ကားပါကင်ပါမစ်ကြောင့် မြေအငှားဈေးကွက်ပိုမိုသွက်လာ

ကားပါကင်ပါမစ်ကြောင့် မြေအငှားဈေးကွက်ပိုမိုသွက်လာ - Property News in Myanmar from iMyanmarHouse.com
11 Jun 2015 11:13 am တွင် တင်ခဲ့သည်
1545 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၅ ခုနှစ်အတွင်းကားတင်သွင်းပါက ကားပါကင်ပါမစ်ပါရှိမှသာ ကား တင်သွင်းခွင့်ပါမစ် ချထားပေးသည့်အတွက် ယခုအခါ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ကားပါကင် ပါမစ်လျှောက်ရန်အတွက် မြေအငှားသွက်နေပြီး ကားပါကင်ပါမစ်တစ်စောင်လျှင် ကျပ်(၈)သိန်းခွဲနှင့် (၉)သိန်း ဝန်းကျင်ရှိနေကြောင်း ပြည်တွင်းအိမ်ခြံမြေအကျိုးဆောင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့ တွင်ဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်ဆို့မှုများကို လျှော့ချနိုင်ရေးအတွက် ရန်ကုန်တိုင်း အတွင်း မော်တော်ယာဉ်တင်သွင်းမှုကို ထိန်းချုပ်သည့်အနေဖြင့် ရန်ကုန်တွင်မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ် လျှောက်ထားရာတွင် အိုဟောင်းပါမစ်ကားများမှအပ ကျန်ကားများကို ကားပါကင်ပါရှိမှ ကားတင်သွင်းခွင့်ပါမစ် ပေးသည့်အတွက် ယခုအခါ ရန်ကုန်တွင် ကားပါကင်ပါမစ်အတွက် အမည်ပေါက်မြေအငှားဈေးကွက် ပိုမိုသွက် လာကြောင်းသိရသည်။ ကားပါကင်လျှောက်ထားရန် ရန်ကုန်မြို့စွန်ရှိ မြို့ နယ်များတွင် မြေနေရာနှင့် သန်း ခေါင်းစာရင်းကို ကားတင်သွင်းသူများမှ အဓိကငှားရမ်းမှုများပြုလုပ်နေကြကြောင်းသိရသည်။ “ ကိုယ်က မြေမှ တကယ်မငှားရတာ။ သန်းခေါင်စာရင်းနဲ့ လာစစ်ရင် နည်းနည်းပါးပါး ပြောရတာပဲရှိတာပါ။ အဲ့လိုလုပ်ပေးရင် ၄ သိန်းရတယ်။ မိသားစုစားဝတ်နေရေးအတွက်လည်း အဆင်ပြေပါတယ်” ဟု ရွှေပြည်သာနေ ပြည်သူတစ်ဦးက ကားပါကင် အတွက်မြေနေရာငှားသည်ကို ပြောကြားခဲ့သည်။

ကားတင်သွင်းရန် ကားပါကင်အတွက် မြို့စွန်များတွင် မြေနေရာ ငှားရမ်းမှုများ အများဆုံးပြုလုပ်လျက်ရှိ ရာ မြောက်ဥက္ကလာ၊ လှည်းကူ၊ ဒလ၊ သန်လျင်၊ ရွှေပြည်သာ၊ ဒဂုံ စသည့်မြို့ နယ်များတွင် ပေ၄၀x ပေ၆၀ မြေကွက်များ အငှားသွက်နေကြောင်းသိရသည်။ “ အခုတစ်လော အိမ်ငှားထက် မြေငှားတွေက ပိုလာအပ်နေကြတယ်။ အများ စုကလည်း ကားပါကင်လုပ်ဖို့လာတာပါ။ လူတစ်ယောက်ကို အနည်းဆုံး သုံး၊လေး၊ငါးကွက်ပဲ ငှားတာ။ မြေအလွတ် ၄၀x ၆၀ တွေကိုပဲအများဆုံးငှားကြတာ” ဟု မြောက်ဥက္ကလာမှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက iMynamarHouse သို့ပြောကြားခဲ့သည်။

ကားတင်သွင်းခြင်းကို ကားပါကင်ဖြင့် လျော့ချနိုင်ရန်အတွက်ပြုလုပ်ခဲ့သော်လည်း မသမာသောနည်း ဖြင့်လုပ်ကိုင်လာကြသည့်အတွက် ယခုအခါ စီးပွားကူးသန်းမှ မြေအငှားကားပါကင်လျှောက်ခြင်းကို ချထားပေး ခြင်းမပြုတော့ရန်စီစဉ်နေကြောင်းလည်းသိရှိရသည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service