ရန်ကုန်မြို့သည် ပဲရစ်နှင့်ဆစ်ဒ်နီမြို့များထက် နေထိုင်စရိတ်ကြီး မြင့်သော မြို့ဖြစ်နေ

ရန်ကုန်မြို့သည် ပဲရစ်နှင့်ဆစ်ဒ်နီမြို့များထက် နေထိုင်စရိတ်ကြီး မြင့်သော မြို့ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
1 Jul 2015 9:28 am တွင် တင်ခဲ့သည်
916 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့သည် နိုင်ငံခြားက လာရောက် အလုပ်လုပ်သူများအတွက် နေထိုင်စရိတ် ကြီးမြင့်သောမြို့
တစ်မြို့ဖြစ်ပြီး ရန်ကုန်မြို့၏ မြေနှင့် အိမ်ရာငှားရမ်းခဈေးနှုန်းများမှာ လည်း ပြီးခဲ့သည့်နှစ်များအတွင်း
ပိုမိုမြင့်မားလာကာ ယခုနှစ်တွင် ပိုကြီးမြင့်လာကြောင်း Mercer အဖွဲ့အစည်း၏ လူနေမှုစရိတ်
သုတေသနစာတမ်း ၂၀၁၅ တွင် ဖော်ပြထားသည်။

နှစ်စဉ် ဇွန်လတွင် ထုတ်ပြန်နေကျဖြစ် သည့် ထိုသုတေသနပြုချက်တွင် ရန်ကုန်မြို့ သည်
ပြင်သစ်နိုင်ငံက ပဲရစ်၊ ဩစတြေးလျက ဆစ်ဒ်နီ၊ ယူအေအီးက အဘူဒါဘီ၊ နော်ဝေက အော်စလို၊
ယူအက်စ်က ဆန်ဖရန်ဆစ္စကို၊ ထိုင်းက ဘန်ကောက်၊ အီတလီက ရောမနှင့် ယူအက်စ်က
ဝါရှင်တန်ဒီစီတို့ထက် နေထိုင် စရိတ် ပိုကြီးမြင့်နေပြီး ကမ္ဘာ့နေထိုင်စရိတ် ဈေး အကြီးမြင့်ဆုံးမြို့တော်
စာရင်းတွင် ယခင် နှစ်က နံပါတ် ၆၆ နေရာတွင်ရှိခဲ့သော်လည်း ယခုနှစ်တွင် နံပါတ် ၂၈ နေရာသို့
ရောက်ရှိ ခဲ့ခြင်းဖြစ်ကြောင်း ထိုစာတမ်းတွင် ဖော်ပြ ထားသည်။ မြို့နယ်ပေါင်း ၂၀၇ မြို့နယ်ပါဝင်သော
ထိုစစ်တမ်းသည် နေထိုင်စရိတ်၊ စားသောက် စရိတ်၊ သွားလာစရိတ်နှင့် ဖျော်ဖြေရေးစရိတ် များကို
အခြေခံကာ တွက်ချက်ထားခြင်းဖြစ်သည်။

ရန်ကုန်သည် နေထိုင် စား သောက်စရိတ်နှင့် သွားလာရေးတွင် ဈေး နှုန်း မြင့်မားသည့် နေရာ
တွင် တည်ရှိသည်ဟု ဖော်ပြထားသော်လည်း ပြည်တွင်းလုပ်ငန်းများ စီးပွားရေး ကောင်းမွန် ခြင်းမရှိဘဲ
ဈေးနှုန်းကြီးမြင့်ခြင်းမှာ မဖြစ် သင့်ဟု ပြည်တွင်းလုပ်ငန်းရှင်များက ပြောသည်။ "နေထိုင်စရိတ်မှာ
နိုင်ငံခြားသားနဲ့ ပြည်တွင်းက သူတွေနဲ့ ကွာခြားတယ်ဆိုတာ အိမ် ငှားရမ်းတဲ့နေရာ ကွာခြားလို့ပါ။
နိုင်ငံခြားသား တွေက ကွန်ဒိုတို့ လုံးချင်းအိမ်တို့ကိုပဲ ငှားရမ်း နေထိုင်ကြတော့ နေထိုင်
စရိတ်ကြီးမြင့်တဲ့ သဘော ဖြစ်ပါတယ်။ နိုင်ငံခြားသားတစ်ဈေး၊ နိုင်ငံသားတစ်ဈေးလုပ်တာ
မျိုးကြောင့်တော့ မဟုတ်ပါဘူး"ဟု အိမ်ခြံမြေ အကျိုးဆောင် ဦးအောင်မင်းက ပြောသည်။

မြို့နယ်အလိုက် အိမ်ဈေးနှုန်းကွာခြား ချက်များမှာလည်း မြင့်မားလျက် ရှိသော ကြောင့်
မြို့ထဲဧရိယာများနှင့် အခြားမြို့နယ် များ၏ အိမ်ငှားစရိတ်များမှာ အိမ်အကျယ်စတုရန်းပေ
တူညီသော အိမ်တစ်အိမ်တွင်ပင် ဈေးနှုန်းသုံးဆခန့်ထက် ပိုမိုကွာခြားနိုင် ကြောင်း
၎င်းကပြောသည်။ "နိုင်ငံခြားသားတွေက အချက်အချာကျတဲ့၊ မြေဈေး နှုန်း မြင့်မားတဲ့နေရာမျိုး
ကိုလည်း ရွေးမယ် လုံးချင်း အိမ်မျိုးကိုလည်း ရွေးမယ်ဆိုရင်တော့ တစ်လ အိမ်ငှားစရိတ်က
ဈေးမြင့်မှာ အသေအချာပဲ။ အငှားစရိတ်ကလည်း အနည်းဆုံး သိန်း၅၀ ကျော်လောက်
ရှိနိုင်ပါတယ်။ တစ်ခါ တစ်လေ အိမ်ထောင်ပရိဘောဂပစ္စည်းတွေ အပြည့်အစုံထည့်ပေးထားတဲ့
အိမ်တွေက အိမ်ငှားစရိတ် ပိုပေးရပါတယ်။ နိုင်ငံခြားသားတွေအတွက် ပစ္စည်းသယ်ရ၊
ပြောင်းရတာမလွယ်လို့ အဲဒီလိုအိမ်မျိုးကို ရွေးချယ်တတ်ကြပေမယ့် ဒီမှာအနေကြာတဲ့
နိုင်ငံခြားသား တွေဆိုရင်တော့ အိမ်ဈေးနှုန်းကိုပဲ ဦးစားပေးပြီး ပရိဘောဂအပြည့်အစုံ
ပါ မပါကို မရွေးချယ်ကြပါဘူး"ဟု ၎င်းကပြောသည်။ "မနှစ်ကထက် ဒီနှစ် အိမ်ငှားစရိတ်က
တော့ ကျွန်တော့်အထင်မှာတော့ ဈေးတက် မလာပါဘူး။ အိမ်ရာအသစ်တွေလည်း အများကြီး
တည်ဆောက်နေတော့ အိမ်ငှားစရိတ်ကတော့ တဖြည်းဖြည်းပိုဈေးကျသွားနိုင်ပါတယ်"ဟု
၎င်းကပြောသည်။

ထိုသုတေသနပြုချက်တွင် ရန်ကုန်မြို့၏ အချက်အချာကျသောနေရာတွင် ပရိဘောဂပစ္စည်း
များအပြည့်အစုံပါဝင်သော ၉၀၀ စတုရန်းပေအကျယ်ရှိ တိုက်ခန်းတစ်ခန်း၏ အငှား စရိတ်မှာ
တစ်လ ၅,၀၅၁,၇၄၀ ကျပ်၊ မြို့စွန်မြို့နယ်များတွင် ထိုစတုရန်းပေအကျယ်ရှိတိုက်ခန်းတစ်ခန်း
အငှားစရိတ်ကို ၁၁၅,၅၈၈ ကျပ်ရှိသည်ဟု ဖော်ပြထားသည်။ ရန်ကုန်မြို့တွင် နိုင်ငံခြားသားများ
အတွက် သွားလာစရိတ်မှာ မြင့်မားသည်အနေအထားတွင်ရှိသော်လည်း ဈေးနှုန်းမှာ
နိုင်ငံခြားသားနှင့် ပြည်တွင်းငှားရမ်းသူဟု ခွဲခြားကာ ဈေးနှုန်းကွာဟထားခြင်းမရှိဘဲ
ဝန်ဆောင်မှုအပေါ် လိုက်၍သာ ဈေးနှုန်းပြောင်းလဲခြင်းဖြစ်သည်ဟု ကားအငှားလုပ်သူ
ကားပိုင်ရှင် ဦးစိုးမင်းမျိုးက ပြောသည်။ ကားငှားရမ်းခသည် တစ်လလျှင် ဒေါ်လာ ၆၀၀
ဝန်းကျင်မှစ၍ ငှားရမ်းကြပြီး ယာဉ်မောင်းနှင့် ကားနှစ်မျိုးလုံး ငှားရမ်းမည်ဆိုပါက ဒေါ်လာ
၁,၀၀၀ ၀န်းကျင်ရှိသည်ဟု ၎င်းက ပြောသည်။

"ကားငှားတဲ့ဈေးနှုန်းက နိုင်ငံခြားသား ဆိုရင် တစ်လကို ဒေါ်လာ ၆၀၀ ကနေစပြီး တော့
ငှားကြတယ်။ ကားအမျိုးအစားပေါ်ကို လိုက်ပြီးတော့ ဈေးနှုန်းက ပြောင်းလဲသွား တယ်။
ပြည်တွင်းငှားရမ်းသူ ဆိုရင်တော့ ဒေါ်လာ ၅၀၀ ကနေစပြီးတော့ ငှားလို့ရတယ်။ နိုင်ငံခြား
သားကို ဈေးပိုယူတာမဟုတ်ဘူး။ နိုင်ငံခြားသားကို ငှားရင် ကားပျက်တဲ့အခါကျရင် ပြင်ပေးရ
တယ်။ ပြည်တွင်းအငှားတွေ ဆိုရင် ပြင်ပေးစရာမလိုဘူး၊ သူတို့ဘာသာသူတို့ပြင်တာ။
အဲဒါကြောင့် ဈေးနှုန်းကွာသွားတာပါ"ဟု ၎င်းက ပြောသည်။ နိုင်ငံခြားသားများကို
ကားငှားရမ်းသည့်အခါ ၎င်းတို့ကိုယ်တိုင်မောင်းနှင်၍ ဖြစ်ပေါ်လာသည့်ကိစ္စများကို ကားပိုင်ရှင်က
ဆောင်ရွက်ပေးရန် မလိုသော်လည်း ကားပျက်သည့်အခါတွင် ပြန်လည်ပြင်ဆင်ပေးရကြောင်း
၎င်းကပြောသည်။ ကားအငှားဝန်ဆောင်မှု လုပ်ငန်းအများစုသည် ခရီးသွားလုပ်ငန်းများကိုအားထား
၍ လုပ်ကိုင်နေရပြီး လအလိုက်ငှားခြင်းလုပ်ငန်းသည် အနည်းငယ်သာရှိသည်ဟု ရွှေကြက်ကား
အငှားလုပ်ငန်းက ကိုမင်းသုဝေက ပြောသည်။ "ကျွန်တော့်ဆီမှာ ကားအငှားလုပ်ငန်းက
ကားမောင်းတဲ့သူရော၊ ကားရော ၀န်ဆောင်မှုပေးတယ်။ ခရီးသည် အရေ အတွက်ကိုလိုက်ပြီး
ကားစီးစဉ်ပေးတယ်။ ခရီးသွားလမ်းညွှန်ကိုပါ ၀န်ဆောင်မှုပေးတယ်။ ဈေးကတော့ ကားအရွယ်
အစားနဲ့ ၀န်ဆောင်မှုတွေကို လိုက်ပြီး တော့ ကွာဟသွားတယ်" ဟု ၎င်းက ပြောသည်။
"အခုနောက်ပိုင်းမှာတော့ စီးပွားရေး က အရင်လောက် မကောင်းတော့ဘူး။ ကားဈေးတွေ
ကကျတော့ ကားဝယ်တဲ့သူ များလာပြီး ဒီလုပ်ငန်းလုပ်တဲ့သူက အရင်ကထက် ပိုများလာတယ်။
အပြိုင်အဆိုင်တွေ အရမ်းများလာတော့ ဈေးက ရသင့်သလောက်မရဘူး။ လူတွေကလည်း
ဈေး ပေါတာကိုပဲ ပိုငှားကြတယ်။ ၀န်ဆောင်မှုကို သိပ်ပြီးမကြည့်ကြတော့ဘူး" ဟု ၎င်းက
ပြောသည်။ ထိုစာတမ်းတွင် ရန်ကုန်မြို့၏ အဆင့်မြင့် စားသောက်ဆိုင်များတွင် နေ့လယ်စာ
တစ်နပ်အတွက် ၂၁,၁၉၄ ကျပ်၊ အမြန်စာဖြစ်သော ဘာဂါတစ်လုံးအတွက် ၆,၃၅၅ ကျပ်
ကျသင့်သည်ဟု ဖော်ပြထားပြီး ထိုစားသောက်စရိတ်သည် ဘန်ကောက်ရှိ အချို့ဟိုတယ်များ
ထက်ပင် ဈေးနှုန်းပိုကြီး မြင့်နေကြောင်း နိုင်ငံခြားသားများက
ပြောသည်။

"နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ပြီးဖွင့်တဲ့ တချို့စားသောက်ဆိုင်တွေက ဘန်ကောက်က
ဆိုင်တွေထက် တောင် ဈေးကြီးတယ်လို့ ဆိုရမှာပါ။ အဲဒီဆိုင်တွေမှာ တခြားဆိုင်တွေမှာ
မရှိနိုင်တဲ့ အင်တာနက်လိုင်းကောင်းတာတွေ၊ နိုင်ငံခြားသားကြိုက်မယ့် အပြင်အဆင်တွေ
ကို ပြုလုပ်ထားတာတွေအပြင် နိုင်ငံခြား သား ဧည့်သည်တွေ အမှတ်တရဓာတ်ပုံရိုက်ကူးနိုင်ဖို့
မြန်မာ့ရိုးရာပစ္စည်းတွေကို အလှဆင်ပေးတာတွေစတဲ့ ၀န်ဆောင်မှု တွေထည့်ပေးထားတဲ့အပြင်
အချက်အချာ ကျတဲ့ မြေဈေးမြင့်တဲ့ နေရာတွေမှာ စားသောက်ဆိုင် ဖွင့်လှစ်ထားတာတွေ
ကြောင့်လည်း ဈေးမြင့်တာပါပါတယ်" ဟု ပန်းဆိုးတန်းတွင် စားသောက်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service