လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံလုပ်သားများနေထိုင်ရေး အဆင်ပြေစေရန်အတွက် လှိုင်သာယာစက်မှုဇုန်နှင့် ရွှေလင်ပန်း
စက်မှုဇုန်တို့၏ စက်ရုံလုပ်သားအိပ်ရာသစ်များအား စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း လှိုင်သာယာစက်မှုမြို့
စီမံခံ့ခွန်မှု ကော်မတီမှ သိရသည်။
အဆိုပါ အိမ်ရာစီမံကိန်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ မြေနေရာ
၁၆ ဧကကျော်တွင် ၁၂ ခန်းတွဲ ပါဝင်သော ငါးထပ်အဆောက်အအုံ ၂၆ လုံးကိုတိုက်ခန်းပေါင်း ၁၅၀၀ ကျော်အား
ခွဲဝေဆောက်လုပ်ခွင့်ပြုထားကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ ရွှေလင်ပန်း စက်မှုဇုန်အတွက် ၁၂ ခန်းတွဲပါဝင်သော
ငါးလွှာအဆောက်အအုံ ရှစ်လုံးတွင်တိုက်ခန်းပေါင်း ၄၈၀ ကို လည်းကောင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
စက်မှုလုပ်သားအိမ်ရာ ၁၂ ခန်းတွဲ ပါဝင်သော ငါးလွှာအဆောက်အအုံ ၁ နှင့် ၂ ကို ရွှေလင်ပန်း မိုးလုံလေလုံအားကစားရုံ အနီး၌
ဧပြီလက စတင်ဆောင်ရွက်လျက်ရှိရာ ဖောင်ဒေးရှင်းလုပ်ငန်းနှင့် စတီးလ် Structure တပ်ဆင်ခြင်း လုပ်ငန်းများ ပြီးစီးလုနီးပါး
ဖြစ်နေပြီ ဖြစ်သည်။ ထို့အပြင် လှိုင်သာယာ စက်မှုဇုန် စက်မှုလုပ်သားအိမ်ရာ ၁၂ ခန်းတွဲ ပါဝင်သော ငါးလွှာအဆောက်အအုံ
ရှစ်လုံးအတွက် ရွှေလင်ပန်း ရှစ်လုံးအတွက် ရွှေလင်ပန်း မိုးလုံလေလုံ အားကစားရုံ အနောက်ရှိ မြေနေရာ
၂ ဒသမ ၈၁ ဧကတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖောင်ဒေးရှင်း လုပ်ငန်းများ အပါအ၀င်
၃၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း စီမံကိန်း အင်ဂျင်နီယာရုံးမှ သိရသည်။
SMI ဆောက်လုပ်ရေး ကုမ္ပဏီအနေဖြင့် ဆောက်လုပ်မည့် မြေနေရာတွင် ဆောင်ရွက်မည့် အဆောက်အအုံ လေးလုံးရှိရာ
တစ်လုံးမှာ ကျူးကျော်တဲများ ရှိနေသောကြောင့် လျာထားသည့် သတ်မှတ်ရက်တွင် မပြီးနိုင်ကြောင်း လှိုင်သာယာစက်မှုမြို့
စီမံခန့်ခွဲမှု ကော်မတီမှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာဦးခင်မောင်ဦးက ပြောကြားသည်။
အဆိုပါ အိမ်ရာစီမံကိန်းရှိ တိုက်ခန်းများသည် စတီးလ် Structure အမျိုးအစားဖြစ်ပြီး အုတ်ကာ၊ သွပ်မိုး၊ ဖြစ်သည်။
တစ်ခန်းလျှင် ၁၈ ပေ ပတ်လည် ကျယ်ဝန်း၍ အမြင့်ကိုးပေနှင့် ၁၀ ပေကြားရှိပြီး ရေမီး အစုံအလင်ပါဝင်ကြောင်း သိရသည်။
လှိုင်သာယာစက်မှုမြို့ စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် ဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများ၏
လုပ်ငန်းရှင်များ တိုက်ခန်းလျှောက်ထားမှုအပေါ် လှိုင်သာယာစက်မှုဇုန်အတွက် တိုက်ခန်းပေါင်း ၄၈၀ အား အရစ်ကျ
ငါးရစ်ငွေပေးသွင်းစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအိမ်ရာစီမံကိန်းအား ငွေကျပ် ၃ ဒသမ ၂ ဘီလီယံ အကုန်အကျခံကာ တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့်
လာမည့် အောက်တိုဘာလတွင် အပြီးသတ် ဆောင်ရွက်နိုင်ရန် လျာထားကြောင်း ထပ်မံသိရသည်။
စက်ရုံလုပ်သားများအား အရစ်ကျပေးချေစနစ် သို့မဟုတ် အငှားစနစ်များဖြင့် သင့်တင့်လျောက်ပတ်အောင်
လုပ်ဆောင်ပေးသွားမည်ဖြစ်ရာ စက်ရုံလုပ်သားများ အဆင်ပြေလွယ်ကူသက်သာစွာ နေထိုင်ခွင့် ရရှိကြတော့မည် ဖြစ်သည်။
Credit: မြန်မာ့အလင်း