မိုးလေး နှစ်နာရီလောက် သည်းသည်းထန် ထန် ရွာသွန်းလိုက်တာ နဲ့ မဟာ ရန်ကုန်မြို့ရဲ့ နေရာတစ်
ချို့မှာ ပုံမှန်ရေကြီးရေလျှံလေ့ ရှိတဲ့ အတွက် လမ်းသွားလမ်းလာ ပြည်သူများ သာမက တစ်ချို့ရပ်
ကွက်တွေ မှာဆိုရင် အိမ်ထဲထိ ရေဝင်လာတက်တဲ့ အပြင် ပျက်စီးဆုံးရှုံးမှုတွေ ကလည်း အနည်း
နဲ့ အများဆိုသလို ရှိတာ ထုံးစံ တစ်ခုလိုဖြစ်နေပါတယ်။
မိုးကလေး တစ်ပြိုက်နှစ်ပြိုက် ရွာလိုက်တာ နဲ့ တစ်ပြိုင်နက် မိုးရွာရင် မိုးရေချိုးဖို့ ကလေးလေးတွေ
စိတ်လက်ကြည်နှုးစွာနဲ့ ပျော်ရွင်နေသလောက် လူကြီးတွေကတော့ မိုးသည်းသည်းထန်ထန်ရွာ
တာနဲ့ အမျှ ရေကြီးရေလျှံမှု တွေ ကြောင့် အလုပ်ပျက် အကိုင်ပျက် ဖြစ်မှာ စိုးတဲ့ စိုးရိမ်စိတ်တွေ
များလာတာကြောင့် စိတ်လက်ကြည်နှုးမှု တွေကိုရန်ကုန်တွင် အတွေ့ရနည်းလာသလို အိမ်ထဲကို
ရေတွေများ ဝင်လာမလားဆိုပြီး ရေကင်းစောင့် ရတဲ့ ဘဝ ကိုလည်း ရောက်နေတာ တွေ့မြင်လာရ
တဲ့ အတွက် သက်ဆိုင်ရာ တာဝန်ရှိသူ တွေအနေနဲ့ ခေါက်ရိုးကျိုးနေတဲ့ အဖြေတွေ ကို ပြည်သူတွေ
ကို ပေးနေမယ့် အစား ထိထိရောက်ရောက်နဲ့ ရေကြီးရေလျှံမှု ကို ထိန်းချုပ်ပေးဖို့ က မဖြစ်မနေလို
အပ်လာပါတယ်။
ရန်ကုန်မြို့ရဲ့ ရေထွတ်ပေါက် ဖြစ်တဲ့ ပုဇွန်တောင်ချောင်း၊ လှိုင်မြစ်၊ ရန်ကုန်မြစ်နဲ့ ၊ငမိုးရိပ်ချောင်းတွေ
ထဲကို စီးဝင်နေတဲ့ မြောင်းတွေ ရှိကြပေမယ့် နှစ်ကာလ ကြာမြင့်လာပြီး ထိန်းသိမ်းမှု လျော့နည်းတာ
ရယ်ကြောင့် မြောင်းတွေ တိမ်ကောပြီး ရေစီးရေလာ မကောင်းတော့သလို၊ စည်းကမ်းမဲ့ အမှိုက်စွန့်
ပစ်သူတွေ ရဲ့ အမှိုက်ပစ်စရာ နေရာတစ်ခု အဖြစ် မြောင်းတွေက အသုံးတော်ခံခဲ့ကြရလို့လည်း ပျက်
စီးမှု တွေ၊ မြောင်းပိတ်ဆို့မှု တွေ ဖြစ်လာတဲ့ အပြင် ရေထုတ်မြောင်းတွေကို လက်ခံတဲ့ ရန်ကုန်မြစ်
ကြီးကိုယ်တိုင်လည်း မြစ်ကြမ်းပြင် အနည်အနှစ် ပို့ချတာတွေ ကြောင့် မြစ်ကြမ်းပြင် မြင့်တက်လာတဲ့
ပြသနာ တွေနဲ့ ရင်ဆိုင်နေရပါတယ်။
ရန်ကုန်မြို့တော်ရှိလမ်းများ၊ မိလ္လာရေဆိုးထုတ်စနစ် တွေနဲ့ ရေထုတ်မြောင်းတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း
တစ်ရာကျော်က စတင်ပြီး အကွက်ကျကျ နဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး စနစ်ကျတဲ့ အင်ဂျင်နီယာ
ပညာရပ်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊နဲ့ အညီတည်ဆောက်ခဲ့တာဖြစ်ပြီး နောင်နှစ်ပေါင်း ၆၀ ကျော်
အောင် အေးအေးဆေး ဆေး အသုံးချနိုင်ရန် ရည်ရွယ်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။
မြို့ပြနေလူဦးရေ က နေထွတ်ရှိလာမယ့် အမှိုက်စနစ် တန်ချိန်တွေ၊ ရေမည်သည့် ပမာဏ သုံးစွဲပြီး
ရေဆိုးထွတ်နိုင်မည့် ပမာဏ ကို တွက်ချက်ပြီး ရေဆိုးထုတ်စနစ်တွေ ကိုပါ အစီအစဉ်ကျနစွာဖြင့်
ကြိုတင်အကွက်ချ ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက်လည်း တည်ဆောက်ပြီး စီးသည့် အချိန်မှ နှစ်ပေါင်း
၆၀ ကျော် လောက်အထိ ရေကြီးရေလျှံမှုတွေနဲ့ ပက်သက်ပြီး အခက်အခဲ ပြသနာ ကြီးကြီးမားမား
မရှိခဲ့တာဟာလည်း အားလုံး အသိဘဲဖြစ်ပါတယ်။
၁၈၅၂ ခုနှစ်မှာစတင် အကွက်ချ ပြီး ပုံစံထုတ် တည်ဆောက်ထားခဲ့ပြီး လူဦးရေ ၄၀၀၀၀ ကျော်အ
တွက် တွက်ချက် တည်ဆောက်ခဲ့တဲ့ ရေဆိုးထုတ် စနစ်တွေ၊ ရေမြောင်းစနစ် တွေဟာ အခုအချိန်
မှာလူဦး ရေ ၃၅၀၀၀၀ နဲ့ ၄၀၀၀၀၀ ကြားရှိ ပြည်သူတွေရဲ့ ထွတ်ရှိလာတဲ့ မိလ္လာစနစ်တွေကိုလက်
ခံစွန့်ထုတ်ပေးနေရတဲ့ အထိ ဖြစ်နေပြီး ၀န်နဲ့အားနဲ့ မမျှ ထမ်းဆောင်နေရတဲ့ ပုံစံဖြစ်လာတယ်လို့
ရန်ကုန်မြို့တော် ရေပေးဝေရေး နှင့် မိလ္လာစနစ် တိုးတက်ကောင်းမွန်ရေး စီမံချက် တွေမှာ ဖော်ပြ
ထားပါတယ်။
၁၉၉၂ ခုနှစ်မှ စတင်ပြီး ရန်ကုန်မြို့တော်မှာ ကန်ထရိုက် တိုက်တွေ ကို ခုနှစ်ထပ် ၊ ရှစ်ထပ် နှင့်အ
ထက် ဆောက်လုပ်မှု တွေ အများအပြားရှိခဲ့တဲ့ အပြင် ဆက်လက် ဆောက်လုပ်နေဆဲဖြစ်တာ
ကြောင့် လူဦးရေ သိပ်သည်းမှု များပြားလာတဲ့ အပြင် ရေအသုံးချမှု တွေ၊ ရေဆိုးထုတ်ပစ်မှု
တွေဟာလည်း အဆမတန် ပမာဏ အများအပြား နဲ့ စွန့်ထုတ်လာတဲ့ အပြင် ရေမြောင်းတွေ
ဟာလည်း ထိန်းသိမ်းမှု အားနည်းတဲ့ အပြင် အမှိုက်စွန့်ပစ်စရာ တစ်ခု အဖြစ် သဘောထားလာ
တဲ့ အတွက်ကြောင့်လည်း ပိတ်ဆို့မှု တွေဖြစ်ကုန်ပြီး ရေစီးရေလာ မကောင်းတော့တဲ့ အတွက်
မိုးလေး တစ်ကြိမ် နှစ်ကြိမ်လောက် နှစ်နာရီလောက်ရွာလိုက်တာ နဲ့တင် နေရာဒေသ အချို့မှာ
ရေကြီးရေးလျှံမှု တွေ အများအပြား ဖြစ်လာတာ တွေ့မြင်နေရပါတယ်။
မနိုင်ဝန်ထမ်းနေရတဲ့ ရေမြောင်းစနစ်တွေ၊ မိလ္လာစွန့် စနစ်တွေဟာလည်း တစ်ဖြည်းဖြည်းတိုးပွားလာ
တဲ့ လူဦးရေ အရ ပိုပိုပြီးတော့သာ အခြေအနေ ဆိုးလာ နိုင်သလို လာမည့် ဆယ်စုနှစ် အတွင်းတိုး
ပွားလာတဲ့ ရှစ်ထပ် နဲ့ အထပ် တိုက်ပေါင်း အလုံးရေ ၂၀၀ ရှိမည်ဟု ယူဆလျှင်လည်း တိုက်တစ်လုံး
လျှင် အနည်းဆုံး ၁၆ ခန်း နဲ့ လူဦးရေ တစ်ရာခန့် အထိ တိုးတက်နေထိုင်လာကြမှာ အသေအချာဖြစ်
ပြီး စွန့်ပစ် အမှိုက်တွေ၊ ရေသန့်စင်စနစ်တွေ ကို ပိုမိုဝန်ဆောင်မှု ပေးဖို့လိုအပ်လာမှာ ဖြစ်ပါတယ်။
မြောင်းများကို တိုးချဲ့ ဖော်ထုတ်ခြင်း ၊ ပိုက်လိုင်းများကိုလည်း ပိုမို အရွယ်အစာြး ကီးမားပြီး အရည်
အသွေးကောင်းတဲ့ ပိုက်လိုင်းတွေနဲ အစားထိုး ဖို့ အတွက် လုံလောက်တဲ့ ဘတ်ဂျက် ရရှိဖို့ လိုအပ်တဲ့
အပြင် ပြွတ်သိပ်ကျပ်ညှပ်နေတဲ့ မြို့တွင်းလမ်းတွေ မှာ အဆမတန် သွင်းထားတဲ့ ကားအစီးအရေအ
တွက်အရ လည်း အလုပ်လုပ်ကိုင်ရ တာခက်ခဲစေပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာ ဌာ န လမ်းတံတား မှ တာဝန်ရှိသူ
တစ်ယောက်ကလည်း နှစ်စဉ်ရေကြီး ရေလျှံမှု တွေကို ကုစားဖို့ အတွက် ရေတို ရေရှည်စီမံချက်
တွေနဲ့ ချမှတ်လုပ်ကိုင်နေပေမယ့် လူဦးရေ ၅ ဒသမ ၄ သန်းရှိတဲ့ ရန်ကုန်မြို့တော် အတွက်သန့်
ရှင်းရေး ၀န်ထမ်းပေါင်း တစ်ထောင် လောက်ဘဲ ရှိနေတဲ့ အတွက် အင်နဲ့ အားနဲ့ မမျှမတ အမှိုက်
သိမ်းဆည်းနေရပါတယ်။
ရေကြီးရေလျှံမှု တွေရဲ့ ရာခိုင်နှုန်းတော်တော်များများ က ရေမြောင်းတွေ ပိတ်ဆို့နေတာဖြစ်ပြီး
ရေမြောင်းတွေဟာလည်း အမှိုက်ပစ်စရာ နေရာတစ်ခု အဖြစ် စွန့်ပစ်နေတဲ့ ပြည်သူတွေကိုပါ
တစ်ပါတည်း အသိအမြင် ပေးနိုင်ဖို့ လိုအပ်ပါတယ်။
““ အခုလောလော ဆယ်တော့ ရေမြောင်းတွေဆယ် တာ ၊ရေတံခါးးတွေ အသစ် တပ်ထားလုပ်
နေရပေမယ့် လုပ်ရတာ အကန့်အသတ် ရှိတယ် ”” လို့ မြို့တော်စည်ပင်မှ တာဝန်ရှိသူတစ်ဦးက
လည်း ပြောပြပါတယ်။
တစ်ဖက်မှာလည်း နိုင်ငံတကာမှာ ရှိတဲ့ မီဂါစီးတီး မြို့ကြီးတွေမှာလို ရေကြီးရေလျှံမှုကို ထိန်းချုပ်
နိုင်အောင်လို့ မြေအောက်မြောင်းတွေ တူးရအုံးမှာ ဖြစ်ပြီး ရေစုတွင်းတွေထဲမှာ မြောင်းတွေက
တဆင့်ဝင်လာမယ့် ရေတွေကို အင်အားကောင်းတဲ့ ပန့်တွေနဲ့ စုတ်ထုတ်ပြီး မြစ်ထဲ သို့မဟုတ်
ချောင်းတွေထဲကို ပို့ရမယ့် စနစ်ကို ကျင့်သုံးချင်ပေမယ့် အဒီလိုအကုန်အကျခံပြီး ဒီစနစ်တွေ
အကောင်အထည် ဖော်နိုင်ဖို့ အတွက်က ဒေါ်လာဘီလျံနဲ့ ချီပြီး ကုန်ကျမှာ ဖြစ်လို့ ကိုယ်ပိုင်
ဘတ်ဂျက်နဲ့ သာ လည်ပတ်နေရတဲ့ မြို့တော်စည်ပင် သာယာရေး ကော်မတီ အနေနဲ့ လုပ်နိုင်ကိုင်
နိုင်စွမ်း နည်းပါးတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒီအခြေ အနေတွေကို ကုစားဖို့ အတွက်ကလည်း ရန်ကုန်မြို့တော်ထဲမှာ ရှိတဲ့ ဝန်ကြီးဌာန အသီးသီး
က မြေနေရာရယူထားတဲ့ ဌာန တွေအနေနဲ့ မြို့တော်စည်ပင်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်သလို
ပြည်သူတွေကလည်း အသိပညာရှိရှိနဲ့ ရေမြောင်းတွေထဲ အမှိုက် စွန့်ပစ်တဲ့ ကိစ္စကို ရှောင်ရှားရမှာဖြစ်
ပါတယ်။
““ စာရွက်ပေါ်မှာ လူအထင်ကြီးအောင် Plan တွေထိုင်ပြီးဆွဲနေမယ့် အစား ပြည်တွင်းပြည်ပပညာရှင်
တွေကို သုံးလေးနှစ်လောက် အထိ ခေါ်သုံးပြီး အင်နဲ့ အားနဲ့ လုပ်မှ ဒီပြသနာ ကအောင်မြင်မှာဖြစ်တယ် ၊ အဘတို့ တစ်သက်ကတော့ ဖြစ်နိုင်မယ်ဆိုတာ အာမမခံနိုင်ဘူး "" ဟု မြို့
ပြ စီမံကိန်း ပညာရှင် ဒေါက်တာ ကျော်လတ်က ဇွန်လ ၁၂ ရက်နေ့တွင် ပြုလုပ်သည့် Yangon
Without Traffic Jam ကွန်ဖရင့်တွင် ပြောကြားခဲ့သည်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com