မြို့သစ်စီမံကိန်းကြောင့် ဒဂုံမြို့သစ်အိမ်ခြံမြေဈေးကွက် ဝယ်လက်များပြားလား

မြို့သစ်စီမံကိန်းကြောင့် ဒဂုံမြို့သစ်အိမ်ခြံမြေဈေးကွက် ဝယ်လက်များပြားလား - Property News in Myanmar from iMyanmarHouse.com
7 Jul 2015 10:24 am တွင် တင်ခဲ့သည်
6708 ကြိမ် ကြည့်ရှု့ပြီး
လွှတ်တော်မှာ အတည်ပြုထုတ်ပြန်လိုက်သည့် ရန်ကုန်မြို့တွင်ဖော်ဆောင်မည့် မြို့သစ်စီမံကိန်းကြောင့် ယခုအခါ ဒဂုံမြို့သစ်ရှိအိမ်ခြံမြေများ အဝယ်လိုက်လာကာ အဆိုပါနေရာတွင် မြေဈေးများမြင့်တက်လာကြောင်း ရန်ကုန် အိမ်ခြံမြေဈေးကွက်မှ စုံစမ်းသိရှိရသည်။

ဒဂုံမြို့သစ်အရှေ့ ပိုင်းမြို့ နယ်ကားလမ်းမကြီး၏ တစ်ဖက်တစ်ချက်တွင် လယ်ကွင်းများ၊ စိုက်ကွက်များ ရှိနေခြင်း ကြောင့် မြို့သစ်နှစ် နေရာအနက် ပထမဦးစားပေးမြို့သစ်ဖော်ဆောင်သွားမည်ဖြစ်သည်။ ထို့အတွက် ယခုအခါ ဒဂုံမြို့သစ်ရှိ အိမ်ခြံမြေများကို ဝယ်ယူလိုသည့် ဝယ်လက်များပြားလာကာ ဒဂုံမြို့သစ်ရှိ အိမ်ခြံမြေဈေးနှုန်းများ လည်း ယခင်ဈေးနှုန်းထက် သုံးဆဝန်းကျင်လောက်မြင့်တက်လာကြောင်း စုံစမ်းသိရှိရသည်။ “ အခု ဝယ်လက် အများစုက မြို့သစ်စီမံကိန်းကြောင့် ဒဂုံမြို့သစ်ဘက်ဆင်းကြတာများတယ်။ ရန်ကုန်ဝဝ်လက်တင်မကဘူး နယ် ဝယ်လက်ပါ ဆင်းဝယ်တာတွေ့လာရတယ်။

ဈေးကတော့ ဝယ်လက်များလာတော့ တက်လာပါတယ်။ ပုံမှန်တော့ မရှိသေးဘူး။ ပါးစပ်ဈေးဖြစ်နေတယ်။ တစ်ချို့ ကလည်း မဝယ်ပဲဈေးခေါ်နေတာတွေရှိတယ်။ လုံချင်းအိမ်တွေ၊ မြေတွေတော့ အရောင်းအဝယ်ဖြစ်တာမတွေ့မိဘူး။ အဓိက ကတော့မြေကွက်တွေအဝယ်များနေတယ်” ဟု ဝါရင့်အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက iMyanmarHouse သို့ပြောကြားခဲ့သည်။

အချို့သောအိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများသည် ဒဂုံမြို့သစ် မြောက်ပိုင်း၊အရှေ့ ပိုင်း၊ တောင်ပိုင်း၊ ဆိပ်ကမ်းမြို့ နယ်များရှိ မြေကွက်များကို ဝယ်ယူရန်အတွက်လည်း နိုင်ငံတော်ပိုင်သတင်းစာများတွင်ပင် ကြော်ငြာစာများ ထည့်သွင်းဖော်ပြလာသည်ကိုတွေ့လာရသည်။ ထို့အပြင်ဒဂုံမြို့ သစ်အရှေ့ ပိုင်းနှင့် လှည်းကူးမြို့ နယ် ကြားတွင် လယ်မြေဧက တစ်သောင်းကျော်ရှိသည့် အတွက်လည်း အရှေ့မြောက်ပိုင်း မြို့သစ် အမည်အဖြစ်လည်း မြို့သစ်ဖော်ဆောင်ပေးသွားမည် ဖြစ်ကြောင်းလည်းသိရသည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service