မြန်မာ့အိမ်ခြံမြေပန်းခင်းကို မြင်းစီး၍ကြည့်ခြင်း

မြန်မာ့အိမ်ခြံမြေပန်းခင်းကို မြင်းစီး၍ကြည့်ခြင်း - Property News in Myanmar from iMyanmarHouse.com
28 May 2015 12:13 pm တွင် တင်ခဲ့သည်
3578 ကြိမ် ကြည့်ရှု့ပြီး
၂ဝ၁၄နှစ်ကုန်ပိုင်းနှင့် ယခု ၂ဝ၁၅ နှစ်စအတွင်း မီဒီယာစာမျက်နှာအချို့တွင် အဆမတန်ကြီးထွားနေသည့် မြန်မာ့အိမ်ခြံမြေလောကမှာ အကျပိုင်းသို့ဦးတည်နေပြီဟု သုံးသပ်မှန်းဆချက်များ ထွက်ပေါ်လာခဲ့သည်။
'
အိမ်ခြံမြေပူဖောင်း ပေါက်ရန်အစပျိုးပြီ' ဟူ၍လည်းကောင်း၊'အိမ်ခြံမြေလောက နန်းကျတော့မည်'ဟု လည်း ကောင်း သုံးသပ်ရေးသားချက်များ ဖြစ်သည်။ ယင်းမှန်းဆချက်များ ထွက်လာခဲ့သည့်အကြောင်းရင်းမှာ
ယခုနှစ်အတွင်း တိုက်ခန်းနှင့်မြေကွက် အရောင်းအဝယ်များ အေးစက်စပြုလာခြင်းကြောင့်ဟု အကျိုးဆောင် များက ပြောဆိုနေကြသည်။

ထို့အပြင် ရန်ကုန်မြစ်ကူးတံတားထိုးရန် စီစဉ်ခဲ့သည့် ဒလတစ်ဖက်ကမ်းမှမြေကွက် များ၊ ရန်ကုန်မြို့သစ်စီမံကိန်းပြုလုပ်ရန် လျာထားခဲ့သည့် ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ မြေကွက်များ၊ ဟံသာဝတီလေဆိပ်စီမံကိန်းအတွက် သတ်မှတ်လျာထားသည့် ပဲခူးမြို့အ၀င် ဥသာမြို့သစ်မှ မြေကွက်များ အစရှိသည့် စီမံကိန်းမြေများကို အမြင့်ဈေးဖြင့်ဝယ်ယူခဲ့သူများမှာ စီမံကိန်းများအကောင်အထည်မပေါ်သော ကြောင့် ဈေးကြီးကြီးနှင့် ပိုက်ဘောမိသွားခဲ့ကြသည့်အတွက် နောက်ထပ် မြေလောကတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ရန် မဝံ့ရဲပဲ စောင့်ကြည့်နေကြသည့်အနေအထားသို့သာ ရောက်သွားခဲ့သည့် အဖြစ်များလည်း ရှိနေသည်။

အိမ်ခြံမြေအရောင်းအဝယ်များမှာ ၂ဝ၁၄ခုနှစ်နှစ်ကုန်ပိုင်းမှ စတင်ကာ အေးစက်လာခဲ့ကြောင်း၊ ယင်းသို့ ဈေးကွက်အေးစက်လာခဲ့ခြင်းမှာ ယခုနှစ်အတွင်းပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်နေကြ ခြင်းကြောင့်ဖြစ်ပြီး နိုင်ငံရေးအပြောင်းအလဲများကြောင့်အိမ်ခြံမြေကဏ္ဍကို ရိုက်ခတ်မှုများရှိနိုင်ကြောင်း မြန်မာ နိုင်ငံ အိမ်ခြံမြေအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ဖူးသည်။ လက်ရှိ မြန်မာ့အိမ်ခြံမြေဈေးကွက်အခြေအနေ မှာ မကြာမီဖြစ်လာမည့် နိုင်ငံရေး၊စီးပွားရေး အပြောင်းအလဲများကြောင့် အချိုးအကွေ့အပြောင်းအလဲတစ်ခုသို့ ရောက်သွားနိုင်ခြင်း ရှိ၊ မရှိ မှာမူ စောင့်ကြည့်မှသာလျှင်သိနိုင်မည်ဖြစ်သည်။

သို့သော် ဖြစ်လာနိုင်ခြေရှိသည့် နိုင်ငံရေး၊ စီးပွားရေးဖြစ်စဉ်များသည် လက်ရှိအိမ်ခြံမြေဈေးကွက်ကို မောင်းနှင်နေသည့် အင်ဂျင်များဖြစ်သော ရင်းနှီးမြှုပ်နှံရန်အခွင့်အလမ်းရှားပါးမှု၊ ငွေမည်းများဖြင့် အိမ်ခြံမြေ ဝယ်ယူနေမှုနှင့် မြို့ပြအိမ်ရာလိုအပ်ချက်မြင့်တက်နေမှု စသည့်အချက်များအပေါ်တွင် ထိရောက်သည့်သက် ရောက်မှုများ ဖြစ်မှသာ ဈေးကွက်အချိုးအကွေ့တစ်ရပ်ဖြစ်လာနိုင်မည်ဖြစ်သည်။ နှစ်ပေါင်းများစွာ စီးပွားရေး နောက်ကျကျန်ခဲ့သည့်နိုင်ငံဖြစ်သည့်အလျောက် ရင်းနှီးမြှုပ်နှံမှုများလုပ်ကိုင်ရန် စီးပွားရေးကဏ္ဍများစွာ မရှိ ခြင်းက အိမ်ခြံမြေ ကဏ္ဍတွင် ငွေများမြှုပ်နှံကြရန် တွန်းအားဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်ခဲ့ သည်။

တစ်ချိန်ကမူ အိမ်ခြံမြေလောကနှင့်အပြိုင် ကားလောက၊ ရွှေလောကတို့တွင် ငွေကြေးကစားမှုများ ရှိခဲ့ သော်လည်း အစိုးရသစ်လက်ထက် ကားတင်သွင်းမှုနှင့်ပတ်သက်သည့် မူဝါဒအပြောင်းအလဲ ပြုလုပ်ခဲ့အပြီးတွင် အိမ်ခြံမြေကဏ္ဍသာ ကျန်ရှိခဲ့ရာမှ အိမ်ခြံမြေဈေးနှုန်းများလည်း အဆမတန်မြင့်တက်လာခဲ့သည်။ အစိုးရ စီမံကိန်း ပရောဂျက် ကြီးကြီးများ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် အကွက်အကွင်းကောင်းသည့် နေရာများ၊ စက်မှုဇုန်နေရာများတွင် လက်ဝါးကြီးအုပ် မြေဝယ်ယူကာ ဈေးကစားမှုများကြောင့် မြေဈေးနှုန်းများ တိုးမြင့်လာ ရသည်။ ယင်းသို့ တိုးမြင့်လာရခြင်းမှာ ဈေးကွက်လိုအပ်ချက်အရတိုးမြင့်လာခြင်းမဟုတ်ဘဲ ပုံပျက်ပန်းပျက်ဖြင့် ထိုးထွက်လာသည့် ဈေးကွက်ပုံစံဖြစ်လာခဲ့သည်။ လက်ရှိအနေအထားကို ကြည့်လျှင်လည်း ဈေးကွက်အလှုပ် အယမ်းများ ဖြစ်ပေါ်နေသည့် နေရာများမှာ အကွက်အကွင်းကောင်းသည့် မြို့လယ်နေရာများမဟုတ်ဘဲ စီမံကိန်းများရှိနေသည့် နေရာများသာ ဖြစ်နေသေးသည်ကို တွေ့နိုင်ပါသည်။

နောက်တစ်ခုက ငွေမည်းခ၀ါချခြင်းကိစ္စ။ အိမ်ခြံမြေကဏ္ဍမှရင်းနှီးမြှုပ်နှံမှုများကို ချိန်ထိုးကြည့်လျှင် တရားမဝင်လုပ်ငန်းအမျိုးမျိုးမှ ရရှိသည့်ငွေမည်းများကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ တရားမဝင်ငွေများ ဖြင့် အိမ်ခြံမြေများကို ဝယ်ယူကာ သတ်မှတ်ထားသည့်အခွန်ပေးဆောင်လိုက်ရုံဖြင့် တရားဝင်ငွေဖြူဖြစ်သွားနိုင် သည်က အိမ်ခြံမြေဈေးနှုန်းမြင့်တက်စေသည့်အကြောင်းရင်း ဖြစ်စေရုံမကဘဲ ငွေကြေးကိုအရင်းအနှီးပြုလျက် ဈေးကစားသူ ငွေရှင်များအတွက် အိမ်ခြံမြေကဏ္ဍ၏အားသာချက်ဟုပင် ဆိုနိုင်သည်။ ယင်းအားသာချက်များကို အခြားသောစီးပွားရေးကဏ္ဍများမှ ရနိုင်လိမ့်မည်မဟုတ်ပါ။

ထို့ကြောင့် ငွေမည်းသမားများအဖို့ အခြားသော စီးပွားရေးလုပ်ငန်းကဏ္ဍများထက် အိမ်ခြံမြေကဏ္ဍတွင်သာ လုပ်ကိုင်ကြမည့် အနေအထားလည်း ရှိနေသည်။လက်ရှိ အသက်ဝင်နေသည့် အိမ်ခြံမြေဝယ်ယူခြင်းဆိုင်ရာ အခွန်ဥပဒေကလည်း ငွေမည်းများကို အိမ်ခြံမြေကဏ္ဍသို့ စီးဝင်စေရန်အတွက် လမ်းခင်းထားသကဲ့ဖြစ်နေသည်။ ၁၉၇၆အမြတ်ခွန်စနစ်အရ အိမ်ခြံ မြေ ရောင်းဝယ်ရာတွင် ဝင်ငွေရလမ်း မဖော်ပြနိုင်လျှင် အခွန် ၅ဝ ရာခိုင်နှုန်း ပေးဆောင်ရမည့်စနစ်မှ ၂ဝဝ၇ ခုနှစ်တွင် ဝင်ငွေရလမ်း မဖော်ပြနိုင်လျှင်လည်း ဝယ်ယူသူက ၁၅ ရာခိုင်နှုန်း၊ ရောင်းသူက ၁ဝ ရာခိုင်နှုန်း ပေးဆောင်ရသည့်စနစ်သို့ပြောင်းလဲခဲ့ပြီး နောက်ပိုင်း အိမ်ခြံမြေဈေးနှုန်းများ ထောင်တက်လာခဲ့သည်

ပြီးခဲ့ သည့် ၂ဝ၁၂ခုနှစ် သြဂုတ်လက ဝင်ငွေရလမ်း မဖော်ပြနိုင်လျှင် အခွန် ၃၇ ရာခိုင်နှုန်း ပေးဆောင်ရမည့်စနစ်ကို ပြောင်းလဲခဲ့သော်လည်း အိမ်ခြံမြေဈေးနှုန်းများ တည်ငြိမ်မှုမရှိခဲ့ပါ။တရားမဝင် ငွေမည်းပမာဏ များပြားနေသည့် အတွက် ငွေမည်းကိုင်ဆောင်ထားသူများက ၃၇ရာခိုင်နှုန်း အခွန်ပေးဆောင်လျှင် ငွေဖြူဖြစ်သည့် အခွင့်အလမ်း ကြောင့် အိမ်ခြံမြေဈေးကွက်ကို ငွေမည်းများဖြင့်ဝယ်ယူမှု များလာရာမှ အိမ်ခြံမြေဈေး ဆပွားတိုးတက်လာခြင်း ဖြစ်သည်။ တရားဝင်ငွေဖြူများထက် တရားမဝင်ငွေမည်းများက ပိုမိုများနိုင်သည်ဟု ခန့်မှန်းနေကြသည့် မြန်မာ နိုင်ငံတွင် အိမ်ခြံမြေကဏ္ဍအတွင်း ရင်းနှီးမြှပ်နှံလိုက်ရုံဖြင့် ငွေကြေးခဝါချပြီးဖြစ်သွားစေသောကြောင့် ယင်း အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှပ်နှံမှုများ အဆမတန်မြင့်လာခြင်းဖြစ်သည်။ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကမူ ငွေမည်းများဖြင့် အိမ်ခြံမြေဝယ်ယူခွင့်ပြုထားခြင်းမှာ အခွန်ဥပဒေအရ အခွန် ဆောင်ပြီး ဝယ်ယူနိုင်ကြောင်း အသိအမှတ်ပြုခြင်းသာဖြစ်ပြီး ဝယ်ယူလိုက်သည့်ငွေများကို တရားဝင်ငွေဖြူ အဖြစ် သတ်မှတ်နိုင်ခြင်း မရှိကြောင်း ပြောကြားထားသည်။

ကျေးလက်ဒေသများတွင် လယ်ယာစိုက်ပျိုးရေး မထွန်းကားမှု၊ မြေယာသိမ်းဆည်းခံရမှု ပဋိပက္ခများ ကြောင့် ကျေးလက်နေလူအများစုမှာ ဒေသကိုစွန့်ခွာပြီး မြို့ပြများသို့ ပြောင်းရွှေ့မှု များပြားလာခဲ့သည်။ ရှေ့ပြေး လူဦးရေစာရင်းအရ မြန်မာနိုင်ငံတွင် လူပေါင်း ၅၁ သန်းခန့် ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ ခုနစ် သန်းကျော်ရှိရာ မြန်မာနိုင်ငံလူဦးရေ၏ ခုနှစ်ပုံတစ်ပုံကျော်အထိ ရှိနေသည်။ နေပြည်တော်၊ မန္တလေး စသည့် မြို့ကြီးများတွင်လည်း လူဦးရေများစွာရှိနေသည်။ ယင်းကဲ့သို့ မြို့ပြလူဦးရေ ထူထပ်လာခြင်းနှင့်အတူ နေထိုင် ရန် တိုက်တာအဆောက်အအုံလိုအပ်ချက်များ မြင့်တက်လာသည်။ ရန်ကုန်မြို့တွင် နှစ်စဉ် အိမ်ရာလိုအပ်ချက် မှာ ၂၅ဝဝဝ ဝန်းကျင်အထိဖြစ်သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အကြံပေးပုဂိုလ်တစ်ဦး က ခန့်မှန်းခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၅၃ ခုနှစ်က စိုက်ပျိုးမြေဧက ၂၁ သန်းခန့် ရှိခဲ့ပြီး ကျေးလက်လူဦးရေ ၁၅ သန်းခန့် ရှိခဲ့သည်။ လူဦးရေနှင့် မြေအချိုးအစားကို အချိုးချကြည့်ပါက လူတစ်ဦးလျှင် မြေ ၁ ဒသမ ၄ ဧက ပိုင်ဆိုင်သည် ကို တွေ့နိုင်သည်။ ၂ဝဝ၃ ခုနှစ်တွင်မူ ကျေးလက်လူဦးရေမှာ ၃၉ သန်းခန့်အထိ တိုးပွားလာခဲ့သော်လည်း စိုက်ပျိုးမြေဧရိယာ ချဲ့ထွင်နိုင်မှုမှာ လွန်စွာနည်းပါးခဲ့ပြီး ဧက၂၆ သန်း အထိသာ ရှိခဲ့သည်။ လူတစ်ဦးလျှင် မြေ သုည ဒသမ ၆၇ ဧကသာ ပိုင်ဆိုင်နိုင်တော့သည့်အနေအထားအထိ ရောက်လာခဲ့သည်ကို အစိုးရ၏ တရားဝင် စာရင်းများအရ သိရသည်။ ထို့ကြောင့် ကျေးလက်စီးပွားရေးကို အောင်မြင်ရန်မစွမ်းဆောင်နိုင်လျှင် မြို့ပြလူဦး ရေနှင့် မြို့ပြအိမ်ရာလိုအပ်ချက်များမှာ ဆက်လက်မြင့်တက်နိုင်သည့်အနေအထားတွင် ရှိနေသည်။

နိုင်ငံ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းရှိသော ကျေးလက်ဒေသရှိတောင်သူများသည် လယ်ယာစီးပွားရေး မအောင်မြင်မှု ကြောင့် မြို့ပြဒေသများသို့ မဖြစ်မနေပြောင်းရွေ့လာကြရင်း ကိုယ်ရရှိသောလုပ်ငန်းခွင်နှင့် နီးစပ်ရာနေရာများ တွင် တရားမ၀င် ၀င်ရောက်နေထိုင်ကြရာမှ အရှင်လတ်လတ် ကျူးကျော်နေထိုင်သူဘ၀ ရောက်လာကြသည်။
အကယ်၍သာ ကျေးလက်ဒေသများတွင် စီးပွားရေးအခွင့်အလမ်းကောင်းလာပါက သူတို့သည် မြို့ပြ တွင် ကျူးကျော်ဘ၀ဖြင့် ကျီးလန့်စာစား လာရောက်နေထိုင်ကြမည်မဟုတ်။ သည်တော့ မြို့ပြလူဦးရေတိုးပွား လာမှုကလည်း မြို့ပြမွန်းကျပ်မှုနှင့်အတူ အိမ်ရာလိုအပ်ချက်မြင့်တက်လာစေခြင်းသာမက အိမ်ခြံမြေဈေးများ တိုးမြင့်လာစေမှုအတွက် အကြောင်းတစ်ရပ်ဖြစ်နေသည်။

တကယ်တော့ ပေါက်ပင်ဘာကြောင့်ကိုင်းရတယ် ဟူသော ကလေးကဗျာကဲ့သို့ မြန်မာ့အိမ်ခြံမြေဈေးများ အတက်ဘက်သို့သာဦးတည်နေခြင်း၊ မြို့ပြနေလူတန်း စားများ အိမ်ရာပိုင်ဆိုင်မှု လျော့နည်းလာခြင်း၊ ငွေကြေးကစားသူများလက်ဝယ်တွင်သာ မြေကွက်လွတ်များစွာ လက်ကိုင်ရှိနေခြင်း စသည်တို့သည် တည်ငြိမ်မှုမရှိသော နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကြောင့်သာဖြစ် ကြောင်း လယ်ပြင်တွင်ဆင်သွားသကဲ့သို့ ထင်ရှားနေသည်။ ထိုအချက်များ လိပ်ပတ်လည်အောင် ခရေစေ့တွင်း ကျ လေ့လာတင်ပြရလျှင် ဆောင်းပါးတစ်ပုဒ်၊ စာတစ်ပုဒ်နှင့် ပြည့်စုံနိုင်မည်မဟုတ်။ ပိဋကတ်သုံးပုံကို စာကြောင်းရေငါးဆယ်ခန့်ဖြင့်ရေးပါ ဟူသော မေးခွန်းမျိုး ဖြစ်သွားနိုင်သည်။ ထို့ကြောင့်လည်း မိမိကျင်လည် တွေ့မြင်နေရသမျှ မြန်မာ့အိမ်ခြံမြေပန်းခင်းကို မြင်းစီး၍လျှပ်တစ်ပြက်အမြင်ဖြင့်ရှုကြည့်လိုက်ရခြင်းဖြစ်ပါ ကြောင်း။

ဟိန်းသစ် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service