ၾကာၾကာ ဝါးမည့္သြား………………..

ၾကာၾကာ ဝါးမည့္သြား……………….. - Property News in Myanmar from iMyanmarHouse.com
30 Jun 2015 10:46 am တွင် တင်ခဲ့သည်
1403 ကြိမ် ကြည့်ရှု့ပြီး
ယခုတလော ဂျာနယ်များ အသံလွှင့်မီဒီယာများနှင့် ရုပ်သံမီဒီယာများတွင် အကြားရဆုံး၊ အဟော့ဆုံး သတင်း ဖြစ်နေသည့် ရန်ကုန် တိုင်းဒေသကြီးအတွင်း မကြာသေးမီကမှ အတည်ပြုပြဌာန်းလိုက်သော မဟာရန်ကုန်မြို့ ပြဖွံ့ဖြိုးရေး မဟာ ဗျူဟာစီမံကိန်းကြီး၏ သတင်းများပင်ဖြစ်သည်။ ယင်းမှာလည်း ထူးဆန်းသည်လို့မဆိုနိုင်ပေမဲ့ လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးလမ်းစဉ်အရ အခြားသောစီးပွားရေးလုပ်ငန်းများထက် မြေဈေးကစားခြင်းနှင့် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံခြင်းသည် ပို၍ အမြတ်အစွန်းများသည့်အတွက် နိုင်ငံအတွင်းရှိငွေကြေးမြှုပ်နှံလိုသူတို့ သည် အိမ်ခြံမြေဘက်တွင် ရင်းနှီးမြှုပ်နှံရန်လိုလားနေကြသည်။ အထူးသဖြင့် အိမ်ခြံမြေဈေးနှုန်းမြန်နှုန်းမြင့် ခုန်တက်နေသော ရန်ကုန်လိုနေရာမျိုးတွင် ပို၍ပင်ရင်းနှီးမြှုပ်နှံလိုကြသည်။ ထို့အတွက်လည်း ယင်းကဲ့သို့ ရန်ကုန်မြို့ ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ထွက်ပေါ်လာစဉ်တွင် ပြည်တွင်းရင်းနှီးမြှုပ်နှံသူတို့ ခြေရှုပ်လာခဲ့ ကြသည်။ အဆိုပါ စီမံကိန်းသတင်းကို တိတိပပဖော်ပြထားသော ဂျာနယ်များ၊ မဂ္ဂဇင်းများ ရောင်းအားကောင်း ခဲ့သည်ဟု လည်းကြားရသည်။

စာရေးသူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံသူများသည် မည်မျှပင် စီမံကိန်းများကြောင့် အရှုံးပြသည်ဆိုဆို စီမံကိန်းဟု အသံ ကြားလိုက်လျှင် ရှုံးခဲ့သည်များကို မေ့၍အမြတ်ရရှိမှုကိုသာ တွေးကြသည်အတွက် ယခုအခါစီမံကိန်း အနံ့ရ၍ ဝယ်၊ မဝယ်တော့မသိ စီမံကိန်းနေရာမြေဈေးမှာတော့ ခုန်ပြန်ကျော်လွှာတက်ရိပ်ပြလာခဲ့သည်။ ယခင်မြေပိုင်ရှင် တွေမှာ အမှန်တကယ်ပေါက်ဈေးရရှိသွားနိုင်ရဲ့လားဆိုတာကလည်း သံသယဖြစ်စရာပါ။ အဘယ့်ကြောင့်ဆို သော် စီမံကိန်းဟုဆိုလိုက်လျှင် စီမံကိန်းနှင့် နီးစပ်သူအသိုင်းအဝိုင်းမှ ကြေညာချက်မစမီမြေယာများအား ဦးစွာ ဆင်းဝယ်ယူမှုများကြောင့်ပင်ဖြစ်သည်။ ထို့အတွက် မူလပိုင်ဆိုင်သူတို့မှာ စီမံကိန်းကြောင့် မြေဈေးမြင့်တက်မှု ကိုမစံစားရတော့ပေ။ “
အခုငွေရင်းချင်တဲ့သူတွေအတွက် အိမ်ခြံမြေကဘဲ အမြတ်ရတာ။ ဒေါ်လာကလည်း ဈေးမငြိမ်ဘူး၊ ရွှေကလည်း ထင်သလောက်အလုပ်မဖြစ်ဘူး။ ကားဆိုတာက မြတ်လည်းနည်းနည်းပဲလေ၊ မြေကတော့ဝယ်ထားလည်း မမှားဘူး။ ပြန်ရောင်းရင်လည်း ကာလပေါက်ဈေးတော့ ရမှာပဲ။ ဒါပေမဲ့ အရမ်းဈေးမြောက်နေရင်တော့ စဉ်းစားပေါ့။ မြေဆိုတာ အရှုံးမရှိပါဘူး။ ဒါကြောင့်လည်း စီမံကိန်း အသံကြားရင် ပြေးဝယ်ကြတာပါ။ မြေက မြတ်ရင်ထီပေါက်တာထက်ပိုရတယ်” ဟု ဝါရင့်အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတစ်ဦးက ဆိုခဲ့လေသည်။ ထို့အတွက် ယခုထွက်ပေါ်လာသော စီမံကိန်းသတင်းအနံ့များအရ ဒဂုံမြို့ သစ်အရှေ့ ပိုင်းမြို့ နယ်နှင့် မြောက်ပိုင်းခရိုင်တို့ရှိ မြေဈေးများလှုပ်ခတ်လာခဲ့သည်။

ဒဂုံမြို့သစ်အရှေ့ ပိုင်းမြို့ နယ်ကားလမ်းမကြီး၏ တစ်ဖက်တစ်ချက်တွင် လယ်ကွင်းများ၊ စိုက်ကွက်များ ရှိနေခြင်း ကြောင့် မြို့သစ်နှစ် နေရာအနက် ပထမဦးစားပေးမြို့သစ်ဖြစ်လာခဲ့ပေသည်။ ထို့အပြင် ဒဂုံမြို့ သစ်အရှေ့ ပိုင်းနှင့် လှည်းကူးမြို့ နယ် ကြားတွင် လယ်မြေဧက တစ်သောင်းကျော်ရှိသည့်အတွက်လည်း အရှေ့မြောက်ပိုင်း မြို့သစ် အမည်အဖြစ် မြောက်ပိုင်းခရိုင်ကို ဦးစားပေးဆောင်ရွက်မည်ဟု အသံများထွက်ပေါ်လာခဲ့သည်။ ယင်းမြို့သစ် တည်မည့်နေရာသည် လက်ရှိအချိန်တွင် ကျေရွာအချို့ နှင့် လယ်မြေများ၊ လုပ်ငန်းလုပ်ကိုင်မှုနည်းပါးသေးသည့် စက်မှုဇုန်လေးခုနှင့် အိမ်ရာတို့သာရှိနေပြီး အခြေအနေတစ်ခုအထိ မဖွံ့ဖြိုးသေးပေ။ ထိုနေရာတွင် မြို့သစ်ကို အကောက်အထည်ဖော်ဆောင်ရွက်မည်ဟူသော သတင်းများကြောင့် ယခုအခါ မြေကွက်များ ဝယ်ယူမှုမြင့်တက် လာခဲ့သည်။ မည်မျှပင် စီမံကိန်းကြောင့် အရှုံးပြခဲ့သော်လည်း ယခုစီမံကိန်းအသံကြားသည်နှင့် စီမံကိန်း အကောင်အထည်ဖော်မည့် ဝန်းကျင်ဘေးရှိ မြေကွက်များကို ဝယ်ယူမှုများပြုလာကြသည်။ သို့သော်လည်း သတိနှင့်တော့ လုပ်နေကြသည့်အတွက် အဆိုပါစီမံကိန်းဖော်ဆောင်မည့် နေရာဝန်းကျင်ရှိမြေဈေးနှုန်းများမှာ ယခင်ဒလစီမံကိန်းကဲ့သို့ သိသိသာသာ မြင့်တက်ခဲ့ခြင်းမရှိသည်ကိုတွေ့လာရသည်။

လက်ရှိ အဆိုပါမြို့သစ်စီမံကိန်းဖော်ဆောင်မည့် မြေဧကတွင် ပါဝင်သောမြေများကို ကျပ်သိန်း ၅၀ နှင့် အခြားမြေ နေရာများကို ကျပ်သိန်း ၁၀၀ နှုန်းအထိလျှော်ကြေးပေးရန် ရှိနေပြီး ယင်းစီမံကိန်းအတွက် စုစုပေါင်းကုန်ကျစ ရိတ်အတွက် ကျပ် ၄၉၁.၂၃ ဘီလျံ သုံးစွဲရန်လျာထားလေသည်။ ယင်းစီမံကိန်း ပတ်လည်ဝန်းကျင်နေရာ မြေ ဈေးနှုန်းများသည် ယခုအခါ တစ်ဧကလျှင် ကျပ်သိန်း ၃၀၀ အထိရှိလာကာ စီမံကိန်းအကောင်အထည်ဖော်မည့် မြေနေရာဝန်းကျင်ရှိ စက်မှုဇုန်မြေဈေးမှာ ပေ ၂၀၀ ပတ်လည်ကို ကျပ်သိန်း ၁၅၀၀ အထိရှိလာလေသည်။ ထို့ အတွက် အဆိုပါ စီမံကိန်းကြောင့် သာမာန်မြေဈေးမြင့်တက်မှုမှာ မသိသာသော်လည်း စက်မှုဇုန်မြေဈေး မြင့်တက် မှုမှာပမာဏအားဖြင့် များလှသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသည် စီမံကိန်းများနှင့် ရင်းနှီးပြီးသာလူများဖြစ်၍ စီမံကိန်း၏ ကောင်းငွေ့၊ ဆိုးငွေ့ကို ခံစားခံဖူးပြီးသာပင်ဖြစ်သည်။ ယခုလည်း စီမံကိန်းတစ်ခုအကောင်အထည်ဖော်မည့် သတင်းကြောင့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူတို့ ငွေကြေးရင်းနှီးရန်တာဆူနေပြီလည်းဖြစ်သည်။ ယင်းရင်းနှီးမြှုပ်နှံမှုကို မတားလို သော်လည်း စီမံကိန်းဆိုသည်မှာ နှစ်ရှည်လုပ်ဆောင်ရသည်မျိုးဖြစ်သည့်အတွက် နောင်တက်မည့် အစိုးရသစ် လက်ထက်တွင် ယင်းစီမံကိန်းမှာ ကျန်ပါဦးမည်လား ဆိုတာကိုပါ ရင်းနှီးမြှုပ်နှံသူတို့ ထည့်သွင်းစဉ်းစားရပေမည်။ အကယ်၍ မြင့်တက်လာသော ဈေးနှုန်းတွင် ဝယ်ယူထားသော မြေများကို ရသလောက်အမြတ်ဖြင့် ရောင်းမ ထုတ်ဘဲ အမြတ်ပိုမိုရရန် စောင့်ဆိုင်းမည်ဆိုပါက အန္တရာယ်များလှပေသည်။ အဘယ်ကြောင့်ဆိုသော လက်ရှိ မြန်မာနိုင်ငံသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အခြေအနေတွင် ရောက်ရှိနေသည့်အတွက် စီမံကိန်းမြေနေရာများ နှင့် ပတ်သက် ရေရှည်အကျိုးကိုမျှော်လင့်လို့မရသည့်အတွက်ဖြစ်သည်။ ထို့အတွက် စီမံကိန်းကြောင့် ရရှိလာနိုင်သော မြေကိုရင်းနှီးမြှုပ်နှံနိုင်သည် ကိုယ့်အတွက် အမြတ်ကျန်မည် ဆိုပါက အနည်းအများပေါ်ကြည့်၍ ပြုလုပ်သင့်ပေသည်။ “ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်” ဆိုသလို ပေါ့ လောဘနောက်မလိုက်ဘဲ ဈေးကွက်စီးပွားရေးနောက်သာ လိုက်ပါစီးမျောသင့်ပါကြောင်း ရေးသားလိုက်ရ ပါသည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service