ဧရာဝဏ်၊ ရတနာအထပ်မြင့် အိမ်ရာစီမံကိန်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးရန်လျာထား

ဧရာဝဏ်၊ ရတနာအထပ်မြင့် အိမ်ရာစီမံကိန်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးရန်လျာထား - Property News in Myanmar from iMyanmarHouse.com
14 Jul 2015 10:24 am တွင် တင်ခဲ့သည်
1317 ကြိမ် ကြည့်ရှု့ပြီး
ဧရာဝဏ်၊ ရတနာအထပ်မြင့် အိမ်ရာစီမံကိန်းကို လာမည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ဆောင်ရွက်ပြီးစီးရန်
လျာထားလျှက်ရှိကြောင်း သိရသည်။

ဧရာဝဏ်ဘက်ခြမ်းနှင့် ရတနာလမ်းမကြီးဘက်ခြမ်းရှိ
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့်ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ အထပ်မြင့်အိမ်ရာစီမံကိန်းများဖြစ်သော
အထပ် ၁၈ ထပ်ပါဝင်သည့် အဆောက်အအုံ ၄၉ လုံးအတွက် ပထမအဆင့်အနေဖြင့် အဆောက်အအုံ ၁၅ လုံးကို၂၀၁၅- ၂၀၁၆ ဘတ်ဂျက်ကာလအတွင်း အပြီးသတ်တည်ဆောက်သွားမည်ဖြစ်ပြီး ထိုအထဲမှ လက်ရှိအဆောက်အအုံ၁၃လုံးမှာ လေးထပ်နှင့်
ခြောက်ထပ်ကြား ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ ကျန်အဆောက်အအုံနှစ်လုံးမှာလည်း
မြေညီထပ်လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် အဆောက်အအုံ ၁၆ လုံးမှာလည်း
ဘိုးပိုင်လုပ်ငန်းများ အလုံးစုံဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး PileCapလုပ်ငန်းအချို့မှာလည်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်
သည်။

အဆောက်အအုံတစ်လုံးလျှင် အခန်း ၄၀၀ ဝန်းကျင် ပါဝင်ပြီး ဧရာဝဏ်ဘက်ခြမ်းရှိ စီမံကိန်းအကျယ်အဝန်းမှာ ဧက ၁၂၀ ခန့်နှင့်ရတနာဘက်ခြမ်းရှိ စီမံကိန်းအကျယ်အဝန်းမှာ ဧက ၁၀၀ ခန့် ရှိကာ စုစုပေါင်း ဧက ၂၂၀ ခန့် ရှိသည်။

တတိယအဆင့်အနေဖြင့်
အဆောက်အအုံ ၁၈ လုံးသည် ဘိုးပိုင်လုပ်ငန်းများ အလုံးစုံဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး Pile Cap လုပ်ငန်းအချို့သည်လည်း
ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။

အဆောက်အအုံတစ်လုံးလျှင် အမြွှာပုံသဏ္ဍာန် နှစ်လုံးတွဲပါဝင်ပြီး တစ်လွှာလျှင် ပျှမ်းမျှ
စတုရန်းပေ ၆၀၀ ပါဝင်သော အိမ်ခန်း ၂၄ ခန်း ပါဝင်မည်ဖြစ်ကာ အခန်းပေါင်း ၁၉၀၀၀ ပေါ်ထွက်လာ မည်ဖြစ်ပြီး မိသားစုများပြားမှုလူနေထိုင်မှုပုံသဏ္ဍာန် အနေအထားအရ စတုရန်းပေ ၁၂၀၀ အခန်းများပါ ပါဝင်လာမည်ဆိုလျှင် အိမ်ခန်းပေါင်း ၁၅၀၀၀ ဝန်းကျင်သာ
ပေါ်ထွက်လာမည်ဖြစ်သည်။

အခန်းတိုင်း၏ ဖွဲ့စည်းပုံအရ အခန်းတစ်ခန်းလျှင် အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖို၊ မိသားစုသုံး ရေချိုးခန်း၊သန့်စင်ခန်း၊ Service Room ပါဝင်မည် ဖြစ်ပြီး အဆောက်အအုံတစ်ခြမ်းမှာ အတက်အဆင်းလှေကားနှစ်စင်းနှင့်
မီးသတ်အတွက် အရန်လှေကား တပ်ဆင်ထားမည်ဖြစ်သည်။

” ၂၀၁၆ ခုနှစ် ဧပြီလမှာ အဆောက်အအုံရဲ့ ပထမအဆင့် ၁၅ လုံး
ပြီးစီးပြီဆိုရင် ဇွန်လလောက်မှာ အခန်းတွေကို ကြိုတင်ရောင်းချသွားမှာပါ။ လက်ငင်းငွေပေးချေစနစ်နဲ့ အရစ်ကျငွေပေးသွင်းစနစ် ပါဝင်ပါတယ်။ လက်ရှိလုပ်ငန်းမြန်ဆန်ပြီးစီးရေးအတွက် ငွေရေးကြေးရေးက အဓိကကျတာကြောင့် လက်ငင်းငွေပေးချေတဲ့သူကို ဦးစားပေး ရောင်းချပေးမှာပါ။ အဲ့ဒီမှာ ရောင်းချငွေနဲ့ ဒုတိယအဆင့်နဲ့ တတိယအဆင့်က လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမယ်ဆိုရင် ငွေလည်းအမြန်ပေ
ါ်ပြီးအဲ့ဒီအခါကျ အရစ်ကျငွေပေးချေမှု ဖြစ်လာမှာပါ” ။ ” အရစ်ကျငွေပေးချေမှုကျတော့ ဒုတိယအဆင့်ပါ။ အကောင်းဆုံးဖြစ်အောင် စီမံထားပါတယ်။
ဒီစီမံကန်း အဆောက်အအုံများမှာ လူဦးရေ တစ်သိန်းကျော် နေထိုင်နိုင်မှာပါ။ ဒီအနီးအနားက ဆက်စပ်ဧရိယာများနဲ့ဆိုရင် လူဦးရေ
သုံးသိန်းခန့် ဖြစ်လာပြီး ဖွံ့ဖြိုးတိုးတက်လာတော့မှာပါ” ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးး ဦးကျော်ဇေယျက ပြောကြားသည်။

Credit: မြန်မာ့အလင်း

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service