အိမ်ခြံမြေဟောပြောပွဲမှာအမေးများကြတဲ့ မောင်နှမ အမွေဝေစုကိစ္စတစ်ခု

အိမ်ခြံမြေဟောပြောပွဲမှာအမေးများကြတဲ့ မောင်နှမ အမွေဝေစုကိစ္စတစ်ခု - Property News in Myanmar from iMyanmarHouse.com
17 Jul 2015 11:29 am တွင် တင်ခဲ့သည်
2293 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ တပ်မတော်ခန်းမမှာ iMyanmarHouse.com က ကျင်းပပြုလုပ်တဲ့မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲကြီးကို (၁ .၅ .၂၀၁၅) မှ (၃ .၅ .၂၀၁၅) နေ့ထိသုံးရက်တိုင်တိုင်ကျင်းပပြုလုပ်ပေးခဲ့တာ၊ အိမ်ခြံမြေပြပွဲကြီးကိုလာရောက်အားပေးသူတိုင်းအမှတ်တရရှိနေကြဆဲဖြစ်မယ်လို့စာရေးသူယုံကြည်နေပါတယ်။ (၃)ရက်တိုင်တိုင်ကျင်းပပြုလုပ်တဲ့ အိမ်ခြံမြေအရောင်းပြပွဲကြီးမှာ လာရောက်ကြည့်ရှုအားပေးကြတဲ့ ဧည့်သည်တော်များကိုမဲဖောက်ပြီး အမှတ်တရလက်ဆောင်များပေးတဲ့အတွက်လည်း သတိတရရှိနေကြဦးမှာပါ။


သိလိုသူတွေမေးသမျှမောင်ကောင်းဖေကရေးပြ

မြန်မာနိုင်ငံမှာအကြီးကျယ်ဆုံး အိမ်ခြံမြေပြပွဲကြီးကျင်းပပြုလုပ်တဲ့ရန်ကုန်မြို့တပ်မတော်ခန်းမမှာ ၃.၅.၂၀၁၅ (တနင်္ဂနွေနေ့) စာရေးသူလည်းပါဝင်ဟောပြောခွင့်ရခဲ့လို့ ယနေ့အထိ ၀မ်းသာ ဂုဏ်ယူနေတုန်းပါပဲ။ ဟောပြောပွဲကြီးမှာစာရေးသူထံမှာ သိ လိုသည်များကိုမေးမြန်းနိုင်ကြောင်း အခမ်းအနားမှူးကကြေညာပေးလိုက်တဲ့အခါမှာ ဧည့်ပရိသတ်အတွင်းမှမေးမြန်းလိုသူတွေတစ်ဦးပြီးတစ်ဦး ရှေ့ဆင့်နောက်ဆင့်ရောက်လာကြတယ်။ မိမိတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ အိမ်ခြံမြေအရောင်းအ၀ယ်ကိစ်္စတွေ ကိုလာရောက်ဆွေးနွေးကြပါတယ်။
တချို့ကလည်း သိလိုတာတွေအေးအေးဆေးဆေးလာရောက်ဆွေးနွေးလိုကြောင်းပြောပြီး စာရေးသူထံမှလိပ်စာကတ်ပြား တောင်းကာနှုတ်ဆက်ပြီးအသီးသီးပြန်သွားကြပါတယ်။ အဲဒီပရိသတ်ထဲမှ “ဒေါ်နွဲ့” တစ်ယောက်ကတော့မနက်ဖြန်ထိမစောင့်နိုင်လို့အခုပဲသိလိုကြောင်း မေးပါရစေဆိုပြီး မေးတော့တာပါပဲ။ဘိုးဘွားပိုင်မြေဆိုတာ ဂရန်စာအုပ်လုပ်စရာမလိုပါ

“ဆရာရယ် ကျွန်မကဆရာ့ရဲ့စာဖတ်ပရိသတ်ပါ။ ဖုန်းဆက်ပြီး လည်းမေးဖူးပါတယ်။ အခုဆရာနဲ့တိုက်တိုက်ဆိုင်ဆိုင် ဒီအိမ်ခြံမြေအရောင်းပြပွဲကြီးမှာလာတွေ့ရလို့ အရမ်းလည်းဝမ်းသာသွားပါတယ်။ ကျွန်မတို့ကမရမ်းကုန်းမြို့နယ်မှာနေပါတယ်။ မြေကွက်အကျယ် ပေ၈၀၊ ၁၂၀ပေ ခြံကွက်ထဲမှာမိဘတွေလက်ထက်ကတည်းကနေလာတဲ့ဘိုးဘွားပိုင်မြေလေ။ ဘိုးဘွားပိုင်မြေဆိုတော့ ဂရန်မရှိဘူးပေါ့ဆရာ”
“ဒီလိုဆိုရင် ဒီနေ့အထိမိဘတွေရဲ့အမည်ပေါက်စာချုပ်နဲ့ပဲနေလာတာပေါ့နော်” ..““ဟုတ်ပါတယ်၊ မိခင်အမည်ပေါက်ပါရှင်””

မိဘအမွေသားသမီးဆက်ခံ

““အဘိုးအဘွားတွေကွယ်လွန်သွားတဲ့အခါမှာတစ်ဦးတည်း သောသမီးဖြစ်တဲ့ကျွန်မတို့အမေ ဒေါ်တင်တင်ကအမွေဆက်ခံခဲ့တာပေါ့ရန်ကုန်မြို့စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ အမွေဆက်ခံဖို့ပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဆိုပြီးနောက်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှာအမည်ပြောင်းပြီးနေလာခဲ့တာပါ။ ၂၀၁၀ ခုနှစ်မှာဖေဖေနဲ့မေမေတို့ကရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားကြတယ်လေ””

အမွေဆိုင်မြေအညီအမျှခွဲဝေနေ

““မိဘတွေကွယ်လွန်သွားတဲ့အခါသားသမီး ၃ ယောက်ကျန်ခဲ့တယ်။ မနွဲ့ရယ်၊ အစ်မအလတ်မခင်ခင်နဲ့အစ်ကိုကြီး ကိုဖြိုး ပိုင်တို့ပေါ့ကျွန်မနဲ့မခင်ခင်က ၄၀ပေ၊ ၁၂၀ ပေကို ၂၀ပေ၊ ၁၂၀ စီ တစ်ယောက်တစ်ဝက် ခွဲဝေယူကြတယ်။ ကိုယ်ပိုင်တဲ့မြေပေါ်မှာတိုက်ဆောက်ပြီးနေထိုင်ကြတယ်။ အစ်ကိုကြီး ကိုဖြိုးပိုင်ကတော့ ၄၀ပေ၊ ၁၂၀ပေ ခွဲဝေယူပြီး သီးခြားအိမ်ဆောက်နေထိုင်တယ်။ အမှန်ကတော့ ၃ ယောက်လုံး ၂၀ပေ၊ ၁၂၀ပေ စီ ခွဲဝေယူကြတာပါပဲ။ ပိုနေတဲ့ ၂၀ပေ၊ ၁၂၀ ကိုပြန်ရောင်းတဲ့အခါအစ်ကိုကြီးက ပြန်ဝယ်လိုက်တာပေါ့ အစ်ကိုကြီးပေးတဲ့ငွေတွေကိုလည်းသုံးဦးလုံး အညီအမျှခွဲဝေယူပြီးသွားပါပြီ””

မောင်နှမအရင်းဖြစ်သော်လည်း မြေနဲ့ပတ်သက်လာရင်ယုံရခက်ကြီးပါ

စာရေးသူကရှင်းရှင်းလင်းလင်းသိလို၍ “မောင်နှမအရင်းချင်း တွေဆိုတော့ ဒီလိုဘဲ (၃) ဦးသဘောတူယူကြတော့တာပေါ့ ဟုတ်လား” “မှန်ပါတယ်ဆရာ” “မှတ်ပုံတင်စာချုပ်ပြီး တရားဝင်ခွဲစိတ် ရခြင်းတော့မရှိသေးဘူးပေါ့ကျွန်မကခြေရင်းခြမ်းယူတယ်။ အစ်မအလတ်ကခြံရဲ့အလယ်ကွက်မှာနေတယ်။ အစ်ကိုကြီးကတော့ခေါင်း ရင်းခြမ်းမှာနေကြတယ် ပိုင်းခြားခွဲဝေထားတဲ့ အရပ်ကတိစာချုပ်နဲ့ပဲနေလာခဲ့ကြတာ ဒီနေ့အထိပဲဆရာ။ မောင်နှမအရင်းချင်း တွေဆိုတော့ဘာမှပြဿနာမရှိလောက်ပါဘူးနော်။ ဒီတိုင်းနေသွား လို့ရတယ်မဟုတ်လားဆရာ” စာရေးသူကိုထပ်ခါတလဲလဲမေး တော့စာရေးသူက ဒေါ်နွဲ့မေးတဲ့မေးခွန်းကိုသဘောကျလွန်းလို့ပြုံးလိုက်မိတယ်။

ရှင်းရာမှ ရှုပ်အောင်မွှေတတ်တဲ့ “မြေ”

ဒီတော့ ဒေါ်နွဲ့က “ဆရာပြုံးတာအဓိပ်္ပာယ်ရှိတယ်။ အဲဒါရှင်း ပြပေးပါဦးဆရာ” “ အမွေဆိုတာမွှေတတ်တဲ့သဘောရှိတယ်ဒေါ်နွဲ့ရယ်မြေနဲ့ပတ်သက်တဲ့အမွေဆိုရင်တော့အဆိုတော်သားစိုးရဲ့ ရောသမမွှေသီချင်းလိုပါပဲမွှေပြီးရင်းမွှေတတ်ကြလို့ ဒေါ်နွဲ့တို့မောင်နှမသုံးယောက်စိတ်တူသဘောတူချစ်ကြခင်ကြကြင်နာကြတဲ့အချိန်အခုလိုအသက်ထင်ရှားရှိတုန်း၊ စာချုပ်မှတ်ပုံ တင်လို့တရားဝင်ခွဲစိတ်ပြီး အမည်ပေါက်လုပ်ထားကြမှနောင်ရေး စိတ်အေးရလိမ့်မယ်နော်””

ဆက်လက်ဖော်ပြပါမည်။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ MyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
အိမ်ခြံမြေဟောပြောပွဲမှာအမေးများကြတဲ့ မောင်နှမ အမွေဝေစုကိစ္စတစ်ခု - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service