တရုတ်နိုင်ငံ ရှန်ဇီးပြည်နယ်က အစွန့်ပစ်ခံတံငါရွာလေးက သူ့သဘာဝအတိုင်းရင်သပ် ရှုမောဖွယ်ကောင်းလောက်စရာ အလှတရားနဲ့ လှပတင့်တယ်နေတာကို နန်နင်းဓာတ်ပုံ ဆရာ တန်ယူဟောင်က ဓာတ်ပုံရိုက်ယူသက်သေပြသနိုင်ခဲ့ပါတယ်။
ရန်ဇီးမြစ်စမြစ်ဖျားခံရာ ကျွန်းစု တံငါရွာ လေး တစ်ရွာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်အတော်လေး ကတည်းက အိမ်ခြေအနည်းငယ်နဲ့ လူဦးရေအနည်းငယ်တို့က တံငါလုပ်ငန်းတွေကို လုပ်ကိုင်ရင်းနေထိုင်ခဲ့တာဖြစ်ကာ ယခုဆိုရင်နေထိုင်တဲ့လူအရေအတွက်ကို လက်ချိုး ရေတွက်လို့တောင်ရလောက်အောင် နှုတ်ဆိတ်လွန်း လှနေပါတယ်။
သို့ပေမယ့်လည်း လူသူမနေတဲ့ ရွာကလေးက သူ့သဘာဝအလှနဲ့သူ လှပနေတာကို မြင်တွေ့ရပါတယ်။ မြစ်နှုတ်ခမ်းဝတစ်လျှောက်ကို မျက်နှာချင်းဆိုင်ထားတာက အေး ချမ်းဆိတ်ငြိမ်မှုကို ခံစားရစေပြီး အိမ်ခြေအလုံးရေအနည်းငယ်တို့ အပေါ်မှာစိမ်းစို နေတဲ့ကတီပါခင်းတွေ ဖုံးအုပ်ထားလေသလားတောင် ထင်ရလောက်အောင်ကပ် ပါးနွယ်လျှောက်ပင်တို့က အိမ်ခေါင်မိုး၊ အိမ်ဘေးပတ်လည်တို့မှာ အလှဆင်ထားသည့် နှယ် သဘာဝအတိုင်း ဖုံးအုပ်ပေါက်ရောက်နေတာက စိမ်းစိုလှပလွန်းနေတာပဲဖြစ်ပါ တယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)