ဗဟန်းမြို့နယ် ကုက္ကိုင်းမှတ်တိုင်အနီးမှ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်)ကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်

ဗဟန်းမြို့နယ် ကုက္ကိုင်းမှတ်တိုင်အနီးမှ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်)ကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ် - Property News in Myanmar from iMyanmarHouse.com
15 Jul 2015 10:07 am တွင် တင်ခဲ့သည်
1555 ကြိမ် ကြည့်ရှု့ပြီး
ယဉ်ကျေးမှုအမွေအနှစ် လက်ရာသုံးမျိုးရှိနေသည့် ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်)ကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ်
သတ်မှတ်ခဲ့ပြီး ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာ ဇုန်အဖြစ် မကြာမီသတ်မှတ်သွားမည်ဖြစ်ကြောင်း
ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
”ဒါကို ရှေးဟောင်းအမွေအနှစ် အဆောက်အအုံအဖြစ် သတ်မှတ်ဖို့အတွက်တစ်လနှစ်လအတွင်းလုပ်ဆောင်သွားမှာပါ။မြန်မာ့ယဉ်ကျေးမှုကနုတ်ပန်းတွေကို ရွှေချထားတာ တွေရှိတယ်။ တရုတ်ရဲ့ယဉ်ကျေးမှုလက်ရာတွေနဲ့ဥရောပယဉ်ကျေးမှု
လက်ရာတွေပါဝင်နေတဲ့အတွက်ဒါကိုယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ခဲ့ပြီးပြီ။ရှေ့ဆက်ပြီးတော့
ရှေးဟောင်းအဆောက်အအုံဇုန်အဖြစ် သတ်မှတ်ဖို့အတွက် သက်ဆိုင်ရာဌာနတွေကိုတင်ပြပြီး
လုပ်ဆောင်သွားမယ်”ဟု ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရဲမြင့်က ပြောသည်။
ကမ္ဘောဇရိပ်သာ(ချင်းချောင်း နန်းတော်)အဆောက်အအုံမှာ ကိုလိုနီခေတ်ရှားပါးလက်ရာတစ်ခုဖြစ်ပြီး
ရောဘာလုပ်ငန်းရှင်မစ္စတာလင်ကျင်းဆောင်မှ ၁၉၁၅ ခုနှစ်တွင် စတင် ဆောက်လုပ်ကာ ၁၉၁၉ ခုနှစ်တွင် တည်ဆောက် ပြီးခဲ့သည်။
အမြင့် ပေ ၁၂၀ ရှိပြီး ငါးထပ်အဆောက်အအုံ ဖြစ်သည်။ ယခင်က ယဉ်ကျေးမှုဝန်ကြီးဌာနရုံးအဖြစ်လည်း အသုံးပြုခဲ့ဖူးကြောင်း သိရသည်။

”ဒီအဆောက်အအုံကို ရှေးဟောင်းအဆောက်အအုံဇုန်အဖြစ်သတ်မှတ်ပြီးရင် ပြုပြင်တာတွေတား မြစ်ထိန်းသိမ်းတာတွေလုပ်ရမယ်။အဲဒီလိုဇုန်သတ်မှတ်ဖို့ကို ပြည်ထောင်စုအစိုးရအဖွဲ့တို့၊ ရှေ့နေချုပ်ရုံးတို့ကိုဆက်ပြီးတင်ပြပြီးတော့ခွင့်ပြုချက်ရယူတာတွေအဆင့်ဆင့်လုပ်ရဦးမှာပါ”ဟု ဦးရဲမြင့်က ဆက်လက်ပြောသည်။

နှစ်တစ်ရာနီးပါးကြာမြင့်နေသည့် ရှေးဟောင်းအမွေအနှစ်
အဆောက်အအုံဖြစ်သည့်အတွက် ရှေးမူလက်ရာမပျက်ပြန်လည်ထိန်းသိမ်း ပြုပြင်ကာ ရှင်သန်နေသောရှေးဟောင်း အထိမ်းအမှတ်အဆောက်အအုံအဖြစ်ထိန်းသိမ်းသင့်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်(ငြိမ်း)ဦးစန်းဝင်းက ပြောသည်။”ဒီအဆောက်အအုံကထုထည်ကြီးကြီးမားမားနဲ့တည်ရှိနေတဲ့အဆောက်အအုံဖြစ်သလို ဒါမျိုးကိုတခြားတိုင်းပြည်တွေမှာဆိုရင် ပြင်ပကိုမူလလက်ရာအတိုင်းပဲထားပြီး အတွင်းပိုင်းကိုပဲ
ပြုပြင်ထိန်းသိမ်းကြတာ မျိုးတွေရှိတယ်။ နောက်ဒီအထဲမှာက သစ်သားတွေနဲ့ပြုလုပ်ထားတဲ့အတွက် လူနေတော့ထိန်းသိမ်းပြီးသားတော့ဖြစ်တယ်။ ပျက်စီးသင့်သလောက်လဲ ပျက်စီးနေပြီပေါ့။ ဒါပေမဲ့ မူလလက်ရာတွေကိုလဲမပျောက်ပျက်အောင်ထိန်းသိမ်းပြီး ရှင်သန် နေသောရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံအဖြစ် ထိန်းသိမ်းသင့်ပါတယ်”ဟု ဦးစန်းဝင်းက အကြံပြုပြောကြားသည်။

ယင်းအဆောက်အအုံမှာသက်တမ်းတစ်ရာပြည့်တော့မည်
ဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ
ပုဒ်မ ၂(က)အရ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကိုက်ညီမှုရှိသည့်အတွက်ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန်အဖြစ်သတ်မှတ်၍ ထိန်းသိမ်းစောင့်ရှောက်ခွင့်ပြုရန်တင်ပြခဲ့ရာ နိုင်ငံတော်သမ္မတမှပုဂ္ဂလိကသို့ ငှားရမ်းခြင်းမပြုဘဲ
ယဉ်ကျေးမှုဝန်ကြီးဌာနမှဆက်လက်ထိန်းသိမ်းထားခြင်း
ဖြစ်ကြောင်း သိရသည်။

အမှတ်(၁၃၁)ကမ္ဘာအေးစေတီ လမ်း၊
ဗဟန်းမြို့နယ် ကုက္ကိုင်းမှတ်တိုင်အနီးတွင်ရှိသည့် ယင်းအဆောက်အအုံကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှုအမွေအနှစ်များ
ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ၂၀၁၅ ခုနှစ်ဇူလိုင် ရ ရက်နေ့စွဲပါ အမိန့်အမှတ် ၁၀/၂၀၁၅ ဖြင့်
သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service