ကမ္ဘာ့ဟိုတယ်အုပ်စုများ မြန်မာ့ခရီးသွားလုပ်ငန်းတွင် တစ်စိတ်တစ်ပိုင်း နေရာယူရန် ကြိုးပမ်းနေသည်

ကမ္ဘာ့ဟိုတယ်အုပ်စုများ မြန်မာ့ခရီးသွားလုပ်ငန်းတွင် တစ်စိတ်တစ်ပိုင်း နေရာယူရန် ကြိုးပမ်းနေသည် - Property News in Myanmar from iMyanmarHouse.com
29 Jun 2015 10:16 am တွင် တင်ခဲ့သည်
784 ကြိမ် ကြည့်ရှု့ပြီး
၂ဝ၁၁ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ အတွင်းသို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုသည် တစ်နှစ်ထက်တစ်နှစ် တိုးပွားလာခဲ့သည်။
တစ်ဆက်တည်းမှာပင်ဟိုတယ်ခန်းမလုံလောက်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုပြဿနာများ ကြုံတွေ့လာခဲ့ရသည်။ ထို့ကြောင့် ကမ္ဘာ့ဟိုတယ်လုပ်ငန်းအုပ်စုများစွာသည် မြန်မာနိုင်ငံထဲသို့ဝင်ရောက်လာပြီး ဈေးကွက် ချဲ့ထွင်မှုများပြုလုပ်ခဲ့ရာယခုအခါ
မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့်မီ ဟိုတယ်များစွာ ရှိလာ ခဲ့သလို နိုင်ငံခြား ကမ္ဘာလှည့်ခရီးသွားများအတွက် ပိုမို ဆွဲဆောင်မှုရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိလာပုံကို BANGKOK POST သတင်းစာတွင် ဆောင်းပါးရှင်
SAENGWIT KEWALEEWONG SATORN က ဝေဖန်သုံးသပ်ထားရာ …..

ယခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည်ငါးသန်း ဝင်ရောက်လာအောင် ရည်ရွယ်
ပြီး ဧည့်သည်များအတွက်အစားအစာနှင့်ဧည့်ဝတ်ပျူငှာမှုကို အစွမ်းကုန်ဖြည့်စွမ်းပေးနိုင်ရန် မြန်မာ နိုင်ငံက အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေသည်။ မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဌေးအောင်က၂ဝ၁၁ခုနှစ်နောက်ပိုင်း နိုင်ငံပွင့်လင်းလာခြင်းနှင့်အတူ ကမ္ဘာလှည့်ခရီးသွား များ အများအပြား ဝင်ရောက်လာကြောင်း၊ ထို့ကြောင့် ခရီးသွားလုပ်ငန်းသည်
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံးသော စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း ပြော ကြားခဲ့သည်။

၂ဝ၁၄ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း
ကမ္ဘာလှည့် ခရီးသွားသုံးသန်းဝင်ရောက်ခဲ့ကာ ၅၁ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးယခုနှစ်အတွက်ခရီးသွားငါးသန်း(၆၇ရာခိုင်နှုန်း) တိုးမြင့်ဝင်ရောက်လာရန် မျှော်လင့်ထားကြသည်။
၂ဝ၁၅ခုနှစ် ပထမလေးလအတွင်း GOLDEN LAND လို့ လူသိများသော မြန်မာနိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသည် တစ်သန်းကျော်(ယခင်နှစ် ယင်းကာလ နှင့်နှိုင်းယှဉ်ပါက ခုနစ်ရာခိုင်နှုန်း) တိုးမြင့်ဝင်ရောက်ခဲ့ ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ၂ဝ၂ဝပြည့် နှစ်တွင် ခရီးသည်ဝင်ရောက်မှု ၁ဝသန်းအထိ ရောက် ရှိရန် ရည်မှန်းထားသည်။ ကမ္ဘာလှည့်ခရီးသည်များ တိုးမြင့်ဝင်ရောက်လာ ခြင်းနှင့်အတူယခုအခါ မြန်မာနိုင်ငံထဲသို့ ကမ္ဘာ့ဟိုတယ် အုပ်စုများစွာ ဝင်ရောက်လာပြီဖြစ်သည်။ Accor ဟိုတယ်အုပ်စု ၊ Hilton ၊ Kempinski ၊ Dusit ၊
Best Western နှင့်RoyalPark ကဲ့သို့ကမ္ဘာ့ထိပ်တန်းစာရင်းဝင်ဟိုတယ် များသည် ရန်ကုန်၊ နေပြည်တော်၊ အင်းလေး၊ ငပလီ ကမ်းခြေအပါအဝင် မြန်မာနိုင်ငံ၏ နေရာအတော်များ များတွင် မကြာသေးခင်က အသီးသီး လာရောက်ဖွင့်လှစ် ခဲ့ကြသည်။

”ဒါက မြန်မာပြည်မှာ အစပဲရှိပါသေးတယ်။ အနာဂတ်မှာ ရင်းနှီးမြှုပ်နှံသူတွေ ဒီထက်ပိုပြီး ဝင်လာမယ်လို့ ကျွန်တော်တို့မျှော်လင့်ထားတယ်”ဟု ဝန်ကြီးဦးဌေးအောင် ကဆိုသည်။ မြန်မာအစိုးရသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ် နှံမှု(FDI)စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်နိုင်ရန်
ပြည်တွင်းရှိ အတားအဆီးများစွာကို ဖယ်ရှားပေးနေသည်။ ပြီးခဲ့သော မေ ၃ဝ ရက်အထိ နိုင်ငံတကာနှင့် ပြည်တွင်း လုပ်ငန်းရှင်များပူးပေါင်းပြီးအခန်းပေါင်း ၄၆ဝဝဝ ခန်း ပါဝင်ဖွဲ့စည်းထားသည့်ဟိုတယ်၁၁၈၆လုံးကို နိုင်ငံအဝန်းတွင် ဖွင့်လှစ်ထားနိုင်ခဲ့သည်။

”ဒါက မြန်မာပြည်မှာ အစပဲရှိပါသေးတယ်။ အနာဂတ်မှာ ရင်းနှီးမြှုပ်နှံသူတွေ ဒီထက်ပိုပြီးဝင်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားတယ်”ဟု ဝန်ကြီးဦးဌေးအောင် က ဆိုသည်။ မြန်မာအစိုးရသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု( FDI ) စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင် နိုင်ရန်ပြည်တွင်းရှိ အတားအဆီးများစွာကို ဖယ်ရှားပေး နေသည်။ ပြီးခဲ့သော မေ ၃ဝရက် အထိ နိုင်ငံတကာနှင့် ပြည်တွင်းလုပ်ငန်းရှင်များ ပူးပေါင်းပြီး
အခန်းပေါင်း ၄၆ဝဝဝ ခန်း ပါဝင်ဖွဲ့စည်းထားသည့် ဟိုတယ် ၁၁၈၆ လုံးကို နိုင်ငံအဝန်းတွင် ဖွင့်လှစ်ထားနိုင်ခဲ့သည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဦးခင်အောင်ထွန်းက နိုင်ငံခြားဟိုတယ်အုပ်စုများဝင် ရောက်လာပြီးနောက်ပိုင်းတွင် ပြည်တွင်းဟိုတယ်
အခန်းခဈေးနှုန်းသည် ရာခိုင်နှုန်း ၅ဝအထိ ကျဆင်းသွားသော ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများအတွက် လာရောက်လည်ပတ်
သင့်သော စရိတ်စကသင့်တင့်မျှတသည့် တိုင်းပြည်တစ်ပြည် ဟုဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံသည် တိမ်မြုပ်ပျောက်ကွယ်နေသော
သမိုင်းဝင်နေရာများနှင့် ယဉ်ကျေးမှု နယ်မြေများစွာကို လူသိများအောင် ပြန်လည် လုပ်ဆောင်ရမည်။
ဥပမာ – မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ခဲ့သော ငပလီကမ်းခြေသည်တစ်ချိန်ကအင်မတန်ကျော်ကြားခဲ့သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မှတစ်ဆင့်
Air Asia နှင့် NOK လေကြောင်းလိုင်းများဖြင့် တိုက်ရိုက်ပျံသန်းမှု များရှိခဲ့သည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှု များ ပြားလာသည်နှင့်အမျှ အစားအစာနှင့် ဧည့်ဝတ်ကျေပွန်မှုတွင် အရည်အသွေးပြည့်မီစေရန် အားပေးထောက်ခံမှု များလည်း မြင်တွေ့ချင်နေသည်။
”ကျွန်တော်တို့ရဲ့ ခရီးသွားလုပ်ငန်းကို ခေတ်မီစေချင်တယ်။ အရည်အသွေးပြည့်မီတဲ့ လူသားအရင်းအမြစ် နဲ့ ပညာတတ်ကျွမ်းကျင်ဝန်ထမ်းတွေလဲ လိုအပ်တာပေါ့” ဟု ဦးခင်အောင်ထွန်းကပြောသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအတွက် ထောက်ခံအားပေး သကဲ့သို့ ပြည်တွင်းရှိ လူလတ်တန်းစားတို့၏ လူမှုဘဝမြင့်မားလာအောင် အားပေးကူညီရန်
လိုအပ်သည်။
ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံတကာအမှတ်တံဆိပ် အစားအစာဆိုင်များလည်းအပြိုင်အဆိုင်ပေါ်ပေါက်လာ နေသည်။ စင်ကာပူအခြေစိုက်Ya Kun Kaya Toast, Minor Food က ထုတ်လုပ်သောပီဇာနှင့် Swensen ထိုင် ဝမ်ကော်ဖီ၊ လက်ဖက်ရည် Chatime ကိုရီးယားအခြေစိုက် အကင်ဆိုင်များကို မြင်တွေ့နေရသလို KFC မုန့်ဆိုင် များကိုလည်း မကြာမီ မြင်တွေ့ရတော့မည်ဖြစ်သည်။ လွန်ခဲ့သောသုံးနှစ်က ဂျပန်စားသောက်ဆိုင်
၁ဝ ဆိုင်ရှိခဲ့ရာ မှ ယခုအခါ ဆိုင်ပေါင်း ၁ဝဝ ကျော်အထိ တိုးတက်နေပြီ ဖြစ်သည်။

”မြန်မာနိုင်ငံမှာ ဆိုင်ဖွင့်ဖို့ဆိုရင် အဓိကသော့ချက်က ဝန်ဆောင်မှုတွေကို မြန်မြန်ဆန်ဆန် ပေးနိုင်ရမယ်” ဟု ဦးခင်အောင်ထွန်းက ဆက်ပြောသည်။ သို့သော်လည်း အကွက်အကွင်းကျသော နေရာများတွင် ဆိုင်ခန်းငှားရမ်းခ အလွန်ကြီးမြင့်မှုသည် မြန်မာနိုင်ငံတွင် စားသောက်ဆိုင် လာရောက် ဖွင့်လှစ်ချင်သူများအတွက်အဓိကအတားအဆီး တစ်ခု ဖြစ်နေသည်။

ဗြိတိန်အခြေစိုက် နိုင်ငံတကာပြပွဲများ လက်ခံကျင်းပပေးနေသည့် Bangkok Exhibition Services Ltd (BES) ကုမ္ပဏီမှ အထွေထွေမန်နေဂျာ Justin Pau က စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအရေးပါ ကြောင်း ပြောပါသည်။

BES သည် ယခုနှစ်အတွင်း သတ္တု၊စွမ်းအင် ရှာဖွေ ရေး ITနည်းပညာ၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်း အပါအဝင်နိုင်ငံတကာပြပွဲပေါင်းခြောက်ခု တိတိ ကျင်းပထားပြီးဖြစ်သည်။

ယခင်နှစ်ကပြုလုပ်ခဲ့သော ပြပွဲခြောက်ခုတွင် နိုင်ငံ ပေါင်း ၂၆ နိုင်ငံမှ ဧည့်သည် ၆ဝဝဝကျော် လာရောက်လေ့လာခဲ့ပြီး ကုန်သွယ်မှုတန်ဖိုးမှာ ခန့်မှန်းခြေ အမေရိကန်ဒေါ် လာသန်း ၂ဝ အထိရှိခဲ့သည်။မစ္စတာ Pau က ဆက်ပြောရာတွင် BES အနေဖြင့် ယခုနှစ်အတွက် ပြပွဲတွင် လာရောက်လေ့လာသူပေါင်း၁ဝရာခိုင်နှုန်းအထိ မြင့်တက်လာစေရန်နှင့် ထိုင်း၊ ထိုင် ဝမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ဂျာမနီ၊ ဒိန်း မတ်နှင့် သြစတြေးလျအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ပြပွဲတွင် ဝင်ရောက်ပြသမည့်ကုမ္ပဏီပေါင်း ၁၅ဝ ကျော်အထိဝင်ရောက်ပြသရန် မျှော်လင့်ထားကြောင်းဆို ပါသည်။

Credit : Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service