မုံရွာမြို့ ကန်သာယာကန် အနီး စည်ပင်သာယာရေးအဖွဲ့ပိုင် မြေနေရာတွင် ရေကမ္ဘာအပန်းဖြေ ဥယျာဉ်၊ ဟိုတယ်နှင့်တန်ဖိုးသင့် အိမ်ရာစီမံကိန်းများ အကောင်အ ထည်ဖော်တည်ဆောက်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရုံးမှ သတင်းရရှိသည်။
အဆိုပါစီမံကိန်းများ အကောင်ထည်ဖော် တည်ဆောက်ရေး လုပ်ငန်းနှင့်ပတ်သက်၍ပထမအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ (ဇူလိုင် ၂၂ ရက်) တွင် တိုင်းဒေသကြီးလွှတ်တော်၏ သဘောဆန္ဒရယူ၍ အတည်ပြုခဲ့ခြင်းဖြစ်သည်။
‘‘မုံရွာမြို့အနေနဲ့ မြို့ပြဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ ပြည်သူ များအပန်းဖြေနားနေရန်အဆင့်မီ ကစားကွင်း၊ ပန်းခြံတစ်ခုလိုအပ် လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ ကန် သာယာတစ်ဖက်ခြမ်းရှိ စည်ပင် သာယာရေးအဖွဲ့ပိုင် မြေ ၁၇ဧကပေါ်၌ ရေကမ္ဘာအပန်းဖြေဥယျာဉ်တစ်ခုကို မြန်မာနိုင်ငံသားများပိုင်ကုမ္ပဏီနှင့်အကျိုးတူ ဆောင်ရွက်ရန် လျာထားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ကက်ဘိနက် အစည်းအဝေးမှာ သဘောတူပြီးဖြစ်ပါကြောင်း တင်ပြလိုပါတယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့စည်ပင်သာယာရေး ၀န်ကြီးဦးတင်လှိုင်မြင့်က တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
ရေကမ္ဘာအပန်းဖြေဥယျာဉ် စီမံကိန်းကို စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့နှင့် Media One Co.Ltd(UMG)တို့ ပူးပေါင်း၍ မုံရွာမြို့ ကန်သာယာအနီး စည် ပင်သာယာရေးအဖွဲ့ပိုင် မြေနေရာ ၌ တည်ဆောက်ရန်လျာထားခဲ့ ခြင်းဖြစ်သည်။ စီမံကိန်းအပိုင်း (၁)အနေဖြင့် ရေကမ္ဘာအပန်းဖြေ ဥယျာဉ်မြေ ၅ဒသမ၅ဧက၊ ဟို တယ်မြေတစ်ဧက၊ ရေလှောင်ကန် ၁ဒသမ၅ဧက၊ ပြည်သူများ အခမဲ့အပန်းဖြေနေရာ မြေ ၁ဧကနှင့် စီ မံကိန်းအပိုင်း (၂)တွင် တန်ဖိုးသင့်မျှတအိမ်ရာစီမံကိန်း ခြောက်ဧကတို့ လျာထား ဆောင်ရွက်မည်ဖြစ်သည်။
‘‘ကန်သာယာကန်ရဲ့ အရှေ့ဘက်မုံရွာမြို့လယ်တီရပ်ကွက်အ တွင်းမှာ ရေကမ္ဘာအပန်းဖြေစခန်း တည်ဆောက်သွားမှာပါ။ လက်ရှိ ဖောက်လုပ်ဆဲဖြစ်တဲ့ ပြည်ထောင် စုလမ်းအမှတ်(၂)ရဲ့အရှေ့ဘက် မှာ တည်ရှိပါတယ်’’ဟု မုံရွာမြို့ နယ်စည်ပင်သာယာရေးကော်မ တီဥက္ကဋ္ဌ ဦးမောင်မောင်ကပြော သည်။ ရေကမ္ဘာအပန်းဖြေဥယျာဉ် ကို နိုင်ငံတကာအဆင့်မီဥယျာဉ် အသွင်သဏ္ဌာန်ဖြစ်စေပြီး အများ ပြည်သူများအပန်းဖြေနိုင်စေရန် နှင့် လွတ်လပ်စွာအနားယူနိုင်မည့် နေရာအဖြစ် ရည်ရွယ်၍တည် ဆောက်မည်ဖြစ်သည်။ စီမံကိန်းတည်ဆောက်မည့်ကာလ ၂ နှစ်သတ်မှတ်စေလိုပြီး မြေငှားရမ်းခအဖြစ် တစ်ဧကလျှင် ကျပ်ငါးသောင်းနှုန်း၊ မြေအသုံးချမှုပရီမီယံအဖြစ် တစ်ဧက တစ်နှစ်လျှင်ကျပ်နှစ်သောင်းနှုန်း ဖြစ်သည်။မြေငှားရမ်းမှု ကနဦး၃၅ နှစ် ဖြစ်၍ငါးနှစ်တစ်ကြိမ်သက်တမ်းတိုး
သုံးကြိမ်ဖြင့်သက်တမ်း နှစ်ငါးဆယ်စာချုပ်ချုပ်ဆိုရန်ဖြစ်သည်။
အပန်းဖြေဥယျာဉ်ဝင်ကြေး တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့်နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်ဖွင့်လှစ်သွားရန် စီစဉ်ထားသည်။ ရေကမ္ဘာ အပန်းဖြေဥယျာဉ် အရင်းနှီးမတည်ငွေမှာ အမေရိကန်ဒေါ်လာ ငါးသန်းဖြစ်ကြောင်း တင်ပြချက်များအရသိရသည်။
ဟိုတယ်အဆောက်အအုံ သည် ခြောက်ထပ်အခန်းပေါင်း ၁၀၄ ခန်း ပါဝင်မည်ဖြစ်သည်။ ဟိုတယ်တွင် ခန်းမကျယ်၊ စားသောက်ဆိုင်၊အားကစားခန်းမနှင့်အလှပြင်ခန်းမတို့လည်းပါဝင်မည်ဖြစ်သည်။ မြေငှားရမ်းလုပ်ကိုင်လိုသည့်ကာလမှာ နှစ် ၅၀ ဖြစ်ပြီး ဟိုတယ်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှု မတည်ငွေမှာ အမေရိကန်ဒေါ်လာနှစ်သန်းဖြစ်သည်။
မိုးရာသီတွင် ရေများကစား ကွင်းအတွင်းရှိ ကန်များထဲသို့ တိုက်ရိုက်မ၀င်ရောက်စေရန် ရေ သွယ်မြောင်းစနစ်ထားရှိမည်ဖြစ်သည်။ ရေလှောင်ကန်အတွင်းဝင် ရောက်စေရန် ရည်ရွယ်၍ မြေဧရိ ယာ ၁ ဒသမ ၅ ဧကတွင်ကစားကွင်းမှအသုံးပြုမည့် ရေများကို ရေဆိုးသန့်စင်စနစ်ဖြင့်သိုလှောင်ထားရှိရန်စီစဉ်ထားသည်။ ရေ လှောင်ကန်နှင့်တစ်ဆက်တည်း မြေဧရိယာ တစ်ဧကတွင် အခမဲ့အပန်းဖြေနားနေရာ စီစဉ်ထားရှိမည်ဖြစ်ပြီး စိမ်းလန်းဧရိယာ အဖြစ်တည်ဆောက်ရန် စီစဉ်ထားသည်။ တန်ဖိုးသင့်အိမ်ရာစီမံကိန်း တွင် အဆောက်အအုံ ၁၇လုံးပါ ၀င်မည်ဖြစ်ပြီးအဆောက်အအုံ တစ်လုံးလျှင် လေးခန်းတွဲ ငါးထပ် ပါဝင်မည်ဖြစ်၍ အခန်းပေါင်း ၃၄၀ခန်းနှင့် ကားရပ်နားရန်နေရာ များပါဝင်မည်ဖြစ်သည်။
ကုမ္ပဏီ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အ နေဖြင့် ကြမ်းခင်းဧရိယာကို အခြေ ခံ၍ ၈၀း၂၀၊ ၇၀း၃၀ စသည့်အချိုး အရအထပ်များနှင့်အခန်းများကိုခွဲဝေ၍နှစ်ဖက်စလုံးမှ ရောင်းချခြင်း၊ ငှားရမ်းခြင်းတို့ ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်သည်။ တန်ဖိုးမျှတအိမ်ရာစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုမတည်ငွေမှာ အမေရိကန်ဒေါ်လာ ၁၀သန်း ဖြစ်ပြီး အခန်းများ အပြီးအပြတ် ရောင်းချခြင်းဖြစ်၍ ငှားရမ်းခပေးဆောင်ရန်မလိုဘဲ နိုင်ငံတော်ကကောက်ခံသည့် ရေ၊မီး၊သန့်ရှင်းရေးနှင့်အခြားအခွန်အခများကိုသာ
ပေးဆောင်ရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြချက်များအရသိရသည်။
Credit: 7Daydaily