ရန်ကုန်တွင် အဆောက်အအုံဟောင်းများကို မွမ်းမံကာ ပြန်လည် အသုံးပြုလာကြသော်လည်း အရေအတွက်အားဖြင့် နည်းနေသေး

ရန်ကုန်တွင် အဆောက်အအုံဟောင်းများကို မွမ်းမံကာ ပြန်လည် အသုံးပြုလာကြသော်လည်း အရေအတွက်အားဖြင့် နည်းနေသေး - Property News in Myanmar from iMyanmarHouse.com
3 Jul 2015 10:16 am တွင် တင်ခဲ့သည်
763 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင်အဆောက်အအုံဟောင်းများကို ပြန်လည်ပြုပြင်ကာ အသုံးပြုခြင်းများကို ယခင်ကထက် ပိုမိုကျယ်ပြန့်စွာ
လုပ်ဆောင်လာကြသော်လည်း အပြီးသတ် လုပ်ဆောင်သည့် လုပ်ငန်းအရေအတွက်ဖြင့် နှိုင်းယှဉ် ကြည့်ပါကများစွာနည်းနေသေးကြောင်းပြည်တွင်းဈေးကွက်ရှိ ဗိသုကာပညာရှင်များက ပြောသည်။

“နိုင်ငံခြားမှာဆိုရင်အဆောက်အအုံအဟောင်းတွေကိုဖြိုချပြီး ပြန်ဆောက်တာမျိုးမလုပ်ဘဲအဲဒီအဆောက်အအုံဟောင်းတွေကို ပြန်လည်ပြုပြင်ပြီး တာရှည် အသုံးပြုကြတယ်။
ဒါပေမဲ့ရန်ကုန်မှာတော့အဆောက်အအုံဟောင်းတွေကို ပြန်လည်အသုံးပြုတာ နည်းနေသေးတယ်”ဟု
ဗိသုကာပညာရှင် တစ်ဦးဖြစ်သူ မမြမဉ္ဇူ က ပြောသည်။

ရှေးခေတ်အဆောက်အအုံများသည်မြို့၏အလှအပတစ်ခုဖြစ်ပြီးယင်းကဲ့သို့အလှအပများစွာရှိနေသောမြို့တော်ရန်ကုန်တွင်ထိုအလှအပများကို ပေါ်လွင်အောင် ရှေးခေတ်အဆောက်အအုံဟောင်းများကိုပြန်လည်ပြင်ဆင်ပြီး အသုံးပြုသင့်ကြောင်း ဗိသုကာပညာရှင်များက ပြောသည်။

“၂၀၁၁ခုနှစ်မှာကျွန်မအမေရိကားကနေရန်ကုန်ကို ပြန်ရောက်တော့ ရန်ကုန်မှာ အဆောက်အအုံအသစ်တွေ
အများကြီး ဆောက်လာကြတာကို သတိပြုမိတယ်။ ဒါပေမဲ့ အဆောက်အအုံဟောင်းတွေကို ဘယ်သူမှ
ပြန်လည်ပြင်ဆင်ပြီး မသုံးကြတာကိုလည်း ၀မ်းနည်းစွာ သတိပြုမိတယ်။ ခိုင်ခံ့တဲ့ အဆောက်အအုံဟောင်းတွေကို
ပြန်လည်အလှဆင်ပြီး အသုံးပြုတာမျိုးက ရန်ကုန်မြို့မှာ သိပ်ရှားပါးနေသေးတယ်”ဟု အမေရိကန်နိုင်ငံ၏
ကမ္ဘာကျော် Kelly Wearstler တွင် အိမ်တွင်း အလှဆင်ပညာရှင်အဖြစ် အလုပ်လုပ်ခဲ့သူ မမြမဉ္ဇူ က
ပြောသည်။ မမြမဉ္ဇူ သည် ၁၉၀၀ ပြည့်နှစ်ဝန်းကျင်က တည်ဆောက်ခဲ့သော အချက်အချာကျသော ပန်းဆိုးတန်းလမ်းနဲ့ကုန်သည်လမ်းထောင့်တွင် တည်ရှိသော အဆောက်အအုံကိုပြန်လည်ပြင်ဆင်ပြီး မြန်မာအစားအစာများရရှိနိုင်သောစားသောက်ဆိုင်ငယ်အဖြစ် ရန်ကုန်တီးဟောက်ကို ဖွင့်လှစ်နိုင်ရန် အတွင်းပိုင်း ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သူလည်းဖြစ်သည်။

“ဒီစီမံကိန်းကိုစမလုပ်ခင်ပထမဆုံးစဉ်းစားမိတာက ခေတ်မီတဲ့ မြန်မာစတိုင်က ဘယ်လိုပုံမျိုးလဲဆိုတာပဲ။
ဒါကြောင့်ရန်ကုန်တီးဟောက်ကို ခေတ်မီပြီး ရှေးမကျတဲ့ မြန်မာ့ပုံစံ အဆောက်အအုံတစ်ခုဖြစ်ဖို့ ပြည်တွင်း ပြည်ပ
အလှဆင် ပစ္စည်းတွေကို ရောနှော အသုံးပြုထားပါတယ်”ဟု ၎င်းကပြောသည်။ အဆောက်အအုံဟောင်းများကို
ပြန်လည်မွမ်းမံပြင်ဆင်ခြင်းများကိုအများဆုံးပြုလုပ် လေ့ရှိပြီး ၂၀၁၅ ခုနှစ် မြန်မာ့အိမ်ခြံမြေ ဆုပေးပွဲအတွက်
အဆောက်အအုံဟောင်းများကိုအကောင်းဆုံး ပြန်လည်ပြင်ဆင်သူ ဆု အကြိုရွေးချယ်ခြင်းတွင် ဆုငါးဆုထဲမှ ဆု နှစ်ဆု
ရွေးချယ်ခံရသော Green Vision Group ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ကိုဇာနည်က “Green Vision က
အဆောက်အအုံကိုအသစ်တည်ဆောက်တာထက်မွမ်းမံပြုပင် ခြင်းအတတ်ပညာကို ပိုထောက်ခံအားပေးပါတယ်။

ဒီလို မွမ်းမံပြင်ဆင်ခြင်းက အဆောက်အအုံများ တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်ပျက်စီးမှုတွေကို လျော့ကျစေမှာဖြစ်ပြီး မြန်မာ့ အိမ်ခြံမြေ ရေရှည် တည်တံ့ဖွံ့ဖြိုးစေဖို့လည်း အထောက်အကူပြုမှာဖြစ်ပါတယ်”ဟု ပြောသည်။ Green VisionGroupကုမ္ပဏီသည် မြေနီကုန်း ပြည်သူ့ရင်ပြင်အနီးရှိ ရှစ်ထပ်တိုက်အဆောက်အအုံအဟောင်းကို Park side One ရုံးခန်း အဆောက်အအုံအဖြစ် အပူရှိန်နှင့် ဆူညံသံများကို သဘာဝအတိုင်းလျှော့ချစေနိုင်ရန် မှန်နှစ်ထပ်အသုံးပြုကာ နိုင်ငံတကာအဆင့်မြင့် နည်းပညာများနှင့် ပြည်တွင်းဖြစ် အလှဆင်ပစ္စည်းများကို
ပေါင်းစပ်အသုံးပြုကာခေတ်မီမြန်မာ့ပုံစံဖြစ်အောင် ပြန်လည် ဖန်တီးထားကြောင်း ကိုဇာနည်က ပြောသည်။

“ရန်ကုန်မှာ ရုံးခန်း လိုအပ်ချက်တွေ များစွာရှိနေချိန်မှာ မြေနီကုန်း ပြည်သူ့ရင်ပြင်နားက ရှစ်ထပ်တိုက် အဆောက်အအုံကို
နိုင်ငံတကာအဆင့်မီ အဆင့်မြင့် နည်းပညာတွေကို အသုံးပြုပြီး ရုံးခန်းတွေအဖြစ် ပြင်ဆင်မွမ်းမံခဲ့ပါတယ်။
အဆင့်မြင့်အရည်အသွေးရှိတဲ့ ပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေကို အသုံးပြုပြီး ဆိုင်ခန်းနဲ့ တိုက်ခန်းတွေပါဝင်တဲ့ဒီအဆောက်အအုံကို ၂၀၁၄ ခုနှစ်မှာ ရုံးခန်းအဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

အဆောက်အအုံအသစ်များ တည်ဆောက်ပါက ကုန်ကျစရိတ်များပြီး ပတ်ဝန်းကျင်ထိခိုက် ပျက်စီးနိုင်ခြင်းများလည်းရှိနိုင်သည့်အတွက် အဆောက်အအုံအသစ် တည်ဆောက်ခြင်း အစားထိုး အဆောက်အအုံဟောင်းများကိုခေတ်မီနည်းပညာများဖြင့် ပြန်လည်ပြင်ဆင်ကာ အသုံးပြုခြင်းများကို ယခုထက် ကျယ်ပြန့်စွာပြုလုပ်သင့်ကြောင်းကျွမ်းကျင်သူများက
ပြောသည်။

ရန်ကုန်မြို့တွင် အသုံးမပြုဘဲ ပိတ်ထားသော ကိုလိုနီခေတ် အဆောက်အအုံအများအပြားရှိနေပြီး ထိုအဆောက်အအုံများကို ပြန်လည်ပြင်ဆင်ကာ အသုံးပြုသင့်ကြောင်း ဗိသုကာ ပညာရှင်
တစ်ဦးဖြစ်သူ ဒေါ်စန္ဒာမေက ပြောသည်။ “ရန်ကုန်မှာ ပိတ်ထားတဲ့ ရှေးခေတ်အဆောက်အအုံဟောင်းတွေကို
ပြန်လည် ပြင်ဆင်ပြီးကျောင်းတွေ၊ ဆေးရုံတွေ စတဲ့ အခြေခံအဆောက်အအုံတွေ အတွက် သုံးတာပဲ ဖြစ်စေ၊
အဆောက်အအုံ ပြင်ဆင် စရိတ်ကြီးမားတဲ့အတွက် စီးပွားရေး လုပ်ငန်းရှင်တွေကို ငှားရမ်းပြီး ဒီအဆောက်အအုံကိုရှေးမူမပျက် ပြန်ပြင်စေတာပဲဖြစ်စေ ပြုလုပ်သင့်ပါတယ်။
အဆောက်အအုံအသစ် တည်ဆောက်တာထက် အဟောင်းကိုပြန်ပြင် ဆင်သုံးတာက ပိုပြီး ငွေကုန်ကြေးကျသက်သာစေမှာဖြစ်တဲ့အတွက် ဒီအဆောက်အအုံ ဟောင်းတွေကိုခေတ်မီပုံစံပြင်ဆင်ပြီး အကျိုးရှိရှိ အသုံးပြုစေချင်ပါတယ်” ဟု ၎င်းကပြောသည်။

Credit : The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service