တနင်္သာရီတိုင်းအတွင်း ဂရန်မရှိသေးသည့် ကျေးရွာအချို့တွင် မြေငှားဂရန်များ ကွင်းဆင်းပြုလုပ်ပေးမည်

တနင်္သာရီတိုင်းအတွင်း ဂရန်မရှိသေးသည့် ကျေးရွာအချို့တွင် မြေငှားဂရန်များ ကွင်းဆင်းပြုလုပ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
13 Jul 2015 10:16 am တွင် တင်ခဲ့သည်
755 ကြိမ် ကြည့်ရှု့ပြီး
တနင်္သာရီတိုင်းဒေသ ကြီးရှိ မြို့နယ် ၁၀ မြို့နယ်တွင် ဂရန်မရှိသေးသည့် ပေ ၂၀ x ၆၀ ပတ်လည်မြေများကိုတစ်မြို့နယ်၊ တစ်ရွာနှုန်းဖြင့် မြေငှားဂရန်များ နှင့် စက်မှုမြေငှားဂရန်များ ကွင်း ဆင်းပြုလုပ်ပေးမည်ဟု သတင်း ရရှိသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တိုင်းအတွင်းရှိ မြို့ နယ် ၁၀ မြို့နယ်တွင် တစ်မြို့နယ် လျှင် ကျေးရွာတစ်ရွာနှုန်းဖြင့်ဂရန် များ ကွင်းဆင်းပြုလုပ်ရန်စီစဉ် ခြင်းဖြစ်သည်။

ယခုအစီအစဉ်အတွက် ရွေး ချယ်ထားသော ကျေးရွာများမှာ ပြည်ထဲရေးဝန်ကြီးဌာနတွင် အ မည်ပေါက်သည့် ကျေးရွာများဖြစ် ရန်လိုအပ်ပြီး လုပ်ကိုင်စားသောက်သည့်လယ်ယာမြေတွင်လည်း အကျုံးမ၀င်ဘဲအစိုးရစီမံခန့်ခွဲခွင့်ရှိသည့် မြေကွက်များကိုသာရွေးချယ်ပြုလုပ်မည်ဟု ထား ၀ယ်ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြေကွက်များမှာ အနည်းဆုံး ပေ ၂၀ x ၆၀ ပတ်လည်ရှိရမည် ဖြစ်ပြီး ဇူလိုင်လလယ်မှ စက်တင် ဘာအထိ မြေငှားဂရန်နှင့် စက်မှု မြေငှားဂရန်များ ကွင်းဆင်းပြုလုပ် ပေးမည်ဟုဆိုသည်။

အဆိုပါမြေငှားဂရန်များကို အဆောက်အအုံ တည်ဆောက် ထားသည့် မြေကွက်များကိုသာ ပြုလုပ်ပေးမည်ဖြစ်ပြီး အဆောက် အအုံပေါ်မူတည်၍ ဆယ်နှစ်သက် တမ်းရှိ မြေငှားဂရန်မှ နှစ် ၃၀ မြေ ငှားဂရန်အထိ ခွင့်ပြုပေးမည်ဖြစ် သည်။

လူနေအိမ်တည်ဆောက် ထားပါက မြေငှားဂရန်ထုတ်ပေး မည်ဖြစ်ပြီး ဆန်စက်၊ သီဟိုဠ်စေ့ ကြိတ်ခွဲစက်ကဲ့သို့ အသေးစား အ လတ်စားစက်မှုလုပ်ငန်းများ လုပ် ကိုင်နေပါက စက်မှုမြေငှားဂရန် ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရ သည်။

‘‘ကျေးလက်က ဒေသခံတွေ မြေယာပိုင်ဆိုင်မှုအခိုင်အမာဖြစ်သွားအောင် ဌာနဆိုင်ရာတွေ ကျေးရွာအရောက် ကွင်းဆင်းလုပ် ဆောင်ပေးသွားမယ်။ ဒါက တိုင်း ဒေသကြီးအစိုးရအဖွဲ့ရဲ့ ပထမ ဆုံးအကြိမ် လုပ်ဆောင်ပေးတာ ဖြစ်တာကြောင့် မြို့နယ်တစ်မြို့ နယ်ရဲ့ အသင့်တော်ဆုံးကျေးရွာ တစ်ရွာကိုပဲမြေငှားဂရန်တွေ လုပ် ဆောင်ပေးမယ်’’ဟု ထားဝယ်ခ ရိုင်အုပ်ချုပ်ရေးမှူးကပြောသည်။

အဆိုပါမြေငှားဂရန်ပြုလုပ် ပေးမည့် ကျေးရွာများကို သက် ဆိုင်ရာမြို့နယ်ကော်မတီများက ရွေးချယ်ခြင်း ဖြစ်သည်ဟု ဆို သည်။ လက်ရှိရွေးချယ်ထားသည့် ကျေးရွာ လေးရွာတွင် သတ်မှတ် ထားသည့် ပုံစံနှင့်ကိုက်ညီပြီး မြေ ငှားဂရန် လျှောက်ထားနိုင်မည့် အိမ်ခြေအနည်းဆုံး ၁,၀၀၀ကျော် ရှိမည်ဖြစ်သည်။

မြေငှားဂရန်များပြုလုပ်ပေး ရာတွင် အသက် (၁၈) နှစ်ပြည့်ပြီး အိမ်ထောင်စုစာရင်းပုံစံ (၆၆)နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ရှိ ကာ ကျေးရွာအတွင်းနေထိုင်သူ များအား ပြုလုပ်ပေးမည်ဟု သိရ သည်။

တရားမကြောင်းအရ တရား ရုံးတွင် ဖြေရှင်းနေရသော မြေ ကွက်များ၊ပိုင်ဆိုင်မှုအငြင်းပွားဆဲ မြေကွက်များ၊ မြစ်ချောင်းအင်း အိုင်ကမ်းနားတွင် တိုးချဲ့ တည် ဆောက်ထားသောမြေနေရာများ၊ ရထားလမ်း၊ ကားလမ်းနှင့် လျှပ်စစ် ဓာတ်အားလိုင်း ဧရိယာအတွင်းကျရောက်နေသော မြေနေရာများကို ပြုလုပ်ပေးမည်မဟုတ် ကြောင်း သတင်းရရှိသည်။

အ ခြားဒေသမှ လာရောက်အခြေချ နေထိုင်သူများဖြစ်ပါက အနည်း ဆုံးကျေးရွာတွင် တစ်ဆက်တည်း ၁၂ နှစ်နေထိုင်သူများကိုသာ ပြု လုပ်ပေးမည်ဖြစ်သည်။

Credit: 7Daydaily
တနင်္သာရီတိုင်းအတွင်း ဂရန်မရှိသေးသည့် ကျေးရွာအချို့တွင် မြေငှားဂရန်များ ကွင်းဆင်းပြုလုပ်ပေးမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service