ဆောက်လုပ်ရေးဝန်ကြီးဌာန ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) သည် ဆောက်လုပ်ရေးကုမ္ပဏီ ၆၀ ခန့်ကို ချေးငွေ
ကျပ် ၅၀ ဘီလျံကျော် ထုတ်ချေးပေးထားကြောင်း ယင်းဘဏ်မှ တာဝန်ရှိသူများက ပြောသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် နှစ်ရှည်ချေးငွေများ၊ အသေးစားချေးငွေများ၊ အိမ်ရာဝယ်ရန်နှင့် တည်ဆောက်ရန်အတွက်
ချေးငွေ များကို ထုတ်ချေးပေးလျက်ရှိသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် ၂၀၁၃ ခုနှစ်၊
ဇူလိုင်လတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိခဲ့ပြီး ခွင့်ပြု မတည်ငွေရင်း ကျပ် ၁၀၀ ဘီလျံဖြင့် စတင်ခဲ့သည်။ “ကန်ထရိုက်တာတွေကို ငွေချေးထားပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီ ၆၀ လောက် ကို ချေးငွေ ၅၀ ဘီလျံလောက်ထုတ်ချေးထားပါတယ်” ဟု
ဆောက်လုပ်ရေးဝန်ကြီးဌာန ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးဝင်းဇော်က ပြောသည်။ အဆောက်အအုံ
တည်ဆောက်သည့် ကန်ထရိုက်အများစုသည် ကုန်ကျငွေ၏ သုံးပုံ တစ်ပုံခန့်သာထုတ်လေ့ရှိပြီး၊ ကျန်ငွေကို ကြိုပွိုင့်ရောင်းချခြင်းဖြင့် ရှာဖွေလေ့ရှိရာ၊
ဈေးကွက် အေးသွားပါက ငွေကြေးအကျပ် အတည်းများဖြစ်ပေါ်ပြီး၊ ကန်ထရိုက်ထွက်ပြေးခြင်း၊ ဆက်လက်မဆောက်နိုင်ခြင်းကဲ့သို့သောြ
ပဿနာများဖြစ်ပေါ်တတ်ခြင်းကြောင့် ယင်းပြဿနာများကိုဖြေရှင်းပေးနိုင် ရန်အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်က ကန်ထရိုက်များကို
ငွေချေး ငှားခြင်းဖြစ်သည်။ “တချို့ကန်ထရိုက်တွေက ဆောက်နေရင်း ငွေပြတ်သွားတော့ တစ်ဝက်တစ်ပျက်ဖြစ်သွားတယ်။အထပ်တွေက ကျန်သေးတယ်။ ရောင်းကလည်းမရောင်းရဘူး။ဒီလိုအခြေအနေမျိုးမှာဆက်လက်ဆောက်နိုင်ဖို့အတွက် ဆောက်လုပ်ရေးဘဏ်က ငွေပံ့ပိုးပေးတာပါ” ဟု
အဆိုပါဘဏ်မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးတင်အောင်မြင့်က ပြောသည်။ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက
ငွေကြေး ၅၀ ရာခိုင်နှုန်းထည့်ဝင်ထားပြီး၊ အစိုးရပိုင်းမှ ၁၀ ရာခိုင်နှုန်းနှင့် အခြား စီးပွားရေးလုပ်ငန်းရှင်များက ၄၀ ရာခိုင်နှုန်းထည့်ဝင် တည်ထောင်ထားကာ
အဓိကအားဖြင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များကို ငွေချေးပေးခြင်း ဖြစ်သည်။ “စတင် ငွေချေးပေးတာ နှစ်လလောက်ပဲ ရှိပါသေးတယ်။
ဆောက်လုပ်ရေးဘဏ် မပေါ် ခင်က သမားရိုးကျဘဏ်တွေကိုပဲ အားကိုး နေရတယ်။ ဆောက်လုပ်ရေးကုမ္ပဏီတွေက အတတ်ပညာပိုင်း လုပ်နိုင်စွမ်း
ရှိပေမယ့် ငွေကြေးအရ အခက်အခဲရှိတယ်။ ပြီးတော့ ဒီဘဏ်တွေက ငွေချေးတော့လည်း ၄၀ ရာခိုင် နှုန်းပဲချေးတယ်။ ဒါကြောင့် ဆောက်လုပ်ရေး
လုပ်ငန်းတွေက အကြွေးတွေနဲ့ လည်ပတ်နေ ရတယ်။ ဆောက်လုပ်ရေး လုပ်ငန်းသဘာဝ နဲ့ ကိုက်ညီတဲ့ ချေးငွေစနစ်ကိုတည်ထောင်ပြီး ချေးတာပါ” ဟု
ဦးတင်အောင်မြင့်က ပြောသည်။ လက်ရှိအချိန်တွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် အစိုးရက တည်ဆောက်လျက်ရှိသည့်
တန်ဖိုးနည်း အိမ်ရာစီမံကိန်းများတွင် ပါဝင်လျက်ရှိပြီး ၎င်းတန်ဖိုးနည်းအိမ် ရာစီမံကိန်းများမှ အခန်း များကို ၀ယ်ယူနိုင်ရေးအတွက်
နှစ်ရှည် ချေးငွေပေးလျက်ရှိသည်။
Credit: mmtimes