ကွန်ဒိုမီနီယမ်ဥပဒေကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဆိုင်းငံ့ထား

ကွန်ဒိုမီနီယမ်ဥပဒေကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဆိုင်းငံ့ထား - Property News in Myanmar from iMyanmarHouse.com
16 Jun 2015 10:29 am တွင် တင်ခဲ့သည်
1057 ကြိမ် ကြည့်ရှု့ပြီး
၂ဝ၁၂ ခုနှစ်၊ မတ်လ ၃ဝ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက တင်ပြလာသည့် (စုပေါင်းပိုင် အဆောက်အအုံ ဥပဒေ မူကြမ်း) ပါ အချက်အလက်များတွင် ကွဲလွဲမှုရှိသဖြင့် ယင်းဥပဒေ တင်ပြ လာမှုကို ဆောက်လုပ်ရေးဝန်ကြီး ဌာနဘက်မှ ပြန်လည်၍ ဆိုင်းငံ့ခဲ့ ကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ဇွန်လ ၈ ရက်၌ The Trade Times ကို ပြောသည်။

”မြေဆိုတာက မှတ်ပုံတင်ရ မယ်။ နိုင်ငံခြားသားနာမည်နဲ့ မှတ်ပုံ တင်လို့ မရဘူးလေ။ မရွှေ့ပြောင်း နိုင်တဲ့ ဥပဒေ Property act ပုဒ်မ ၃ နဲ့ ၄ မှာလည်း နိုင်ငံခြားသားကို ပိုင်ဆိုင်ခွင့် မပြုထားဘူး။ ကျွန်မတို့ မြန်မာပြည်မြေကို တစ်လက်မမှ နိုင်ငံခြားသား ပိုင်လို့ကို မရဘူးလို့ ပြန်ဆွေးနွေးတော့ ဝန်ကြီးဌာနဘက် က အင်ဂျင်နီယာအသင်းနဲ့ အိုးအိမ် တို့၊ စည်ပင်တို့နဲ့ ပြန်ဆွေးနွေးပြီးတင်ပြမယ်လို့ ပြောသွားပါတယ်” ဟု ¤င်းက ပြောသည်။

၁၉၈၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ပုဒ်မ ၁၄ အရ နိုင်ငံခြားသားများ မြေပိုင်ဆိုင်ခွင့်အား ကန့်သတ်ထား သည့်အပြင် ဖောက်ဖျက်ကျူးလွန်ပါကလည်း ထောင်ဒဏ်
ခုနစ်နှစ် အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထား ရှိသည်။

ထို့ပြင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြဋ္ဌာန်းခဲ့ သည့် ၂ဝ၁၂ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေတွင် ပါရှိသည့် ပြဋ္ဌာန်းချက် အခန်း (၃) ပါ ပြဋ္ဌာန်းချက်တွင်လည်း နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၊ အစိုးရဌာန၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်း များ၊ ၁၉၈၇ ခုနှစ် မရွှေ့ပြောင်းနိုင် သည့် ပစ္စည်းလွှဲပြောင်းသည့် ဥပဒေ ပုဒ်မ ၁၄ ­နှင့်အညီ ကင်းလွတ်ခွင့် ပြုထားသူများ၊ အစိုးရဌာန၊ အဖွဲ့ အစည်းတစ်ရပ်ရပ်၏ အကျိုးတူ ကိစ္စရပ်များအတွက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသည့်ရင်းနှီးမြှုပ်နှံသူများအပြင် မြန်မာ နိုင်ငံသားများနှင့် အကျိုးတူ ရင်းနှီး မြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံသူများသာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်း ထားသည်။

၂ဝ၁၂ မြေယာဥပဒေပါ ပြဋ္ဌာန်း ချက်အရလည်း ရဲအရေးပိုင်သည့် ပြစ်မှုအဖြစ် သတ်မှတ်ရုံသာမက ပြစ်မှုကျူးလွန်ပါက ထောင်ဒဏ်အပြင်
ငွေဒဏ်ပါ ချမှတ်နိုင်သည်။

”နိုင်ငံခြားသား မြေပိုင်ဆိုင်ခွင့် မရှိဘူးဆိုတာ MIC Law မှာရော၊ ၂ဝ၁၂ မြေယာ ဥပဒေမှာလည်း အတိ အကျ ပြဋ္ဌာန်းထားတာရှိတယ်။ ကွန်ဒို Law မှာကျတော့ ဝယ်တဲ့သူက မြေကို တစ်စိတ်တစ်ပိုင်း ပိုင်ခွင့် ရှိတော့ သွားတိုက်နေတယ်” ဟု ၎င်းက ပြောသည်။

အမျိုးသားလွှတ်တော်နှင့် ပြည် သူ့လွှတ်တော်အကြားတွင် သဘော ထား ကွဲလွဲနေသည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးနှင့် ဒေါ်ခင်စန်းလှိုင် တို့က ဆွေးနွေးခဲ့ကြပြီးနောက် ၎င်း ဥပဒေကြမ်းကို တင်ပြလာသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာနဘက်မှ ပြန်လည် ပြင်ဆင်တင်ပြမည် ဖြစ် ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဇွန်လ ၃ ရက်တွင် ကျင်းပခဲ့ သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၅၄ ရက်မြောက်နေ့ တွင် လွှတ်တော်ကိုယ်စားလှယ်များ က အဆိုပါကိစ္စနှင့် ပတ်သက်၍ နှစ်နာရီကျော် ဆွေးနွေးခဲ့ကြပြီး နောက် ယင်းစုပေါင်းပိုင် အဆောက် အအုံ ဥပဒေကြမ်းကို ပြန်လည် တင်ပြရန် ပြင်ဆင်သွားမည်ဖြစ်သည့် အတွက် လတ်တလောအနေအထား အရ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။

”ကွန်ဒို Law ကျတော့ မြေနဲ့ တိုက်ခန်းနဲ့ တွဲရောင်းတဲ့ သဘော ဖြစ်ပြီး နိုင်ငံခြားသားကို ရောင်းချင် တာ။ ပြဿနာက ဥပဒေအရ နိုင်ငံခြား သားက မြေပိုင်ခွင့်မရှိဘူး။ နိုင်ငံခြား သားကို တစ်လက်မလည်း မြေရောင်း လို့ မရသလို တစ်မှုန်တောင် ရောင်းလို့ မရဘူး”ဟု တော်ဝင်မိသားစု ကုမ္ပဏီ လီမိတက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးကိုကိုထွေးက ပြောသည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service