ဒဂုံမြို့သစ်(အရှေ့ပိုင်း) အိမ်ခြံမြေဈေးကွက် ၀ယ်ယူသူများ ပိုမို အာရုံစိုက်လာ

ဒဂုံမြို့သစ်(အရှေ့ပိုင်း) အိမ်ခြံမြေဈေးကွက် ၀ယ်ယူသူများ ပိုမို အာရုံစိုက်လာ - Property News in Myanmar from iMyanmarHouse.com
17 Jul 2015 9:36 am တွင် တင်ခဲ့သည်
1488 ကြိမ် ကြည့်ရှု့ပြီး
ဟံသာဝတီ လေဆိပ်စီမံကိန်း၊သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ယခုနှစ်အတွင်း တည်ဆောက်လျက်ရှိသော
တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကြောင့် အဆိုပါဒေသများရှိ အိမ်ခြံမြေများကို ၀ယ်ယူသူများ အာရုံစိုက်လာခြင်းနှင့်အတူ
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၏အိမ်ခြံမြေဈေးကွက်ကိုလည်းယခုလပိုင်းအချိန်များတွင်စိတ်ဝင်စားသူများပြားခဲ့ကြောင်းအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။ ရန်ကုန်မြို့သစ်စီမံကိန်းကိုစတင်အကောင်အထည်ဖော်ရန် ပြင်ဆင်နေချိန်တွင်မြို့သစ်စီမံကိန်းနှင့်အတူထိုမြို့သစ်စီမံကိန်းနှင့်နီးစပ်ပြီးမကြာမီအချိန်ကတည်ထောင်ခဲ့သောမြို့သစ်များတွင် မြေရင်းနှီးမြှုပ်နှံလိုသူများစိတ်ဝင်စားမှုများပြားလာကြောင်းဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိသစ္စာအိမ်ခြံမြေ အကျိုးဆောင် ဒါရိုက်တာ ဒေါ်သူဇာမေက ပြောသည်။

“ရန်ကုန်မြို့သစ်စီမံကိန်း စတော့မယ်လို့ သတင်းတွေကြားလာတော့ မြို့သစ်စီမံကိန်း နဲ့နီးစပ်နေတဲ့ မြို့တွေကို စုံစမ်းတာတွေ များလာတယ်။
မြို့သစ်က အခုမှတည်မှာဖြစ်လို့အသစ်စလုပ်ရမှာဖြစ်ပြီး ဒီမြို့တွေကအတန်အသင့်ဖွံ့ဖြိုးတိုးတက်နေတဲ့မြို့တွေဖြစ်ပြီးမြေဈေးတွေလည်း အရမ်းမကြီးမြင့် သေးလို့ ၀ယ်ယူလိုသူတွေ စိတ်ဝင်စားကြတာလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းကပြောသည်။

လွန်ခဲ့သော နှစ်နှစ်ကျော်ခန့်က စတင် ခဲ့သော ဟံသာဝတီလေဆိပ်စီမံကိန်း၊ ပဲခူးစက်မှုဇုန်စီမံကိန်းများ အကောင်အထည်ပေါ်လာပါကဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် သည် အချက်အချာကျသောမြို့နယ်တစ်ခု ဖြစ်လာနိုင်ပြီး စီးပွားရေးအခွင့်အရေးများလည်းများပြားလာနိုင်ကြောင်း ၀ါရင့်အိမ်ခြံမြေ အကျိုးဆောင်ဟောင်းဖြစ်သူ အာရှ ဆောက်လုပ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ
ဦးရန်အောင်က ပြောသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၏ အိမ်ခြံမြေဈေးများမှာ အဓိကလမ်းမတန်းများတွင် သိန်းထောင်ချီရှိပြီး အတွင်းလမ်းများတွင် နေရာအနေအထားကိုလိုက်ပြီး သိန်း ၅၀၀မှ သိန်း ၁,၀၀၀ ကျော်ခန့်အထိ ရှိကြောင်း ဒဂုံမြို့သစ်
(အရှေ့ပိုင်း)မြို့နယ်အတွင်းအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အခုအတွင်းလမ်းတွေလည်းပိုစည်ကားလာပြီးနောက်ပိုင်းမှာ ဒီစီမံကိန်းအကြီး စားတွေ အကောင်အထည်ပေါ်လာရင်
မကြာမီအချိန်အတွင်းမှာ အရှေ့ဒဂုံမြို့နယ်က တစ်မြို့နယ်လုံးအတိုင်းအတာနဲ့စည်ကားလာမှာဖြစ်ပါတယ်” ဟု၎င်းက ပြောသည်။

အရှေ့ဒဂုံမြို့နယ်တွင်ယခုလပိုင်းအတွင်း မြေကွက်အရောင်းအ၀ယ်များလည်းရှိပြီး မြေဈေးများလည်းအနည်းငယ် မြင့်တက်လျက် ရှိကြောင်း မြို့ခံအိမ်ခြံမြေအကျိုးဆောင် ဦးအောင်ကိုက ပြောသည်။

“အခုလပိုင်းအတွင်းမှာ အရှေ့ဒဂုံမြို့နယ် မှာ အိမ်ခြံမြေအရောင်းအ၀ယ်တွေပိုဖြစ်တယ်လို့ ပြောလို့ရတယ်
ရန်ကုန်မြို့သစ်စီမံကိန်း စမယ်ဆိုကတည်းက အရောင်းအ၀ယ် နည်းနည်းပိုဖြစ်လာတယ်။ ဈေးအမေး ဒီရက်ပိုင်းမှာနေ့တိုင်းနီးပါးရှိပေမယ့် အားလုံးတော့ အရောင်းအ၀ယ်မဖြစ်ပါဘူး။ စောင့်ကြည့်တဲ့အနေအထားမှာပဲရှိတယ်” ဟု ၎င်းက ပြောသည်။

Credit : The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service