲ့သကဲ့သို့ ယနေ့ကာလတွင်လည်း အများဆုံးရှိနေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း (ဗဟို) မှ ဇူလိုင် ၂၅ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

သို့သော်လည်း လက်ရှိအိမ်ခြံမြေဈေးကွက်တွင် ၀န်ဆောင်မှုပေးနေသည့်အိမ်ခြံ မြေအကျိုးဆောင်မှာ
ငွေကြေးခ၀ါချမှုကိစ္စရပ်များ
ဆောင်ရွက်ရလောက်အောင် ကြီးမားသည့်လုပ်ငန်းရှင် မရှိကြောင်းနှင့်အသင်းအနေဖြင့်လည်း ငွေကြေးခ၀ါချမှုကိစ္စ
ရပ်များနှင့် ပတ်သက်ပြီး အသင်းဝင်များအား သတိပေးပြောကြားထားကြောင်း သိရသည်။

“မီဒီယာတွေနဲ့ ပြည်သူလူထုကြားမှာ ရှင်းရှင်းလင်းလင်း နားလည်ထားဖို့လိုတာက အိမ်ခြံမြေအကျိုးဆောင်၊ ပွဲစားများမှာ Money Laundry လုပ်ရလောက်အောင်အထိ ကြီးမားတဲ့လုပ်ငန်းရှင် မရှိဘူးဆိုတာ သိထားစေချင်ပါတယ်။ သဘောက အိမ်ခြံမြေရောင်းဝယ်တဲ့သူတွေထဲမှာ အိမ်ခြံမြေ၀န်ဆောင်မှုပေးတဲ့ အကျိုးဆောင်နည်းနည်းပါးပါး ပါကောင်းပါနိုင်ပေမယ့် တကယ်တမ်းကျတော့ အိမ်ခြံမြေ၀န်ဆောင်မှုကိုပေးနေတဲ့ အိမ်ခြံမြေအကျိုးဆောင်ပွဲစားတွေဟာ အိမ်ခြံမြေရောင်းဝယ် လက်ကြီးသမားတွေ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ထားဖို့လိုပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက ဆွမ်းခံရင်း ငှက်သင့်ဆိုတာမျိုး မဖြစ်ရအောင် ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ရဲ့ သင်တန်းတွေမှာ ၊နောက်တစ်ခါလစဉ်ပညာရှင်တွေနဲ့ တွေ့ဆုံပြောကြတဲ့အခါမှာလည်းဒီကိစ္စတွေကိုအမြဲတမ်းသတိပေးနေပါတယ်။

အိမ်ခြံမြေ၀န်ဆောင်မှုပေးနေတဲ့ သူတွေဟာ ငွေကြေးခ၀ါချတဲ့သူတွေ မဟုတ်ပါဘူး။ ငွေကြေးခ၀ါချတဲ့ ကိစ္စတွေကလည်း ခေတ်အဆက်ဆက်မှာ ရှိခဲ့တယ်။ ဒီခေတ်ကာလမှာလည်း အများဆုံးရှိနေတယ်လို့ ကျွန်တော်တို့ ကြားသိရပါတယ်။ ဒီကိစ္စတွေကိုလည်း သတင်းတွေ၊ ဆောင်းပါးတွေမှာပါပြီးဖြစ်ပါတယ်”ဟု
မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးသန်းဦးက သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံရှိ မြေအတော်များများကို နိုင်ငံခြားသားများမှ မြန်မာလူမျိုး အမည်ခံ ၀ယ်ယူမှုများရှိနေကြောင်း၊ ယင်းကဲ့သို့ အခြေအနေများကိုထိန်းသိမ်းစောင့်ရှောက်နိုင်ရန် လိုအပ်ကြောင်းလည်း သိရသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ မြေတော်တော်များများ အိမ်ရာတော်တော်များများကိုတခြားနိုင်ငံက
နိုင်ငံခြားသားတွေအနေနဲ့ မြန်မာလူမျိုးတွေကို နာမည်ခံပြီးတော့ ၀ယ်တာတွေ သို့မဟုတ် သူတို့ ကိုယ်တိုင် ၀င်ရောက်ပြီးတော့ ၀ယ်တာတွေရှိနေတယ်လို့ သိနေရတယ်။ ဒါတွေက အားလုံးလည်း သိနေတာပဲ။ နိုင်ငံတော်အစိုးရကလည်း သိပါတယ်”ဟု ဦးသန်းဦးက ဆက်လက်ပြောကြားခဲ့သည်။

ထို့ကြောင့် အိမ်ခြံမြေဈေးကွက်အတွင်းသို့ ငွေကြေးခ၀ါချမှုအဖြစ်ဖြင့် ၀င်ရောက်လာနိုင်သည့် အရောင်းအ၀ယ်မှန်သမျှ၊ အဂတိလိုက်စားမှုနှင့် ပတ်သက်သည့် ကိစ္စရပ်မှန်သမျှအတွက် အသင်းဝင်များအနေဖြင့် တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်းနေကြရန် အိမ်ခြံမြေအကျိုးဆောင်များအား သတိပေးထားကြောင်း သိရသည်။

အလားတူ နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိအချိန်တွင် ငွေကြေးခ၀ါချမှုနှင့် ပတ်သက်ပြီး သိန်း ၁၀၀၀ နှင့်အထက် အရောင်းအ၀ယ်ဆိုပါက ဘဏ်များတွင် စာရင်းထည့်ရကြောင်း၊ တစ်ချိန်တည်းတွင်ပင် စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင်လည်း တရားဝင်စာချုပ်ချုပ်ဆိုမည်ဆိုပါက စာရင်းသွင်းရမည် ဖြစ်ကြောင်း၊ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးအဖွဲ့မှလည်း မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည့်အခါများတွင် တရားဝင်ပြောကြားထားကြောင်း သိရသည်။

Credit: ElevenMediaGroup

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service