ဒေါ်လာ ၁၄,၀၀၀ ဖြင့် လေလံအောင်နိုင်သည့် စပိန်လေဆိပ်

ဒေါ်လာ ၁၄,၀၀၀ ဖြင့် လေလံအောင်နိုင်သည့် စပိန်လေဆိပ် - Property News in Myanmar from iMyanmarHouse.com
21 Jul 2015 10:10 am တွင် တင်ခဲ့သည်
715 ကြိမ် ကြည့်ရှု့ပြီး
အာရှနဲ့ ဗြိတိန်ရင်းနှီးမြှုပ်နှံသူတွေဟာ စပိန်မှာ အသုံးမပြုတော့တဲ့ လေဆိပ်တစ်ခုကို အမေရိကန်ဒေါ်လာ ၁၄,၀၀၀ (လေဆိပ်တည်ဆောက်မှုကုန်ကျစရိတ်ရဲ့ ၀ ဒသမ ၀၀၀၉ ရာခိုင်နှုန်းခန့်) နဲ့ ၀ယ်ယူဖို့ စဉ်းစားနေကြပါတယ်။

Ciudad Real Central Airport ကို Tzaneen International အဖွဲ့မှ ကမ်းလှမ်းတဲ့ ဈေးက အရမ်းနည်းနေပေမယ့် အဲ့လေဆိပ်အတွက် အဲ့အဖွဲ့ဟာ တစ်ခုတည်းသော လေလံဆွဲသူပါပဲ။
Tzaneen အဖွဲ့ကို စပိန်မှာ ဗြိတိန်၊ တရုတ်နဲ့ အခြားအာရှ ရင်းနှီးမြှုပ်နှံသူတွေက မြို့တော် မက်ဒရစ်တောင်ပိုင်း ကီလိုမီတာ ၂၀၀ မှာရှိတဲ့ အဲ့ဒီလေဆိပ်ဝယ်ယူရေးအတွက် ဖွဲ့စည်းခဲ့တာပါ။

တရုတ်တင်သွင်းကုန်တွေအတွက် ထောက်ပံ့ပို့ဆောင်ရေးအချက်အချာနေရာတစ်ခုအဖြစ် Ciudad Real လေဆိပ်ကို ပြောင်းလဲဖြစ်ဖို့ ဒေါ်လာ ၁၂၅ သန်းအထိ ရင်းနှီးမြှပ်နှံမယ်လို့ Tzaneen အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ လေလံအောင်နိုင်ခြင်းရှိမရှိဆိုတာကိုတော့ ကုန်သွယ်ရေးတရားရုံးတစ်ရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရမှာပါ။ တရားသူကြီးကတော့ ဒီ့ထက်မြင့်တဲ့ဈေးနှုန်းကမ်းလှမ်းလာခြင်းရှိမရှိ အချိန်အနည်းငယ်ယူစောင့်ကြည့်မယ်လို့ ကြေညာထားပါတယ်။ လေလံဆုံးဖြတ်ချက်ကို လာမယ့် စက်တင်ဘာလလယ်လောက်မှာ ထုတ်ပြန်လောက်တယ်လို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီလေဆိပ်ဟာ စပိန်မှာ Ghost Airport လို့ခေါ်တဲ့ ၀ိညာဉ်လေဆိပ်များစွာထဲက တစ်ခုပါပဲ။ အဆောက်အအုံတည်ဆောက်မှုတွေ ခေတ်စားတဲ့ကာလအတွင်း တည်ဆောက်ခဲ့ပြီး နိုင်ငံ့စီးပွားရေးအကျပ်အတည်းထဲ ရောက်ခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာပဲ လေဆိပ် စတင်လည်ပတ်တော့ လေဆိပ်တည်ထောင်သူတွေက လေကြောင်းလိုင်းတွေ (အထူးသဖြင့် မက်ဒရစ်ကို ဦးတည်တဲ့ လေကြောင်းလိုင်းတွေ)ကို ဆွဲဆောင်နိုင်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။
ဒါပေမဲ့ မက်ဒရစ်ရဲ့ ပင်မ Barajas လေဆိပ် တိုးချဲ့မှုကြောင့် အဲ့ဒီမျှော်လင့်ချက်တွေ ပျက်ပြားခဲ့တာဖြစ်ပါတယ်။

Ciudad Real လေဆိပ်ဟာ အကြွေး အမေရိကန်ဒေါ်လာ သန်း ၄၀၀ တင်နေပြီး ၂၀၁၁ ခုနှစ်ကတည်းက အသုံးမပြုခဲ့တော့တာပါ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)
ဒေါ်လာ ၁၄,၀၀၀ ဖြင့် လေလံအောင်နိုင်သည့် စပိန်လေဆိပ် - Property News in Myanmar from iMyanmarHouse.com
ဒေါ်လာ ၁၄,၀၀၀ ဖြင့် လေလံအောင်နိုင်သည့် စပိန်လေဆိပ် - Property News in Myanmar from iMyanmarHouse.com
ဒေါ်လာ ၁၄,၀၀၀ ဖြင့် လေလံအောင်နိုင်သည့် စပိန်လေဆိပ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service