ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ခုနစ်ခု ကို ယခုမေလအတွင်းထပ်မံခွင့်ပြုပေးခဲ့ပြီး ယင်းအနက်
သီလ၀ါဆိပ်ခံတံတားဖွံ့ဖြိုးရေးဆောင်ရွက်ရန် လုပ်ငန်းတစ်ခုကို ခွင့်ပြုပေးခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန DICA က ထုတ်ပြန်လိုက်သည်။
ခွင့်ပြုလုပ်ငန်းများအနက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းနှစ်ခု၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခုနှင့်
ပြည်တွင်းပြည်ပ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုသုံးခုတို့ကို လုပ်ကိုင်ခွင့်ပေးခဲ့ပြီး မေလ ၁၈ ရက်ကပြုလုပ်ခဲ့သည့်
မြန်မာ့ရင်းနှီးမြှုပ်နှံကော်မရှင် (MIC) ၏ ၉/၂၀၁၅ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုလိုက်ကြောင်း
ထုတ်ပြန်ထားသည်။
သီလ၀ါဆိပ်ခံတံတားဖွံ့ဖြိုးရေးလုပ်ငန်း သည် ရာနှုန်းပြည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအဖြစ် Diamond sta
r ကုမ္ပဏီလီမိတက်က လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ သီလ၀ါမြေကွက် အမှတ် ၃၀ ရှိ မြေ ၃၇ ဧကကျော်နှင့်
ကပ်လျက် ရှိသော သီလ၀ါမြစ်ဘက်အခြမ်းမှ မြေ ၂၇ ဧကကျော်အတွက် လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်း လည်း
ဖြစ်သည်။
Diamond Star ကုမ္ပဏီ ပြန်ကြားရေး မန်နေဂျာ ဒေါ်မေ၀ါလွင်က "MIC ရဲ့ ခွင့်ပြု လိုင်စင်ကျပြီးသွားပြီဆိုတာတော့ဟုတ်ပါ တယ်။ ဒါပေမဲ့ ဘယလိုပုံစံတွေနဲ့လုပ်သွားမယ်ဆိုတဲ့အသေးစိတ်အချက်တွ မသိရသေး ပါဘူး"ဟုမြန်မာတိုင်း(မ်)ကို ပြောသည်။
Diamond Star ကုမ္ပဏီသည် သီလ၀ါဆိပ်ခံ တံတားကို ခေတ်မီဘက်စုံသုံး အပြည်ပြည် ဆိုင်ရာ ဆိပ်ခံတံတားအဖြစ်တည်ဆောက် ခြင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် B.O.T စနစ် (တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း စနစ်)ဖြင့်လုပ်ကိုင်ခွင့်ရခဲ့သည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ထို့အတူ ဓာတ်မြေဩဇာစက်ရုံ၊ ဂျုံစက်၊ ဆီကြိတ်ခြင်း၊ ဆန်နှင့် ကောက်ပဲသီးနှံကြိတ်ခွဲ ခြင်း စသည့်ကုန်ပစ္စည်းများ
ပြုပြင်ထုတ်လုပ် ခြင်းနှင့် ထုပ်ပိုးခြင်း လုပ်ငန်းများအတွက် ထပ်ဆင့် မြေငှားရမ်းလုပ်ကိုင်နိုင်ခွင့်ကိုလည်းလုပ်ကိုင်ခွင့်ရခဲ့သည်။
ပြည်တွင်းပြည်ပဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖက်စပ်လုပ်ငန်းသုံးခုတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်
ငါန်းဇွန်မြို့နယ်၌ သစ် အချောထည်ထုတ်လုပ်ရန်အတွက် Lotus Wood Industry ကုမ္ပဏီနှင့် နေပြည်တော်တွင်
တာယာထုတ်လုပ်ရန်အတွက် Grand Mart Holding ကုမ္ပဏီတို့ကို လုပ်ကိုင်ခွင့်ပေးခဲ့သည်။ ထို့အတူ ရန်ကုန်မြို့၊
ရွှေပြည်သာ စက်မှုဇုန်တွင် လက်ခစား CMP စနစ်ဖြင့် လုပ်ကိုင်မည့် လက်အိတ်အမျိုးမျိုးထုတ်လုပ် ခြင်းလုပ်ငန်းကို
GreatLuckyStarGarmentကုမ္ပဏီကလုပ်ကိုင်ခွင့်ရခဲ့သည်ဟု ထုတ်ပြန်ထားသည်။
DICA ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက "ကျနော်တို့ DICA ရဲ့ ရုံးအဖွဲ့ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ထားတယ်။
စိစစ်တဲ့အဖွဲ့ သီးခြားထားပြီးတော့ တိုင်းဒေသ ကြီးနဲ့ ပြည်နယ် အလိုက် DICA ရုံးခွဲတွေမှာ ထားပါတယ်။
ဒီအဖွဲ့တွေက ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ စည်းကမ်းလိုက်နာရဲ့ လားဆိုတာကို စိစစ်ဖို့ကို သေသေချာချာပြင်ဆင်ထားတာပါ" ဟု ပြောသည်။
ရာနှုန်းပြည့်နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု များတွင် Fulltex ကုမ္ပဏီနှင့် Reeblue Myanmar ကုမ္ပဏီနှစ်ခုကို
လက်ခစား CMP အထည်ချုပ်လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ရာနှုန်းပြည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု
အဖြစ် သီလ၀ါဆိပ်ခံတံတားလုပ်ငန်းအတွက် Diamond Star ကုမ္ပဏီနှင့်လက်ခစား CMP ပလတ်စတစ်လုပ်ငန်း
အတွက် ရန်ကုန် ပိုလီအိတ်ကုမ္ပဏီလီမိတက်ကို ပေးခဲ့သည် ဟု ဖော်ပြထားသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉၁၅ ခု ကို 'ကန်'ဒေါ်လာ ၅၆ ဘီလျံကျော် ခွင့်ပြု ထားပြီး နိုင်ငံသားရင်းနှီးမြှုပ်နှံမှု
လုပ်ငန်း ပေါင်း ၉၈၄ ခုကို ကျပ်ငွေ ၄,၅၆၅ ဘီလျံ ကျော် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားကြောင်း DICA က
ထုတ်ပြန်ထားသည်။
Credit: mmtimes