အခြေခံအဆောက်အအုံလိုအပ်မှုနှင့် မြန်မာနိုင်ငံ၏ စပါးကျည်

အခြေခံအဆောက်အအုံလိုအပ်မှုနှင့် မြန်မာနိုင်ငံ၏ စပါးကျည် - Property News in Myanmar from iMyanmarHouse.com
7 Jul 2015 10:51 am တွင် တင်ခဲ့သည်
1104 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်အနေအထားမှာ မုတ်သုံလေနှင့်အတူအေးဆဲ၊ အေးမြဲ၊ အေးလျက်ပင်ဖြစ် သည်။ မိုးရာသီတွင် အိမ်ခြံမြေဈေးကွက် တစ်ခုတည်း အေးဆက်နေသည့်မဟုတ် အခြားအခြားသော စီးပွား ရေးလုပ်ငန်းများလည်း ထိုနည်းအတူ တွက်ချေကိုက်လှသည်မဟုတ်ပေ။ ထို့အတွက် လက်ရှိကာလ မြန်မာ နိုင်ငံ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်အားဖြင့် ငြိမ်သက်နေလေသည်။ အိမ်ခြံမြေဝယ်မည့်သူများ ဈေးကွက်ထဲရှိနေသော်လည်း ဝယ်ယူလိုသူအများစုမှာ စီမံကိန်းရှိရာမြေနေရာကိုသာအဓိကထားသဖြင့် ရောင်းလိုသူများမှာ ဈေးအတက်ကိုစောင့်နေကြသည့်အတွက် အရောင်းအဝယ် ဖြစ်ပွားမှုအားဖြင့် နည်းပါးနေ သေးသည်။

ရောင်းချလိုသော မြေနေရာများမှာလည်း ရန်ကုန်ပြင်ပမြို့ နယ်များဖြစ်သော လှော်ကား၊ ရွှေပြည်သာ၊ ထန်းတ ပင်မြို့ နယ်၊ မှော်ဘီမြို့ နယ်ရှိ ဥယျာဉ်ခြံမြေကို ရောင်းချခြင်းထက် နိုင်ငံ၏စိုက်ကွက်များဖြစ်သည့် လယ်မြေများ ကို ခွဲခြမ်းစိပ်ဖြာပြီး ပေ ၄၀x၆၀၊ ပေ ၂၀x၆၀ အကွက်များစိပ်ပြီးရောင်းချလာသည်ကို တွေ့လာရသည်။ ပေါက် ဈေးအားဖြင့်တော့ ပေ ၄၀x၆၀ ကိုကျပ်သိန်း၃၀ နှင့် ပေ ၂၀x၆၀ ကိုကျပ် ၂၅ သိန်းဖြင့်ရောင်းချလျက်ရှိ ကြောင်း သိရသည်။ ဝယ်ယူသူများတွင်လည်း စီးပွားရေးလုပ်ငန်းရှင်အများစုနှင့် ရင်းနှီးမြှုပ်နှံလိုသူအများစုပါဝင်နေပြီး အချို့ သောမြေသိုလှောင်သူတို့ကလည်း အရဲစွန့်၍ ဝယ်ယူစုဆောင်းမှုများပြုလုပ်နေကြသည်ကို တွေ့လာရ သည်။ အရောင်းအဝယ်အားဖြင့်တော့ မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်တွင် ကွန်ဒိုတိုက်ခန်း၊ ကန်ထရိုက်တိုက် ခန်း၊ လုံချင်းအိမ်ရာနှင့် ခြံမြေများကို ဝယ်ယူမှုနည်းပါးနေသော်လည်း လယ်မြေအရောင်းအဝယ်ဖြစ်ပွားမှုနှုန်းမှာ သိသိသာသာ ယခုနှစ်ပိုင်းအတွင်း မြင့်တက်လာခဲ့သည်။ လယ်ယာစိုက်ပျိုးမြေများကို ရောင်းချခွင့်ကို တရားဥပဒေနှင့် ကန့်ကွက်ထားသော်လည်း ယင်းကဲ့သို့ဖြစ်ရသည့်အကြောင်းအရာမှာ မြို့ တွင်းအိမ်ခြံမြေဈေး မြင့်တက်မှုကို နိုင်ငံအတွင်း ငွေကြေးရင်းနှီးမြှုပ်နှံသူတို့ ဝင်ရောက်နိုင်စွမ်းမရှိတော့သည့်အတွက် ဈေးသက်သာ သော လယ်မြေများဘက်တွင် အဝယ်လိုက်လာခြင်းလည်းဖြစ်သည်။

လှော်ကားနှင့် မှော်ဘီအမှန် ၄ လမ်းမကြီးတစ်လျှောက်တွင် ယခင်က ရန်ကုန်တိုင်းဒေသကြီး၏ စပါးကျည်များ ဖြစ်ခဲ့သော လယ်ယာစိုက်ပျိုးမြေများသည် ကားလမ်းနံဘေးကို မေးတင်လျက်ရှိခဲ့ကြသည်။ သို့သော်ယခုအခါ အဆိုပါစပါးကျည်မြေနေရာများတွင် ပုဂ္ဂလိက စက်သုံးဆီအရောင်ဆိုင်များ တစ်မိုင်လျှင်တစ်ဆိုင်နှုန်းဖြင့် ရှိလာခဲ့ သည်။ ထို့အတွက်ကြောင့်ပင် လယ်မြေများမှာလည်း တစ်မိုင်လျှင်တစ်ဧကနှုန်း ပျောက်ဆုံးခဲ့ရသည်။ စက်သုံး ဆီအရောင်းဆိုင်နေရာကို မဖွင့်ခိုင်၍လည်းမရပေ အဘယ့်ကြောင့်ဆိုသော် လက်ရှိမြန်မာနိုင်ငံအတွင်း မော် တော်ယာဉ်အရေအတွက်မှာ ပိုမိုများပြားလာသည့်အတွက် စက်သုံးဆီအရောင်းဆိုင်လိုအပ်မှုပမာဏမှာ လည်း ပိုမိုမြင့်တက်လာခဲ့သည်။ စက်သုံးဆီအရောင်းဆိုင်ဆိုသည်မှာလည်း နိုင်ငံအတွင်းလိုအပ်သည့် အခြေခံအဆောက်အအုံများထဲမှ တစ်ခုပင်ဖြစ်သည့်အတွက် ယင်းစက်သုံးဆီဆိုင်တို့ ဖွင့်လှစ်ရန် လယ်မြေများ ဖဲ့ပေးရ မည်လည်းဖြစ်သည်။ ထို့အပြင် ယင်းဆီဆိုင်ကြီးများနောက်တွင် စက်ရုံများပေါ်ပေါက်လာကာ နေ့ညမပျက် ကားအသွားအလားနှင့် လူအသွားအလာများပြားလာခဲ့သည်။ သို့သော် လယ်မြေများမှာတော့ ပျောက်ဆုံးသွား ခဲ့ပြီဖြစ်သည်။ ဤသည်မှာ ရန်ကုန်တစ်နေရာတည်းတွင်မဟုတ် မြန်မာနိုင်ငံအနှံ့လိုလိုဖြစ်နေခြင်း ဖြစ်သည်။

ထိုနည်းအတူပင် ထန်းတပင်မြို့ နယ်၊ လှိုင်သာယာမြို့ အထွက်တွင် ဆီဆိုင်များ၊ စက်ရုံများ၊ စက်မှုဇုံများ စသည့် အခြေခံအဆောက်အအုံများကြောင့် လယ်မြေအရေအတွက်နည်းပါးလာကာ လယ်မြေဆိုတာ စက်မှုဇုံအတွက် ဟုပင် ဆိုစမှတ်ပြုစရာဖြစ်လာခဲ့သည်။ သို့သော် မြန်မာနိုင်ငံတစ်ဝုမ်းလယ်မြေ အများအပြားအသုံးပြုခဲ့သည်မှာ ဆီဆိုင်များလည်းအပါအဝင်ဖြစ်သည်။ စက်သုံးဆီအရောင်းဆိုင်အား ဖွင့်လှစ်ရောင်းချခွင့်ကို လယ်မြေများတွင် တောင်းဆိုလျှင် အခြေခံအဆောက်အအုံဖြစ်သည့်အတွက် ချထားပေးရမည်သာဖြစ်သည်။ “ လုပ်ငန်းရှင်တွေက လယ်၊ မြေ၊ ဥယျာဉ်မြေတွေကိုဝယ်ခွင့်မရှိဘူးလေ။ ဒီတော့ စက်သုံးဆီအရောင်းဆိုင်ဖွင့်ခွင့်လျှောက်တာပေါ့။ အခုဆီဆိုင်လိုအပ်မှုကလည်း ရှိနေတော့ ပေးရတာပေါ့။ ဒီတော့ စီးပွားရေးသမားဆိုတာသိတဲ့အတိုင်း အခွင့် အရေးရတော့ ဆီဆိုင်ဘေးက မြေကွက်ကိုပါ ပတ်သိမ်းတာပေါ့။ စပါးထွက်ကောင်းတာ၊ မကောင်းတာ နောက် ကဏ္ဍပါ။အဓိက ကတော့စက်သုံးဆီအရောင်းဆိုင်ပေါ့။ ဒါကလည်း မြေဈေးကစားနည်းတစ်မျိုးပါ၊ ဆီကို လက် လီလက္ကားဖြန့်နိုင်ဖို့ကလည်း အရောင်းဆိုင်များများလိုတယ်လေ။ ဒီတော့ မြို့ ပြင်လိုနေရာတွေမှာ စက်သုံးဆီ ဆိုင်တွေအတွက် မြေကိုဈေးဈေးပေါပေါ နဲ့ရဖို့ဖြစ်လာတာပေါ့” ဟု ဝါရင့်ကန်ထရိုက်တာတစ်ဦးက ဆိုခဲ့သည်။

မြန်မာနိုင်ငံသည် လက်ရှိဖွံ့ဖြိုးဆဲကာလဖြစ်သည့်အတွက် အခြေခံအဆောက်အအုံလိုအပ်ချက်မှာလည်း မြင့်မား လျက်ရှိသည်။ ယင်းထဲတွင် စက်သုံးဆီအရောင်းတစ်ခုတည်းပင်မဟုတ် အခြားအခြားသောအခြေခံ အဆောက် အအုံများဖြစ်သည့် စာသင်ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်၊ ဆေးရုံနှင့်တခြားသော ပြည်သူ့ဝန်ဆောင်မှုပေး သည့်အဆောက်အအုံအများအပြားလိုအပ်နေပေသည်။ ယင်းအခြေခံအဆောက်အအုံလိုအပ်မှုတွေကို ဖြည့် တင်းဖို့ ငွေကြေးကဏ္ဍကျန်သေးသည်ဟုဆိုသည်ကိုထားဦး အဓိကအားဖြင့် မြေနေရာလိုအပ်မှုက ပထမပင် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အတွက် အခြေခံအဆောက်အအုံလိုအပ်ချက်များကို တည်ဆောက်နိုင်ရန် မြေနေရာအဖြစ် လယ်မြေများကို လူအများစုမှာရွေးချယ်ကြမည်ဖြစ်သည်။ ယခုအခါတွင်လည်း လယ်မြေအများ စုကို ယင်းကဲ့သို့ ပြုမူဆောင်ရွက်ခဲ့ပြီလည်းဖြစ်သည်။ ထို့အတွက်လည်း အရှေ့ တောင်အာရှ၏ စပါးကျည်ဖြစ်ခဲ့ သောမြန်မာနိုင်ငံတွင် နိုင်ငံသားတို့သည် ယခုအခါ ဆန်စပါးကို ဈေးကြီးပေးဝယ်နေရပြီဖြစ်သည့်အပြင် အခြား ကောက်ပဲသီးနှံများမှာလည်း ဈေးနှုန်းမြင့်တက်လာခဲ့သည်ကို တွေ့လာရသည်။

ထို့အတွက် မြန်မာနိုင်ငံသည် အနာဂတ်တွင် လူဦးရေနေထိုင်မှုမှာ ပိုမိုမြင့်တက်လာမည်ဖြစ်ကာ ၎င်းတို့အတွက် အခြေခံအဆောက်အအုံလိုအပ်မှုကလည်း မြင့်တက်လာမည်ဖြစ်သည်။ အခြေခံအဆောက်အအုံမှန်သမျှကို စိုက်ပျိုးလယ်ယာမြေများအတွင်း နေရာချထားလိုက်မည်ဆိုပါက မြန်မာနိုင်ငံသည် ဆန်စပါးနှင့် ကောက်ပဲသီးနှံ များကို ပြည်ပမှတင်သွင်းရလိမ့်မည်ဖြစ်သည်။ ယင်းကြောင့် အခြေခံအဆောက်အအုံများဖြည့်တင်းရာတွင် လည်း စိုက်ပျိုးလယ်ယာများ၊ သစ်တောများ ပြုန်းတီးမှုမရှိစေရန် စီမံကိန်းမဟာဗျူဟာများချမှတ်၍ တည်ဆောက်သင့်ပါကြောင်းရေးသားလိုက်ရပါသည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service