မြို့ ကြီး ရန်ကုန်နှင့် အိမ်ရာမဲ့တို့အနာဂတ်

မြို့ ကြီး ရန်ကုန်နှင့် အိမ်ရာမဲ့တို့အနာဂတ် - Property News in Myanmar from iMyanmarHouse.com
29 Jul 2015 10:21 am တွင် တင်ခဲ့သည်
1128 ကြိမ် ကြည့်ရှု့ပြီး
ယခုလို ၂၁ ရာစုကြီးတွင် လူရယ်လို့ဖြစ်တည်လာပါက စားရေးသောက်ရေးထက် နေရေးထိုင်ရေးမှာ ပို၍အဓိက ကျလာခဲ့သည်။ နားခိုစရာ အိမ်ကောင်းမွန်စွာမရှိခြင်းက အစားအသောက်ဖွယ်ဖွယ်ရာရာများ စားနေရသော်ငြား လည်း အနာဂတ်အတွက် ရတက်မအေးရပေ။ အပြိုင်အဆိုင်များလာသည့် ခေတ်ကြီးထဲတွင် အသက်ရှင်သန် ကြီးပြင်လာသည်နှင့် အမျှ မိမိဘဝကိုတစ်ဆင့်ထက်တစ်ဆင့် ပိုမိုကောင်းမွန်အောင် ကြိုးစားရင်း ဇီဝိန်းချွေကြရ သည်။ နားခိုစရာ အိမ်ပိုင်ဆိုင်မှု မရှိသူက အိမ်ပိုင်ဆိုင်မှု ရှိအောင်ကြိုးစားသကဲ့သို့ အိမ်တစ်လုံးပိုင်ပြီးသူကလည်း နောက်ထပ်အိမ်တစ်လုံးကို ရယူလိုသည်က လူ၏စရိုက် လက္ခဏာပင်ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံသည် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ခုဖြစ်လာရန်ကြိုးစားနေသေးသည့် ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုပင်ဖြစ်သည်။ ထို့အတူ နိုင်ငံအတွင်းရှိ ပြည်သူအများစု၏ စီးပွားရေးမှာလည်း ဖွံ့ဖြိုးဆဲ အဆင့် ပင်ရှိသေး၏။ ယင်းကဲ့သို့ ဖွံ့ဖြိုးဆဲ အဆင့်သာရှိသေးသည့် နိုင်ငံ၏အိမ်ခြံမြေဈေးနှုန်းမှာ ဖွံ့ဖြိုးပြီး နိုင်ငံတို့၏ အိမ် ခြံမြေဈေးနှုန်းထက် သာလွန်နေသည်က နိုင်ငံသူ၊ နိုင်ငံသားတိုင်း အိမ်ရာပင်ဆိုင်ခွင့်ဆိုသည်က အလွန်တရာမှ အလှမ်းကွာဝေးလှသည့် ဇာတ်လမ်းတစ်ပုဒ်ကဲ့သို့ပင်ရှိနေလေသည်။ နိုင်ငံ၏ စီးပွားရေး ရေချိန်မှာ အတိုင်အတာ တစ်ခုအထိ မရောက်ရှိသေးသော်လည်း အိမ်ခြံမြေဈေးနှုန်းများမှာ လိုအပ်သည့်ပမာဏထက် ကျော်လွန်နေ သည်က နိုင်ငံအတွက် စိုးရိမ်စရာပင်ဖြစ်သည်။ ထို့အတွက် နိုင်ငံသူ၊ နိုင်ငံသားတို့သည် ၎င်းတို့၏ ဝင်ငွေဖြင့် လုံးချင်းအိမ်နှင့် မြေကွက်များကို ဝယ်ယူနိုင် ခြင်းမရှိသည့်အတွက် ကန်ထရိုက်တိုက်ကို ဦးစားပေးဝယ်လာကြ ကာ၊ ယင်းထက် အဆင့်အတန်းမြင့်မြင့်နေထိုင်ချင်သူများကို ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူလာကြသည်။ တစ် နည်း ဆိုရလျှင် သူ့အိုးနှင့် သူ့ဆန် ဆန့်သလောက်ဝယ်ယူခြင်းလည်းဖြစ်သည်။ ယင်းကြောင့်လည်း လက်ရှိ ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် ကန်ထရိုက်တိုက်များပို၍ရောင်းသွက်လျက်ရှိသည်။

“ ရန်ကုန်မှာက မြေဈေး အရမ်းကြီးနေပြီ၊ လုံးချင်းအိမ်ဝယ်ဖို့ဆိုတာ ပိုဆိုးသေးတယ်။ အခန်းငှားဖို့ကလည်း သိတဲ့အတိုင်းပဲ ရတဲ့လစာပါ ကုန်သွားလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့လို နယ်ဝေးအလုပ်လုပ်သူတွေ အတွက်က အဆောင်ဆိုတာက အကောင်းဆုံးပဲ။ တစ်လကိုမှ နှစ်သောင်းကျော်ကျော်ပဲရှိမယ်။ အဲ့ဒါက ပိုပြီး အဆင်ပြေတယ်” ဟု ကျောင်းကုန်းမှ ရန်ကုန်တွင် အလုပ်လာရောက်လုပ်ကိုင်သော သူတစ်ဦးက ရန်ကုန်တွင် အိမ်ခြံမြေဈေး အလွန်မြင့်တက်မှုကြောင့် အဆောင်တွင်နေထိုင်ရကြောင်း ဆိုခဲ့သည်။

ရန်ကုန်မြို့၏ မြေဈေးနှုန်းများမှာ ယခုအခါ သာမာန်လူတစ်ဦးက အခြေခံလုပ်ခလစာနှင့် ယှဉ်လျှင် ယခု တစ်သက်ပင် ဝယ်ယူနိုင်ရန်မှာ လမ်းစပင်မရှိပေ။ သာမာန်လူအများစုက ကန်ထရိုက်တိုက်ခန်း ကိုအများစု ရွေးချယ်ဝယ်ယူလာကြသည်။ သို့သော် လက်ရှိ ကန်ထရိုက်တိုက်ဈေးပင်လျှင် နေရာဒေသအလိုက် ကွာသည် ကိုထားဦး အင်းစိန်လိုနေရာမျိုးတွင်ပင် လေလွှာနှင့်အထက်မှ ကျပ်သိန်း ၂၀၀ ကျော်ဈေးပေါက်နေသည်။ အဆိုပါ ပမာဏမှာ ပေါပေါလောလော ပမာဏမဟုတ်သည့်အတွက်ကြောင့်လည်း လက်ရှိ ရန်ကုန် တိုင်းတွင် အိမ်ရာပိုင်ဆိုင်မှု မရှိသည့် လူတန်းစားအရေအတွက်မှာ များပြားနေလေသည်။ ထို့အပြင် နှစ်စဉ်ရန်ကုန်မြို့ သို့ ရွှေ့ ပြောင်း လုပ်သားဝင်ရောက်မှုနှုန်းမှာလည်း မြင့်တက်လာခဲ့သည့်အတွက် ရန်ကုန်မြို့ တွင် အိမ်ရာမဲ့ ပြဿ နာတစ်ရပ်မှာ နေ့ချင်း၊ ညချင်းကြီးထွားလာခဲ့သည်။ ယင်းမှ တစ်ဆင့်ကျူးကျော်ပြဿနာနှင့် မြို့တော် အင်္ဂါရပ်နှင့် မကိုက်ညီသည့် နေထိုင်မှုများပေါ်ပေါက်လာခဲ့သည်။ “ နယ်က အလုပ်လာလုပ်တဲ့သူတွေ အိမ်ဝယ်ဖို့မပြောနဲ့ ရန်ကုန်မှာ မွေးတဲ့ ကျွန်တော်တောင် အခု အသက် ၂၅ နှစ်ကျော်ပြီး အိမ်မဝယ်နိုင်သေးဘူး။ တကယ်လို့ ဝယ် ဖြစ်ရင်လည်း ဈေးသက်သာတဲ့ နေရာမှာပဲဖြစ်နိုင်ပါလိမ့်မယ်။ မြေသီးသန့်ပဲ ဝယ်ဖြစ်မယ်ထင်တယ်။ ကိုယ် အသက်ရှင်တုန်းလေး အိုးပိုင်အိမ်ပိုင်နဲ့ နေချင်သေးတယ်” ဟု လှိုင်မြို့ နယ်နေ အိမ်ငှားတစ်ဦးက ပြောကြားခဲ့ သည်။

ရန်ကုန်နေလူထုအတွက် နေထိုင်ရန် အိမ်ခန်းအရေအတွက်အများအပြားလိုအပ်လျက်ရှိသေးသည့်အပြင် နောင် ငါးနှစ်အထိ ကျူးကျော် ပြဿနာကို မရှင်းလင်းနိုင်ပါက ရန်ကုန်မြို့ သို့လာရောက် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှုများကို လက်လွှတ်ရလိမ့်မည်ဖြစ်သည်။ စီးပွားရေးမြို့ တော်လည်းဖြစ်သည့် ရန်ကုန်မြို့ ကြီးတွင် နေစ ရာ အိမ်မရှိ၍ လမ်းဘေးပေါ်တွင် အိပ်စက်နေသော ကလေးသူငယ်အရေအတွက်မှာ ပိုမိုများပြားလာခြင်းက လည်း တိုင်းဒေသကြီးအစိုးတွင်သာမက၊ နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှလည်း ဝိုင်းဝန်း အဖြေရှာပေးသင့်သည်။ ထိုသို့မှ မဟုတ်လျှင် လမ်းပေါ်တွင် အိပ်စက်နေသော ကလေးသူငယ်တို့၏ အနာဂတ် မှာ မတွေးရဲစရာပင်ဖြစ်သည်။ “ အိမ်ရာမဲ့ အရေအတွက်များပြားလာတဲ့ဟာ နိုင်ငံအနာဂတ်လုံးဝသက်ဆိုင်တဲ့ ကိစ္စပါ။ နောက်ပြီး ဒီအထဲမှာ အရွယ်ဆုံဖြစ်တဲ့အတွက် ပိုပြီးအရေးကြီးပါတယ်။ အိုးမဲ့၊ အိမ်မဲ့ဖြစ်နေတဲ့ လူလတ် ပိုင်းတွေနဲ့ လူငယ်တွေရဲ့ လူ့အရင်းအမြစ်ကို ထုတ်နုတ်သုံးစွဲနိုင်အောင်လို့ပြုလုပ်သင့်တယ်။ ဒါမှမဟုတ်ရင် ဒီလူငယ်တွေ အားလုံးနီးပါး လေလွင့်သွားလိမ့်မယ်။ သူတို့တွေကို အလုပ်နဲ့ အိမ်ပိုင်ဆိုင်ခွင့်ကို အဓိကထား ပြု လုပ်ပေးသင့်တယ်။

လက်ရှိ ရန်ကုန်မြို့ရှိ လူဦးရေ သိပ်သည်းမှုကို ခွဲထုတ်ရန် မြို့သစ်များစီမံရန်လျာထားသော်လည်း အမှန်တကယ် အားဖြင့် အဆိုပါ မြို့သစ်တွင် တန်ဖိုးနည်းအိမ်ရာများကိုပါ အိမ်ရာမဲ့တို့အတွက် စီစဉ်ပေးသင့်သည်။ တန်ဖိုးနည်း အိမ်ရာမှာ ရန်ကုန်မြို့ရှိ အိုးမဲ့အိမ်မဲ့တို့အတွက် အနာဂတ်ပင်ဖြစ်သည်။ ထို့အတွက် မြို့သစ်များတွင် တန်ဖိုးနည်း အိမ်ရာများကို အကောင်အထည်ဖော်ရန်လိုအပ်သလို အဆိုပါတန်ဖိုးနည်းအိမ်ခန်းများ အိမ်ရာမဲ့တို့လက်ထဲ အမှန်တကယ်ရောက်ရှိသွားရန်မှာ ပို၍ပင်အရေးကြီးသည်။ ထိုသို့မှ မဟုတ်လျှင် သဲထဲရေသွန်သကဲ့သို့ ပြည့်ပြီး သားရေအိုးများကို ရေဖြည့်သကဲ့သို့ အကြောင်းထူးမည်မဟုတ်ကြောင်းရေးသားလိုက်ရပါသည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service