မုံရွာမြို့ တန်ဖိုးမျှတ နန္ဒဝန်အိမ်ရာတွင် မြေညီထပ်အား စူပါမားကတ်ဖွင့်နိုင်ရန် တည်ဆောက်မည်

မုံရွာမြို့ တန်ဖိုးမျှတ နန္ဒဝန်အိမ်ရာတွင် မြေညီထပ်အား စူပါမားကတ်ဖွင့်နိုင်ရန် တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
13 Jul 2015 10:19 am တွင် တင်ခဲ့သည်
762 ကြိမ် ကြည့်ရှု့ပြီး
မုံရွာမြို့ နန္ဒဝန်ရပ်ကွက်တွင် တည်ဆောက်လျှက်ရှိသော တန်ဖိုးမျှတ နန္ဒဝန်အိမ်ရာလေးလုံးရှိ မြေညီထပ်များအား
စူပါမားကတ် ဖွင့်နိုင်ရန် ရည်ရွယ်ကာ တည်ဆောက်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုးံမှ သိရသည်။

အဆိုပါ တန်ဖိုးမျှတ နန္ဒဝန်အိမ်ရာများကို တိုင်းဒေသကြီး၊
ပြည်ထောင်စု ဘတ်ဂျက် နှစ်ရပ်ပေါင်းရန်ပုံငွေဖြင့် တည်ဆောက်လျှက်ရှိရာ ယခုအခါ ၁၅ ရာခိုင်နှုန်းကျော်
ပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်မှု ၅၀ ရာခိုင်နှုန်းပြီးစီးပါက တိုက်ခန်းဝယ်ယူခွင့် လျှောက်လွှာများ
စတင်ရောင်းချပေးနေပြီဖြစ်ကြောင်းလည်း အဆိုပါရုံးမှ သိရသည်။

” လောလောဆယ် တည်ဆောက်မှုကတော့
၁၅ ရာခိုင်နှုန်းပြီးနေပါပြီ။ ၅၀ ရာခိုင်နှုန်းပြီးရင်တော့ ဝယ်ယူခွင့်လျှောက်လွှာတွေ စရောင်းပေးပါတော့မယ်။
ဆောက်လုပ်နေတဲ့ ကုမ္ပဏီတွေက ၃၀ ရာခိုင်နှုန်းယူပြီး တိုင်းဒေသကြီးက ၇၀ ရာခိုင်နှုန်းအနေနဲ့ ခွဲဝေမှာ ဖြစ်ပါတယ်။

ဦးစားပေး ရောင်းချပေးမှာကတော့ အငြိမ်းစားဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းဝန်ထမ်းများ၊ မသန်စွမ်းဝန်ထမ်းများနဲ့
ကျဆုံးစစ်သည် မိသားစုဝင်များကို အဓိကာထားရောင်းချပေးဖို့ လျာထားပါတယ်” ဟု အဆိုပါရုးံမှ ညွှန်ကြားရေးမှူးး
ဦးရွှေဝင်းက တိုက်ခန်းရောင်းချပေးမည့် အစီအစဉ်ကို ရှင်းပြသည်။

မုံရွာမြို့ရှိ အဆိုပါ တန်ဖိုးမျှတ နန္ဒဝန်အိမ်ရာများကို
တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုအောက်တွင် ၂၀၁၅-၂၀၁၆ ဘတ်ဂျက်နှစ်အတွင်း အပြီးတည်ဆောက်
သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

တည်ဆောက်မှုမှာ ရှစ်ခန်းတွဲ ငါးထပ် ၁၁ လုံး တည်ဆောက်မည်ဖြစ်သဖြင့်
မိသားစု ၄၄၀ အတွက် နေရာချထားပေးနိုင်မည်ဖြစ်သည်။

အလားတူကဲ့သို့ ရှစ်ခန်းတွဲ ငါးထပ်၊ အဆောက်အအုံ ၁၁ လုံးကိုလည်း
တန်ဖိုးမျှတ နန္ဒဝန်အိမ်ရာအနီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်လျှက်ရှိသဖြင့်
အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများ အားလုံးပြီးစီးသွားပါက မိသားစု ၈၈၀ တို့အတွက် နေရာထိုင်ခင်းရရှိနိုင်မည်ဖြစ်သည်။

သို့သော် ၎င်းအိမ်ခန်း ၈၈၀ ခန်းမှ ရှစ်ခန်းတွဲ ငါးထပ် အဆောက်အအုံ လေးလုးံ၏ မြေညီထပ်များဖြစ်သည့်
အခန်း ၃၂ ခန်းစာ နှစ်ခုဖြစ်သည်။ အိမ်ခန်း ၆၄ ခန်းစာကို အခန်းမဖွဲ့ဘဲ စူပါမားကတ် ဖွင့်လှစ်နိုင်ရန် လျာထားကြောင်း သိရသည်။

အိမ်ခန်းရောင်းဈေးမှာ အပေါ်ဆုံးထပ် ၁၂၅ သိန်း၊ တတိယထပ် ၁၄၅ သိန်း၊ ဒုတိယထပ် ၁၆၅ သိန်း၊ ပထမထပ် ၁၈၅ သိန်း၊
မြေညီထပ် ၂၀၅ သိန်း တို့ဖြစ်ကြောင်း သိရသည်။

Credit: မြန်မာ့အလင်း

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service